Thursday, September 25, 2014

တပ်မြေကို လိုသည်ထက်ပိုသုံးထား၍ ဒေသခံများနစ်နာ


ကျောင်းသို့သွားရန် အန္တရာယ်ကြီးစွာ အုတ်တံတိုင်းကျော်တက်နေသော ကျောင်းသား၊ ကျောင်းသူလေးများ (ဓာတ်ပုံ - စုစုနွေးဖေ့စ်ဘွတ်ခ်)

ပဲခူးမြို့နယ် သာယာ ကုန်းကျေးရွာအုပ်စုအတွင်းကျေးရွာရှစ်ရွာရှိ လယ်မြေဧက ငါးထောင်ကျော်ကို အမှတ်(၂) ခဲယမ်းမီးကျောက်တပ်ကသိမ်းယူ ထားခြင်းမှာ တပ်မတော်မှလိုအပ် ချက်ထက်ကျော်လွန်အသုံးပြု ခြင်းဖြစ်၍ နစ်နာနေရကြောင်းပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်ဦးကပြော သည်။‘‘တကယ်လိုအပ်ချက်ထက် ကျော်ပြီး အသုံးပြုထားတာကို တွေ့ရတယ်။ ခဲယမ်းမီးကျောက် တပ်က ဂိုဒေါင်တစ်ခုနဲ့တစ်ခု ကွဲ တတ်လို့ ဝေးဝေးထားရတယ်လေ။လက်ရှိယူထားတဲ့မြေတွေအပေါ် အစားပေးတာ၊ လျော်ကြေးပေး တာတွေကိုတော့ လုပ်ပေးဖို့လို တယ်’’ဟု ၎င်းကဆိုသည်။

လယ်မြေများပြန်မရသည့် အပြင် လက်ရှိနေထိုင်သောကျေး ရွာလုံးကျွတ်ကိုတပ်က အုတ်တံ တိုင်းကာလိုက်သည့်အတွက် အမျိုးသမီးများနှင့်ကလေးငယ် များသာမက ကျောင်းသား၊ ကျောင်းသူများပါ အုတ်တံတိုင်း စည်းရိုးကို ဝါးလှေကားဖြင့်ခက် ခက်ခဲခဲကျော်ဖြတ်သွားလာနေရ ၍လယ်သမားများက လယ်သမားအရေးဆောင်ရွက်နေသူများ၏ အကူအညီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဥပဒေအရဆောင်ရွက်ပေး ဖို့အတွက် တပ်ကရုံးအထိသွား ရောက်ညှိနှိုင်းတာတွေလုပ် တယ်။ဒါကိုလက်ခံဘူး။ ညှိညှိနှိုင်းနှိုင်းလုပ်ရင် အောက်ခြေမှာ တင်ပြီးပါတယ်။ တပ်ဘက်က ဒါကိုလက်မခံလို့ ကာချုပ်ထံကို စာတင်သွားမှာပါ’’ဟု တောင်သူလယ်သမားသမဂ္ဂတာဝန်ခံ ဒေါ်စုစုနွေးကပြောသည်။

အဆိုပါကို အမှတ် (၂)ခဲ ယမ်းမီးကျောက်တပ်သို့ ဒေသရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လယ်သမားများ နှင့် လယ်သမားအရေးဆောင်ရွက်ကြသူများက သွားရောက်တွေ့ဆုံညှိနှိုင်းမှုများရှိခဲ့သည်။ လယ်သမားများကအုတ်တံတိုင်းခတ်ပါက နေအိမ်များကို အလွတ်ထားပေးရန်၊ အုတ်တံတိုင်းအတွင်း ရှိ လယ်မြေများကိုဆက်လက် လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်များကို လက်မခံဘဲ အမှတ်(၂) ခဲယမ်း မီးကျောက်တပ်မှ အုတ်တံတိုင်း ခတ်ကာ ကာရံလိုက်သည်။ အုတ် တံတိုင်းစည်းရိုးသည် ကျေးရွာ အဝင်၊ အထွက်လမ်းများအားလုံး ကိုပိတ်ဆို့လိုက်သည်ဖြစ်၍ သုံး မိုင်နီးပါးအရှည်ရှိ ထိုအုတ် တံတိုင်းစည်းရိုးကြောင့် ကျောင်း သားငယ်လေးများအန္တရာယ်ကြီးစွာခက်ခက်ခဲခဲ ကျော်ဖြတ်နေရကြောင်း သတင်းရရှိသည်။


7Day Daily

0 comments:

Post a Comment