Saturday, September 27, 2014

မြဝတီမြို့တွင် အစိုးရတပ်နှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက လက်အောက်ခံတပ်များထိန်းသိမ်းရန် ဒီကေဘီအေသို့ သတိပေးစာပို့


တိုက်ပွဲဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ခန့်)

မြဝတီမြို့တွင် အစိုးရ တပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ စက်တင်ဘာ ၂၇ ရက် နေ့လယ် က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။

မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်၊ မင်းပဒုံမာဝင်းရှေ့၊ အာရှလမ်းမကြီးဘေးတွင် အစိုးရ တပ် ခလရ (၂၄) နှင့် DKBA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခြေအနေပြန်လည်ငြိမ်သက် သွားပြီဖြစ်ကြောင်း နယ်ခြား စောင့်တပ်ရင်း (BGF) မှ ဗိုလ်မှူး သိန်းဇော်မင်းက စက်တင်ဘာ ၂၇ ရက် ညနေတွင် ပြောသည်။‘‘ခလရ (၂၄) ယာဉ်တန်းဝင် လာတာကို DKBA ကပစ်လို့ စဖြစ်တာပါ။ တပ်က နှစ်ယောက်ဒဏ် ရာစိုးရိမ်ရတယ်’’ဟု ဗိုလ်မှူးသိန်း ဇော်မင်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဈေးဆိုင်များစော၍ ပိတ်ခဲ့ပြီး မြို့တွင် အဓိကဈေးဖြစ်သော ဘုရင့်နောင်ဈေးကြီးနှင့် စာသင် ကျောင်းများလည်း ပိတ်ထားကာ တစ်မြို့လုံး တိတ်ဆိတ်နေ ကြောင်း မြဝတီဒေသခံများက ပြောသည်။ သို့သော် နယ်စပ်တံတားကိုမူ ဖွင့် ထားသည်။

ထို့အပြင် အာရှလမ်းမကြီး ကို ခေတ္တပိတ်ထားပြီး DKBA ဆုတ်ခွာသွားသဖြင့် အခြေအနေ ပြန်လည်ငြိမ်သက်နေပြီ ဖြစ်ကြောင်း ဗိုလ်မှူး သိန်းဇော်မင်းက ပြောသည်။ ထိုအခြေအနေများကြောင့် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ် ချုပ်ကြီး ခင်ဇော်ဦး (ကစထမှူး) က DKBA အဖွဲ့အနေဖြင့် မိမိတို့ လက်အောက်ခံတပ်များအား ထိန်းသိမ်းရန် သတိပေးစာပေးပို့ ထားကြောင်း သတင်းရရှိသည်။

‘‘ကိုယ့်လူကိုယ်ထိန်းဖို့ပြော တဲ့သဘောပါ’’ ဟု မွန်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဌေး မြင့်အောင်က ပြောသည်။

မြ၀တီမြို့တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် အခြားဒေသများ မှ လာရောက်အလုပ်လုပ်ကိုင်သူ အချို့ ပြန်သွားကြောင်း သတင်း ရရှိသည်။

‘‘တိုက်ပွဲဖြစ်တယ်ဆိုတော့ နေ့လယ်လောက်မှာ ကျောင်း သားတွေကို ပြန်လွှတ်လိုက် တယ်။ ကျောင်းပိတ်လိုက်တဲ့ သဘော’’ ဟု ကျောင်းသား မိဘ တစ်ဦးဖြစ်သူ မြ၀တီမြို့ခံ ဦးစိန် ကိုကပြောသည်။

‘‘မြို့ခံတွေကတော့ သတိရှိ သွားကြတယ်။ ဘာဆက်ဖြစ်မလဲ ပေါ့’’ဟု ၎င်းက ဆိုသည်။ ထို့ပြင်ညနေ ၆ နာရီခန့်တွင် စစ်တပ်ကိုလက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ဒဏ်ရာရရှိသူမရှိကြောင်း သတင်းရရှိသည်။

အစိုးရစစ်တပ်နှင့် DKBA တို့မှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်ကနိုင်ကျေးရွာတွင် စက်တင်ဘာ ၂၆ ရက်၌ တိုက်ပွဲများဖြစ်ပွားသည်။ တိုက်ပွဲများဖြစ်ပွားရခြင်းမှာ တားမြစ်နယ်မြေအတွင်း ၀င်ရောက်လာသော DKBA တပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မ၀င်ရောက်ရန် တားမြစ်ခဲ့သော်လည်းမရ၍ တပ်မတော်က စက်တင်ဘာ ၂၆ရက်တွင် သွားရောက်ဆွေးနွေးရာ ဆွေးနွေးသည့် အဖွဲ့ကို ပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ ဗိုလ်မှူးတစ်ဦးနှင့် တပ်သားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ဌေးမြင့်အောင်ကဆိုသည်။

တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ DKBA ဗျူဟာမှူးဗိုလ်မှူးကြီးစောဆန်းအောင်က ‘‘သူတို့ဘက်ကရန်သူလို ဆက်ဆံတော့ ပြန်ပြီးတုံ့ပြန်လို့ဖြစ်တာ’’ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် DKBA ကအစိုးရတပ်နှင့် လုံခြုံရေးတပ်တို့ကို တိုက်ခိုက်ခဲ့ဖူးသည်။

ထို့နောက် အစိုးရနှင့် ပြန် လည်ညှိနှိုင်းခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် အပစ်အ ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ ပြီး ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့သည်။

လက်ရှိတွင် မြ၀တီမြို့နှင့် ဘားအံမြို့များတွင် ဆက်ဆံရေး ရုံးများဖွင့်လှစ်ထားပြီး မြန်မာ့ တပ်မတော်နှင့် ၂၀၁၂ ခုနှစ်တွင် တိုက်ပွဲတစ်ကြိမ်၊ ၂၀၁၃ ခုနှစ် တွင် တိုက်ပွဲငယ် လေးကြိမ်ဖြစ် ပွားခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်း အစိုးရနှင့် ဆက်ဆံရေး တိုးတက်မှုများရှိလာသော်လည်း စက်တင်ဘာ ၁၈ ရက်တွင် မြ၀တီမြို့၌ DKBA တပ်ဖွဲ့ဝင်အချို့နှင့် အစိုးရတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBA ဘက်မှ နှစ်ဦးကျဆုံးသွားခဲ့သည်။

မြ၀တီမြို့ပေါ်တွင် စက်တင် ဘာ ၁၈ ရက်ညက ရပ်ထားသော ကား လေးစီးခန့်ကို တိုက်ခဲ့ သော DKBA တပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့် ကားကို ပူး ပေါင်းလုံခြုံရေးအဖွဲ့က စစ်ဆေး ရန် ဟန့်တားရာလက်မခံဘဲ သေ နတ်ဆွဲထုတ်သဖြင့် ပစ်ခတ်ခဲ့ရာ DKBA ဘက်မှ အရာရှိတစ်ဦးနှင့် ရဲဘော်တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နှစ်ဖက်တင်းမာမှုများ စတင်ခဲ့ပြီး ယခုကဲ့သို့ တိုက်ပွဲများဖြစ်လာရခြင်းဖြစ်သည်။

မြ၀တီမြို့၌ ဖြစ်ပွားခဲ့ သော ဖြစ်စဉ်တွင် DKBA တပ်ဖွဲ့ဝင်များအနေဖြင့် မှားယွင်းခဲ့သော်လည်း အစိုးရဘက်မှ အင်အားသုံး ဖြေရှင်းခြင်းမျိုးမပြုလုပ်ဘဲ တရားဥပဒေအရသာ အရေးယူသင့်ကြောင်း DKBA ဘက်မှ ပြော ကြားခဲ့သည်။

DKBA နှင့် အစိုးရတပ်မ တော်ကြား တိုက်ပွဲများ ဖြစ်ပွား လာပြီး တင်းမာမှုများ ရှိနေချိန် တွင် KNU/KNLA(PC) အဖွဲ့မှ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး က ကရင်ပြည်နယ်အတွင်း အစိုးရတပ်များမ၀င်ရောက်ရန် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါထုတ်ပြန် ချက်မှာ KNU/KNLA(PC) နှင့် မဆိုင်ကြောင်း ဌာနချုပ်မှ ပြန် လည်ရှင်းလင်းခဲ့သည်။ ထို့ကြောင့်ကရင်ပြည်နယ်အတွင်းရှိလက် နက်ကိုင်အဖွဲ့အစည်းများနှင့် မြန် မာ့တပ်မတော်တို့ကြားဆက်ဆံ ရေးမှာ ပုံမှန်အနေအထားမဟုတ် တော့ဘဲ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုပြန်လည်ပျောက်ဆုံးကာ သံသယများ ရှိလာသည့်အနေအထားဖြစ်လာခဲ့သည်။

သို့သော် ကရင်ပြည်နယ် အတွင်း အဓိက လက်နက်ကိုင် အင်အားစုကြီးဖြစ်သော KNU နှင့်မူ ဆက်ဆံရေးမှာ ပုံမှန်အနေ အထားသာဖြစ်သည်။ သို့သော် စက်တင်ဘာ လဆန်းပိုင်းတွင် KNU တပ်မဟာနယ်မြေ၌ တပ်မတော်နှင့် KNU တို့ကြား ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့သည်။

‘‘ဆက်တိုက် ဖြစ်နေတော့ ယုံကြည်မှုက ထိခိုက်လာတယ်။ အများကြီး သံသယတွေပွားများ လာတယ်’’ ဟု လက်ရှိကရင်ပြည် နယ်အတွင်း လက်နက်ကိုင်အင် အားစုများနှင့် မြန်မာ့တပ်မတော် ကြား အခြေအနေကို KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က သုံးသပ်သည်။

‘‘အစိုးရက ဒါကိုပြန်တုံ့ပြန် မယ်ဆိုရင် ငြိမ်းချမ်းရေးကို အများကြီး ထိခိုက်နိုင်တယ်’’ ဟုလည်း ၎င်းကဆိုသည်။


7Day Daily

0 comments:

Post a Comment