Tuesday, September 30, 2014

တယ်လီနောဖြင့် ငါးနိုင်ငံသို့သာ ဖုန်းခေါ်ဆိုနိုင်သေး


တယ်လီနောဆင်းမ်ကတ်များ စတင်ရောင်းချနေစဉ် (ဓာတ်ပုံ - အေးမွန်ရာပြည့်)

တယ်လီနောဆင်းမ် ကတ်အသုံးပြုသူများ ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု(Roaming Service) ကို အသုံးပြုလိုပါက ကနဦးအနေဖြင့် ငါးနိုင်ငံကိုသာ အပြန်အလှန်ခေါ်ဆိုမှုပြုလုပ်နိုင်ဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။‘‘တယ်လီနောဆင်းမ်ကတ် တွေမှာ Roaming ၀န်ဆောင်မှု က တစ်ခါတည်း ပါပြီးသားပါ။ လက်ရှိမှာတော့ ငါးနိုင်ငံကို အ ပြန်အလှန်ခေါ်ဆိုမှုတွေ ပြုလုပ် နိုင်မှာဖြစ်ပြီး နောက်ထပ်နိုင်ငံ တွေကိုလည်း ထပ်ပြီးတိုးချဲ့သွားဖို့လုပ်နေပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြော သည်။

တယ်လီနော အနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာ၂၇ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ပြည်တွင်းဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်၊ SMSပေးပို့ခ အနေဖြင့် တစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ယူလျက် ရှိ သော်လည်း ပြည်ပသို့ ဖုန်းခေါ် ဆိုသည့် Roaming ၀န်ဆောင်မှု နှင့် ပတ်သက်သည့်ဖုန်းခေါ်ဆိုခ နှင့် SMS ပို့ခနှုန်းထားများကို အတိအကျထုတ်ပြန်ခြင်းမရှိသေး ဘဲ ၎င်းတို့၏၀က်ဘ်ဆိုက်တွင် တင် ပေးသွားမည်ဟုသာ ပြောကြား ထားသည်။

တယ်လီနောမှ ပြည်ပသို့ အပြန်အလှန်ခေါ်ဆိုနိုင်မည့် နိုင်ငံ များမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံ တို့ဖြစ်ကြောင်းသတင်းရရှိသည်။

လက်ရှိတွင် အစိုးရအော်ပ ရေတာဖြစ်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် GSM နှင့် WCDMA ဖုန်းများကို နိုင်ငံ ပေါင်း ၃၁ နိုင်ငံသို့ သယ်ယူအသုံး ပြုနိုင် သည့် Outbound Roaming ၀န် ဆောင်မှုနှင့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ မိုဘိုင်းဖုန်းများကို ပြည် တွင်းသို့ သယ်ယူအသုံးပြုနိုင် သည့် Inbound Roaming ၀န် ဆောင်မှုများပေးလျက်ရှိသည်။


7Day Daily

0 comments:

Post a Comment