Tuesday, September 30, 2014

ဆေးမင်ရည်စုတ်ထိုး လွှတ်တော်နှင့် တိုးရတော့မလား . . .

Photo – Ka Gee Tattoo Artist

၂ဝ၁၄ ခုနှစ် သြဂုတ်လ အစောပိုင်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ Hong Kong Baptist University က အင်္ဂလိပ်စာသင်ဆရာ ကနေဒီယန်ခရီးသည် တစ်ဦးရဲ့ ကိုယ်ခန္ဓာအောက်ပိုင်းမှာ ဘုရားပုံတွေကို တက်တူးထိုးထားတာ တွေ့ရာက ၄င်းကို တိုင်းပြည်က နှင်ထုတ်ခဲ့ရပါတယ်။ ဒီနောက် မြန်မာနိုင်ငံမြေပုံကို ခန္ဓာကိုယ်ေ အာက်ပိုင်းမှာ ဆေးမင်ကြောင်ထိုးခြင်းဟာ နိုင်ငံတော်ရဲ့ပုံရိပ်ကို အကြည်ညိုပျက်စေတဲ့အတွက် အပြုအမူအဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ်ချမှတ်သင့်မသင့်ကို ယခုနှစ် ဇူလိုင် လအစောပိုင်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီလိုမျိုးဥပဒေတစ်ရပ်ဆိုတာ လူကြီးလူငယ်လုထုလူတန်း စား အသီးသီးက စိတ်ပါဝင်စားစွာ ဝင်ရောက်ဆွေးနွေးနိုင်မှသာ ဥပဒေတစ်ရပ်ရဲ့ အနှစ်သာရ ပိုပီပြင်မှာ ဖြစ်တဲ့အတွက် ပေါ်ပြူလာနယူးစ်က မြန်မာနိုင်ငံမှ ကိုကိုတက်တူး တို့ မမတက်တူးတို့ရဲ့အသံကို အခုလိုတင်ပြလိုက်ရပါတယ်။►ကိုဇွဲပြည့် (သင်္ဘောသား)

နိုင်ငံတော်အလံကိုတော့ ထိုးရ တာ ကြိုက်တယ်။ ဘုရားပုံကတော့ ကျွန်တော်က ဗုဒ္ဓဘာသာ တစ်ယောက် ပါ။ ကျွန်တော်က ဘုရားပုံဆိုတာကို ခန္ဓာကိုယ်မှာထက် ခေါင်းမှာ ထိုးတာကို ပိုသဘော ကျမိတယ်။ ထိုးဖြစ်ရင်ပေါ့ ဒါတောင် ကျွန်တော်တို့ ခေါင်းနဲ့မတန် ပါဘူး။ ဘာလို့လဲဆိုတော့ ဟိုနေရာအိပ် ဒီနေရာအိပ် မယ်ဆိုရင် ခေါင်း မှာ ဘုရားပုံ ထိုးထားတော့ အနေကျုံ့ပါ တယ်။ လူပြောစရာလည်း ဖြစ်ပါတယ်။ ဘုရားဆိုတာ ခန္ဓာကိုယ်တစ်နေရာမှာ တောင် မထိုးသင့်ပါဘူး။

ဒါကဘာသာ ရေးလေ။ ခြေထောက် တို့ဘာတို့ဆိုရင် တော့ ဘာသာကို စော်ကားတာပေါ့။ မြေပုံကတော့ ဘာသာရေး မဟုတ်ဘူး။ လူမှုရေးလည်း မဟုတ်ဘူး။ ဘာနိုင်ငံ ရေးနဲ့မှလည်း မပတ်သက်ဘူး။ မြန်မာ နိုင်ငံအလံပုံ မြေပုံထိုးတာက ဘယ်ပါတီ ကိုမှ စော်ကားမှု မရှိသလို နိုင်ငံတော် အကြီးအကဲကိုလည်း စော်ကားတာ မဟုတ်ဘူးလေ။ တက်တူးထိုးတုန်းက ခံယူချက်ရှိတာပေါ့။ ကျွန်တော် First Year မှာစထိုးဖြစ်တယ်။ ကို ကုလားနဲ့ပဲ။ စထိုးကတည်းက ဘာပုံပဲထိုးထိုး Copy ထက် တက်တူးဆရာ တစ်ယောက်ရဲ့ လက်ရာနဲ့ idea ကိုပဲ ဦး စားပေးခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ ပတ်ဝန်းကျင် မှာရော အသိုင်းအဝိုင်း မှာရော ဘော်ဒါ တွေ ကြားမှာပါ အထင်မှားတဲ့ သူက ပိုများတယ်။ သူတို့က တက်တူးကို ကြောက်စရာလို့ ထင်နေတာကိုး။ ဒီနှစ်အနည်းငယ်အတွင်းမှာ တက်တူး က လူငယ်တွေကြားမှာ တော် တော်တိုး တက်လာ တယ်။

Media တွေ ကြားမှာ လည်း ပြန့်လာတယ်။ မိဘတွေ နား လည်လာတယ်။ အခုမှ တက်တူးကျယ် ပြန့်လာတာ လူကြီးတွေ တဖြည်းဖြည်း နားလည် သဘောပေါက်လာတာ ကို အဟန့်အတားဖြစ်စေမယ့် လူကြီးတွေ ပိုအထင်လွဲတားမြစ်မယ့် ဒီလိုကိစ္စမျိုး လွှတ်တော်အထိတင်ရအောင် အား နေတယ်လို့ပဲ ထင်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် NLD တံဆိပ်ထိုးကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံထိုးတယ်။ ဒီမို ကရေစီလမ်းကို လျှောက်နေတာ ဒီလို ကိစ္စတွေကဥပဒေလွယ်လွယ်ကူကူထုတ် လို့ရပေမယ့် ကျွန်တော် တို့ မြန်မာ ပြည်သူပြည်သားတွေရဲ့ တက်တူးအ ပေါ် ချစ်မြတ်နိုးမှုတွေကို ဘာဥပဒေနဲ့မှ ဖျောက်ဖျက်လို့ မရဘူး။ သူတို့ အဲဒီလို ထုတ်လိုက်ရင် အင်္ကျီချွတ်ပြီး ဆန္ဒပြ မယ်။ ဒါကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တက်တူး ချစ်မြတ်နိုးသူ တိုင်း ဒီတစ်စိတ်တည်းပဲ။ ဘုရားပုံကို ခန္ဓာကိုယ်အောက်ပိုင်းထိုးလို့ အရေးယူ တာ လက်ခံသေး တယ်။ ဒါက ဘာသာ တရားလေ။ ဒါပေမဲ့ ကျန်တဲ့နိုင်ငံတော် အကြည်အညိုပျက်စေမယ့် တက်တူး ဆိုတာ ဘာလဲ။ ဘယ်သူက နိုင်ငံတော် အကြီးအကဲပုံ လွှတ်တော် အမတ်တွေ ပုံကို အနာခံပြီး အောက်ပိုင်းမှာထိုးမှာ လဲ။ သူတို့က သူတို့ပါတီပုံ ထိုးတဲ့လူ မရှိ လို့ပါ။ ဒေါ်စုပုံ၊ မြန်မာနိုင်ငံပုံ၊ ဗိုလ်ချုပ် အောင်ဆန်းပုံ၊NLD တံဆိပ်ပုံ ထိုးတဲ့ သူတွေပဲ ရှိတာကိုး။ ပြည်သူ ပြည်သား တွေရဲ့ အချစ်တော်တွေလေ။ မြန်မာ နိုင်ငံအလံဆိုတာကလည်း အရင်အလံ က လူထိုးပိုများတယ်။

ကျွန်တော်တွေ့ သလောက် ပိုပြီး ကျက်သရေရှိတာကိုး။ တကယ်တော့ ကိုယ်သေရင် ကိုယ့်နောက် ပါတာ ဒါပဲရှိတာ။ သေချာရွေး။ ကိုယ့်ခံ ယူချက်ကို အပွန်းအပဲ့ မခံနဲ့။ ကိုယ်ခံ ယူချက် တက်တူးတွေပဲ သေရင် ကိုယ့် နောက် လိုက်မှာလေ။ ပေါ်ပင်တွေ မထိုးကြပါနဲ့။ တစ်ကမ္ဘာလုံးကလည်း တက်တူးချစ်တယ်။ လက်ခံတယ်။ ထိုး မယ်ဆို ရင် သေချာပုံကို ရွေး၊ တက်တူး ဆရာကောင်းကောင်းရွေး။ ပိုက်ဆံကို မနှမြောပါနဲ့။ ပြီးရင် နောင်တမရနဲ့။

►YKN Tattoo Studio

တက်တူးကို ထိုးပေးဖြစ်သွားတာ ကတော့ ကိုယ်ကိုယ်တိုင်ကလည်း တက် တူးကိုချစ်တော့ တက်တူး ရေးဖြစ်တာ ပါ။ အမြင်နဲ့ ပြောရရင်တော့ ရှင်းတယ်။ ချစ်လွန်းလို့ ဒီအနုပညာကို ဖန်တီးနေ တာပါ။ဘယ်လိုတက်တူးပုံစံကို ထိုးပေး ဖြစ်လဲဆိုရင်နှစ်မျိုးလုံးပေါ့။ သူတို့ကြိုက် တာကို ကိုယ့်စိတ်ကူးနဲ့ ပေါင်းပြီး ရေး ဆွဲပေးတယ်။ တစ်ခါတေ လ သူတို့ကို ပိုဦးစားပေးတယ်။ အဓိကနှစ်ဦးသဘော ကျရေးဖြစ်ပါတယ်။ တက်တူးရေးချင်သူ တွေက နိုင်ငံတော်အကြည်ညိုပျက်စေ မယ့် အရာအားလုံးလို၊ ဘုရားပုံေ တ်ာလို အရာမျိုးတွေကို ပျက်ရယ်ပြုပြီး ထိုးတာ မျိုးဆိုရင် ထိုးပေးလားဆိုတဲ့ အမေးကို တော့ရယ်ချင်တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က မြန်မာတွေ ဆိုတော့ မြန်မြာ ပည်ကိုချစ်တယ်။ ဗုဒ္ဓဘာသာဝင် တွေဆိုတော့ ဘုရားပုံတွေကို မတော်တဲ့ နေရာမှာမရေးပေးဘူး။ ပြီးတော့ မြန်မာ မြေပုံနဲ့မြန်မာ့အလံတွေကိုလည်း မြတ်နိုး လို့လာရေးတဲ့ သူတွေကလည်း ကိုယ် အပေါ်ပိုင်းမှာပဲ ရေးလေ့ရှိကြတယ်။ ကျွန်တော် ရေးလာတဲ့ တစ်သက်တော့ ပျက်ရယ်ပြုရှုတ်ချရေးချင်တဲ့သူ မတွေ့ ဖူးသေးဘူးဗျာ။တက်တူးကအခု
နောက် ပိုင်း ရေပန်းစားတယ်ဆိုတာ ကျွန်တော် တို့ ပျောက်လုနီးပါးဖြစ်နေတဲ့ ဆေးမင် ကြောင်ခေါ် တက်တူးအနုပညာတစ်ခု ဖြစ် အနုစိတ် ဖန်တီးရေးဆွဲလာနိုင်ခဲ့ လို့ လည်း လူငယ်တွေရော၊ တချို့လူကြီး တွေ လက်ခံလာကြပြီး ရေးပန်းစားလာ တာလို့ ခံစားမိတယ်။တက်တူးထိုးတာကိုအရေးယူမယ်ဆိုတဲ့ဥပဒေကို ကျွန် တော်သေ ချာတော့ မသိသေးဘူး။ တက် တူးနဲ့ပတ်သက်လို့ ဥပဒေဆိုတာ ဘာကို ပြောချင်တာလဲ။ ကျွန်တော်တို့ တက်တူး သမားတွေရော ရေးခံတဲ့သူတွေ လက်ခံ မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မွေး ကတည်းက အသားပြောင်မွေးလာတာ တက်တူးဆို အနုပညာဖြစ်လို့ လွတ်လပ် စွာ ဖန်တီးပါရစေ။ အဲ့ဒီလိုထိုးထားတာ ကို အရေးယူမယ်ဆိုတာ ကျွန်တော် ကြားတာ။ ထိုးလို့ယူမှာမဟုတ်ပါဘူး။ မတော်တဲ့ နေရာမှာထိုးမှလို့ ကြားပါ တယ်။ ထိုးထားတဲ့သူလည်း ကျွန်တော် မမြင်ဖူးဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မတော်တဲ့ နေရာတွေ မရေးပေးဖူးဘူး။နောက်ဆုံးအနေနဲ့က ကိုယ့်အသားပေါ် မှာ ကိုယ့်ရင်ထဲရှိတာတွေ လွတ်လပ်စွာ ရေးခွင့်ရှိပါတယ်။

►ကိုပြည့်​စုံ

ထိုးထားတာက​တော့ နိုင်​ငံ​တော်​အလံပုံကို​ ကျောမှာထိုးထားတာ၂ဝ၁၃ ခု​လောက်​ကဆို​တော့ ၂ နှစ်​​လောက်​​တော့ရှိပြီ။ ဘာ​ကြောင့်​ထိုးဖြစ်​တာ လဲဆိုရင်​ ကိုယ်​ကမြန်​မာနိုင်​ငံသားတစ်​ဦးဖြစ်​တဲ့အတွက်​ နိုင်​ငံ​တော်​အလံကို မြတ်​နိုးတယ်။ အဲ့ဒါ​ကြောင့်​ ထိုးတာ။ဒါ​ပေမဲ့ အလံက​တော့ အသစ်​မဟုတ်​ဘူး အရင်​က နိုင်​ငံ​တော်​အလံအလံေ ဟာင်း ​ ပေါ့ဗျာ။ ပုံက Bio နဲ့ဆွဲထားတာဆို​တော့ အသားစပြဲက တည်းက​နေ အလံ ထွက်​​နေတဲ့ပုံစံမျိုး။အဲ့ဒါက နိုင်​ငံ​တော်​ကို အကြည်​ညိုပျက်​​စေတယ်​ လို့​တော့ မထင်​ဘူး။ ဘာ​ကြောင့်​လဲဆို အကြည်​ညိုပျက်​​စေတယ်​ဆိုတဲ့အထဲမှာ အလံပုံ ကို​ ဘောင်းဘီချုပ်​မဝတ်​ရဘူး။ အဲ့ဒီလို တားမြစ်​ချက်​​တွေပဲပါတယ်​​လေ။ အခု ဟာက မြတ်​နိုးလို့ကို ကိုယ့်​အသားအနာ ခံပြီး​တောင်​ ထိုးတာ​လေ။ ကိုယ့်​နိုင်​ငံကို ကိုယ်​​လေးစားမြတ်​နိုးလို့ ထိုးထားတယ်​။ ကျောမှာ တချို့ဆို လက်​​မောင်း​တွေမှာ ထိုးတယ်​။ ဒါဟာအကြည်​ညိုပျက်​​စေ​လောက်​တဲ့ထိလုပ်​တာမျိုးမှမဟုတ်​တာ။ ​ခြေ​ထောက်​တို့ မ​တော်​တ​ရော်​​နေရာမျိုး​တွေမှာအ​လေးမထားဘဲ မ​လေးမစား ထိုးထားတယ်​ ဆိုရင်​​တော့ အဲ့ဒီလို လူ​တွေကို အ​ရေးယူ​လေ။ အခုလို အကုန်​လုံးကိုအ​ရေးယူမယ်​ဆိုတဲ့ ပုံစံမျိုးကတော့ မဖြစ်​သင့်​ဘူး။ ကျွန်​​တော်​ ဆိုမြတ်​နိုးလို့​ကျောမှာကို အနာခံပြီး ထိုးထားတာ။ တက်​တူးတစ်​ခုဆိုတာ အနာခံပြီးမှရတာ။ ဘယ်​သူမှ​တော့ အကြည်​ညိုပျက်​​စေ​အောင်​သ​ရော်​ပြီး ကိုယ့်​အ​ရေပြားမှာ​ သေရာပါမယ့်အလုပ်ကို မလုပ်​ဘူး။တက်​တူးထိုးထားတာ အရင်​ကတည်းက ထိုး ထားတဲ့သူဆိုရင်​ သူတို့ကခုမှ ဒီဥပ​ဒေ လုပ်​တာ။ သူတို့အ​ရေးယူချိန်​မှာ ထိုး ထားတဲ့အချိန်​ကို ဘယ်​လိုတိုင်း တာမှာ လဲ။ ဒါ​တွေက​တော့ မဖြစ်​သင့်ဘူးထင်​တယ်။ ဒီမိုက​ရေစီနိုင်​ငံ​လေ။ ဒီမိုက​ရေစီလမ်းကို​ လျှောက်​လှမ်း​နေတာ ဆိုရင်​ လူတစ်​​ယောက်​ရဲ့လွတ်​လပ်​ခွင့်​၊ သူ့ အသားမှာ သူ့ဘာသာအရုပ်​​ရေးဆွဲခွင့်၊ ဒါ​တွေကို လိုက်​ပိတ်​ပင်​​နေလို့ မရဘူး​လေ။ ဒါမျိုးကဖြစ်​မှမဖြစ်​သင့်​တာ။ သူ များ နိုင်​ငံ​တွေမှာလည်း ထိုး​နေတာပဲ။ ဒီလိုလိုက်​ပိတ်​ပင်​တာမျိုးမ​တွေ့ဖူးပါဘူး။ ပြောရမယ်​ဆိုရင်​ လွှတ်​​တော်​အမတ်​​တွေလည်း ဆွေး​နွေးစရာ​တွေမရှိ​တော့ လို့ ဒီကိစ္စတင်​ပြတယ်​လို့ ပဲမြင်​မိတယ်​။ အလုပ်​မရှိလို့လုပ်​တာ​ပေါ့။ ပြည်​သူ​တွေ အတွက်​အကျိုးရှိမယ့် အလုပ်​မျိုးလုပ်​တာ ပို​ကောင်းတာ​ပေါ့။ကျွန်​​တော့်အ​နေ နဲ့ ဒီတက်​တူးကို ဖျက်​ဆိုရင်​လည်း မဖျက်​နိုင်​ဘူး။ ​နောက်​ထပ်​ဆက်​ပြီး​တော့လည်း ထိုး​နေဦးမှာပဲ။ ဒီမိုက​ရေစီနည်းစနစ်​ကို​ ပြောင်းပြီးသွား​နေချိန်​မှာ ဒီလိုအာဏာ ရှင်​ဆန်​တဲ့ အလုပ်​မျိုး​တွေမလုပ်​သင့်​ ဘူး။ ကျွန်​​တော့်အ​နေနဲ့ တက်​တူးထိုးရာ မှာ နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေတဲ့ အထိမထိုး ရဘူးဆိုတဲ့ အဆိုကိုလက်​ခံ တယ်​။တက်​တူးထိုးတာကိုတားမြစ်​ကန့်​သတ်​မယ်​ဆိုတာကို​တော့ ဘယ်​လိုမှနား မလည်​သလို လက်​လည်းမခံပါဘူး။

►မဖြူ
နောက်ကြောအပြည့်တက်တူးထိုးထား သူ (တက်တူးဝါသနာရှင်)

တက်တူးကို ထိုးဖြစ်တာတော့ ကြိုက်လို့ သဘောကျလို့ ထိုးဖြစ်တာ ပါ။ ဘယ်တုန်းကစထိုးလဲ ဆိုရင် ၂ဝ၁ဝ ပြည့်နှစ်လောက်က သေးသေးလေး စထိုးခဲ့တယ်။ နောက် တစ်နှစ်ကျော် လောက်ကြာမှ ဆက်ထိုးဖြစ်ရင်းနဲ့ အခုလောက်ထိများသွားတာ။ မိန်းက လေးတစ်ယောက် တက်တူးထိုးတဲ့အ ပေါ်မှာတော့ အကောင်းမြင်တာရှိသလို မကောင်းမြင်တာလည်း ရှိနေကြတာ ပါပဲ။ တကယ်တော့ အဲ့ဒီမိန်းကလေးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ သူ့ကိုယ် ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေနဲ့ မသက်ဆိုင် ပါဘူး။

သူ့ရဲ့ကိုယ်ကျင့်တရား အပြုအမူ အနေအထိုင်တွေနဲ့ပဲ သက် ဆိုင်ပါတယ်။ တက်တူး ထိုးထားပြီး ကောင်းကောင်းမွန်မွန်နေတဲ့ မိန်းက လေးတွေ ရှိသလို တက်တူးထိုးမ ထား ပေမယ့် ကိုယ်ကျင့်တရားပျက်စီးနေတဲ့ မိန်းကလေးတွေ အများကြီးပါပဲ ”တက် တူးကို ဥပဒေအရ ကန့်သတ်မယ့်ကိစ္စ ကတော့ ပြောစရာမရှိပါဘူး။ မဖြစ်နိုင် ဘူးလို့ လည်း ထင်ပါတယ်။ ဒါပေမဲ့နိုင်ငံ တော်နဲ့ပတ်သက်တဲ့ အထိမ်းအမှတ်တွေ ဘာသာရေးနဲ့ပတ်သက်တဲ့ အမှတ်အ သားတွေကို ထိုးမယ်ဆိုရင်တော့ သေ ချာဂရုတစိုက် နဲ့ နေရာရွေးချယ်ပြီး ထိုးသင့်ပါတယ်။ တက်တူးထိုးမယ့် လူငယ် တွေကိုတော့ သေရာပါမယ့်အရာဖြစ် တဲ့အတွက် ထိုးမယ့်ပုံနဲ့ ထိုးပေးမယ့် ပညာရှင်ကို သေချာ စနစ်တကျ ရွေး ချယ်ပြီး သန့်ရှင်းမှုကို ဂရုစိုက်ဖို့ အကြံ ပေးချင်ပါတယ်။

►ဦးသိန်းလွင်
ပြည်ကြီးတံခွန်အမှတ် ၁
မဲဆန္ဒနယ်၊ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်

တက်တူးနဲ့ ပတ်သက်ပြီး ဘုရားပုံ တော်လိုမျိုး၊ နိုင်ငံတော် အလံလိုမျိုး တွေကို မသင့်တော်တဲ့နေရာတွေမှာ မထိုးဖို့ တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းမေးဖူးပါတယ်။ အကျိုးသက် ရောက်မှုလည်းရှိပါတယ်။ မီဒီယာတွေ မှာ လည်းဖော်ပြတော့ လူတော်တော် များများ သိသွားတာပေါ့။ ဆိုလိုချင်တာ က တက်တူးထိုးတာက ပြဿနာမဟုတ် ပါ ဘူး။ လူငယ်သဘာဝ ယောက်ျားလေး မိန်းကလေးထိုးကြတာက အလှအပကို ခံစားပြီးထိုးကြတာက ပြဿနာ မဟုတ် ပါဘူး။ သို့သော် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၊
ဘာသာတစ်ခုရဲ့တန်ဖိုးထားတဲ့အရာတစ်ခုကို မသင့်လျော်တဲ့ နေရာမှာ ထိုးနေတာတွေကို တွေ့လို့ လွှတ်တော်မှာတင်ဖြစ်တာပါ။ ဒါဟာ မဖြစ်သင့်ဘူးဆိုတဲ့ ဟာမျိုးလည်း ပြည်သူတွေဘက်က အသံမျိုးကြားရတာ ပေါ့။ ဒီလိုမျိုးမထိုးသင့်ဘူးဆိုတာကို သိလာကြတာပေါ့။တက်တူးထိုးတဲ့လူ ငယ်တွေအပေါ်မှာလည်း ဘာမှပြော စရာမရှိပါဘူး။ ဒီအပေါ်မှာလွတ်လွတ်လပ်လပ်ခံစားလို့ရတယ်။သို့သော် ကိုယ့် လူမျိုးကိုယ့်ဘာသာ အလေးအမြတ် ထားရာတွေကို ထိုးမယ်ဆိုရင် စဉ်းစား ဆင်ခြင်ပြီးမှ ထိုးသင့်တာပေါ့။ ဆင်ခြင် တုံတရားလေးနဲ့ စဉ်းစားသင့်တယ်။ ကျန်တဲ့အလှအပတွေ လုပ်တာကတော့ မပြောလိုပါဘူး။ လူငယ်သဘာဝခံစား လို့ ရပါတယ်။ နိုင်ငံတော်အလံတွေ၊ ဘုရား ပုံတော် တက်တူးထိုးတဲ့ ဒီနိုင်ငံ တစ်နိုင်ငံ၊လူမျိုးတစ်မျိုးအထွတ်အမြတ် ထားရာတွေကို ဥပဒေကြောင်း အရ ကန့်သတ်မယ်ဆိုရင် ကျွန်တော်တို့ ဥပဒေဆိုတာကိုက လူ တစ်ဦးချင်းနဲ့ဆိုင် ပါတယ်။ နံပါတ် ၁ ကတော့ လူတစ်ဦး ချင်းရဲ့ကိုယ်ကျင့်တရားပေါ်မှာမူတည်တယ်။မလုပ်သင့်ဘူးဆိုရင်တော့ကျွန်တော့် အနေနဲ့တားသင့်ရင်တားရမှာပဲ။ ဥပဒေ ကြောင်း အရလည်းလိုအပ်ရင်လိုအပ် သလို လုပ်သင့်ရင်လုပ်ရမှာပေါ့။

►ကိုတွတ်ပီ
တက်တူးပညာရှင်

တက်တူးကတော့ အရင်တုန်းနဲ့ အခုဆိုရင် အများကြီးကို ပြောင်းလဲ လာပါပြီ။ ခေတ်လည်းအရမ်းစား လာ ပြီ။ အရမ်းလည်း ဟော့လာတယ်။ ကျွန် တော်ကတော့ တက်တူးထိုးချင်တဲ့ သူ တွေဆို ၁၈နှစ်ပြည့်ပြီးမှပဲ ထိုးပေးတယ်။ အဲ့ဒီထက်ငယ်ရင်တော့ ထိုးမပေးဘူး။ ထိုးပေးတဲ့ နေရာမှာလည်း ကန့်သတ် ထား တာတွေဘာတွေ မရှိပါဘူး။ ထိုးတဲ့သူစိတ်ကြိုက်လုပ်ပေးပါတယ်။ ဒါပေမဲ့ လည်း မထိုးသင့်တဲ့နေရာမှာ မထိုးသင့် တဲ့ပုံတွေကို ထိုးမပေးပါဘူး။ ကျွန် တော်က တက်တူးစထိုးမယ့် လူတွေကို သေချာ ရှင်းပြပါတယ်။

ထိုးသင့်မထိုး သင့် သေချာ စဉ်းစား၊ ထိုးမယ့်ပုံကိုလည်း ဘာရည်ရွယ်ချက်နဲ့ ထိုးတာလဲ သေချာ မေးပါတယ်။ သေရာပါသွားမယ့်အရာ တစ်ခုဆိုတော့လေ။ သူများ ဒါလုပ်လို့ လိုက်လုပ်တာမျိုးမဖြစ် စေချင်ဘူး။ ပုံ တစ်ပုံရဲ့ ရည်ရွယ်ချက်လေးနဲ့ ရည်မှန်း ချက်လေး ရှိရင်တော့ ပိုကောင်းတာ ပေါ့။ ကျွန်တော့်ဆီမှာဆို နိုင်ငံတော် အလံတို့၊ ဘုရားပုံတို့၊ ဗိုလ်ချုပ်ပုံတို့လာ ထိုးတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော့်ရည်ရွယ်ချက်ကိုက ထိုးသင့် တဲ့ နေရာမှာပဲ ထိုးပေးတာ ဆိုတော့ အဆင်ပြေပါတယ်။ ဘုရားပုံဆိုလည်း
ဘုရားအနေကဇာတင်မှ ကိုးကွယ်လို့ ရတာကိုး။ ဒါက အရုပ်ထိုးတာ ဆိုတော့ ဘာမှတော့ ဖြစ်မသွားဘူး။ မန္တလေးမှာ ဆို ကျောက်ဆစ်တန်းရှိတယ်။ ဘုရား ရုပ်တုထုရင် လိုအပ်ရင် ခြေထောက် တွေဘာတွေနဲ့ ညှပ်ပြီးထုရတာပဲ။ ဒါက အရုပ်ပဲရှိသေးတာလေ။ ဒါကပုံတော် တစ်ခုပဲ ရှိပါသေးတယ်။ ဒီလိုပုံမျိုးတွေ ကိုလည်း ဥပဒေကြောင်းအရ ကန့်သတ် မယ်ဆိုရင်တော့မထိုးပေးရုံပေါ့ဗျာ။ ထိုး ပြီးသား လူတွေအတွက်တော့ ဘယ် တတ်နိုင်တော့မလဲ။ နောက်ထပ်ကို ဆက်မထိုးပေးဖို့ပဲလုပ်ရမှာပေါ့။ နောက် တက်တူးထိုးမယ့်သူတွေအနေနဲ့ ကိုယ် ပိုင်စဉ်းစားဆုံးဖြတ်ပြီးမှ ထိုးတာအ ကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသားပေါ်မှာ ကိုယ် အနာခံပြီး ထိုးတာ ဆိုေ တာ့လေ။ ဘယ်သူ့ကိုမှ လည်း စော်ကားတာတော့မဟုတ်ပါ ဘူး။ ဘယ်သူ့ကိုမှလည်း ပုတ်ခတ်တာ မဟုတ်ပါဘူး။ဝါသနာပါလို့၊ ကြိုက်လို့ ထိုးကြတာပါပဲ။ တက်တူးထိုးတဲ့ လူ တွေကို ဒီဘက်ခေတ်မှာလည်း အမြင် လေးနည်းနည်း စောင်းနေတာလေးတွေ ရှိနေပါသေးတယ်။ လေ့လာမှုအားလေး တွေက နည်းနေတော့ ပတ်ဝန်းကျင်က လည်း ကိုယ်နဲ့ဆိုင်မှပဲ လေ့လာကြတာ ဗျ။ကိုယ်နဲ့မဆိုင်လည်း လေ့လာကြပါ လို့။ အဲ့ဒီတော့မှ သူများလုပ်တာကို အထင်သေးလို့မရဘူးဆိုတာကိုလေ။

Popular Myanmar

0 comments:

Post a Comment