Wednesday, September 24, 2014

အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲ MRTV တိုက်ရိုက်ပြမယ်


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမယ့် အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲ တွေကို မြန်မာရုပ်မြင်သံကြား (MRTV) က တိုက်ရိုက်ပြမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ဘောလုံးကွင်းတွေမှာ လာကြည့်လိုသူတွေ အတွက် အထူးတန်းလက်မှတ် တစ်စောင်ကို ကျပ်ငါးထောင်၊ ရိုးရိုးတန်းလက်မှတ် တစ်စောင်ကို ကျပ်နှစ်ထောင် ရောင်းပေးမှာဖြစ်ပြီး လက်မှတ်ရောင်းပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ စက်တင်ဘာ လကုန်ပိုင်းမှာ ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးစိုးမိုးကျော်က ဆိုပါတယ်။အုပ်စု(က)နဲ့ အုပ်စု(ခ) ပွဲစဉ်တွေကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၊ အုပ်စု(ဂ)နဲ့ အုပ်စု(ဃ) ပွဲစဉ်တွေကို နေပြည်တော် ဝဏ္ဏသိဒ္ဒိ အားကစားကွင်းနဲ့ ဇေယျာသီရိ အားကစားကွင်းတွေမှာ ကျင်းပမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မြန်မာယူ ၁၉ အသင်းဟာ အုပ်စု (က) မှာ ထိုင်း၊ ယီမင်၊ အီရန်အသင်း တွေနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျက အနိမ့်ဆုံး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

မြန်မာယူ-၁၉ ဘောလုံးအသင်းရဲ့ အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ယီမင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

The Voice Weekly

0 comments:

Post a Comment