Monday, September 29, 2014

ပယင်းမှော်တွင် KIA အဖွဲ့မှ မူးယစ်ဆေးသုံးစွဲသည်ဟု အကြောင်းပြပြီး လူ(၄၀)ကျော်ဖမ်းဆီးသွား


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် မှော်လုပ်သားအဖြစ်လုပ် ကိုင်နေသော မှော် သူ မှော် သား လူငယ်များ အား စက်တင်ဘာ ၂၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ေ ဆာင် သွားကြောင်း သတင်းရရှိသည်။ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော သူများမှာ ပယင်းမှော်ဒေသအပါအ၀င် ညောင်ပင်းကုန်းမှော်၊ ပိန္နဲကုန်းမှော်၊ ချမ်းသာကုန်းမှော နဂါးအိုင်မှော်၊ ဖီးဖြူကုန်းမှော်များတွင် လုပ်ကိုင်နေသော လုပ်သားများဖြစ်ပြီး ၄င်းတို့အား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြုပြပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကျောက်လုပ် ငန်းရှင်တစ်ဦးမှ ပြောကြားခဲ့ပါသည်။ ၄င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်မှာ လူငယ်လူလတ်ပိုင်း များကိုသာ ရွေး၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

KIA အဖွဲ့အား ၄င်းနယ်မြေတွင်း သတ္တု၊ ရွှေတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရန် လစဉ်ကြေးနှင့် နှစ် စဉ်ကြေး များပေးဆောင်နေရသော်လည်း ယခုလို ဖမ်းဆီးခေါ်ဆောင် လူသစ် စုဆောင်းခြင်းမျိုး အား မလုပ်သင့်ကြောင်း၊ လိုင်းစင်ကြေးပေးဆောင်လုပ်ဆောင်သည့် လူများအား ဖမ်းဆီးလူသစ်စုဆောင်းသွား သည့်အတွက် လုပ်ငန်း ရှင်များအနေဖြင့် နှစ်နာနေရကြောင်း ဟုတနိုင်း မြို့ခံကျောက်လုပ်ငန်း ရှင်တစ်ဦး က ပြောကြားသွားခဲ့သည်။

Channelnewsmyanmar

0 comments:

Post a Comment