Wednesday, September 24, 2014

တစ်နိုင်ငံလုံးရှိ ထူးချွန်ဆရာများ ပထမဆုံးအကြိမ်ဆုချီးမြှင့်မည်


မူလတန်းကျောင်းသူကျောင်းသားများနှင့်အတူ တွေ့ရသည့်ဆရာမများ၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းဆရာ၊ ဆရာမများထဲမှ သင်ကြားမှုစွမ်း ရည်ထူးချွန်၍ လူမှုရေးပရဟိတ စိတ်ဓာတ်ရှိသည့်ဆရာများကို ယခုနှစ်ပညာသင်နှစ်တွင် ပထမ ဆုံးအကြိမ် ထူးချွန်ဆရာဆုပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အခြေခံပညာဆရာ၊ ဆရာမ များသင်ကြားမှုအရည်အသွေး မြင့်မားစေရန်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက်ရည်ရွယ် ၍ ထူးချွန်ဆရာဆုကို ရွေးချယ် ချီးမြှင့်ရခြင်းဖြစ်ကြောင်း ထူးချွန် ဆရာဆု ရွေးချယ်ချီးမြှင့်ရေး ဦးစီး ကော်မတီမှ သိရသည်။

အဆိုပါထူးချွန်ဆရာဆု ရွေး ချယ်မှုအစီအစဉ်မှာ ကျောင်း အဆင့်၊ မြို့နယ်အဆင့်၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့်ရွေးချယ်သွားမည်ဖြစ် ပြီး ရေးဖြေစာမေးပွဲ၊ နှုတ်ဖြေ စာမေးပွဲများဖြေဆို၍ ဗဟိုအဆင့် တွင် လက်တွေ့သင်ကြားပြသမှု ကို ဆန်းစစ်အကဲဖြတ်ပေးမည် ဖြစ်ကြောင်း ထူးချွန်ဆရာဆုရွေး ချယ်ချီးမြှင့်ရေးဦးစီးကော်မတီမှ သိရသည်။

စည်းကမ်းချက်များမှာ ထူးချွန်ဆရာဆု ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ဆရာ၊ ဆရာမများအနေဖြင့် အနည်းဆုံးလုပ်သက်သုံးနှစ်ရှိရမည်ဖြစ်ပြီး အခြေခံပညာဆရာ၊ဆရာမများဖြစ်ရမည်ဖြစ်သည်။

ဆုချီးမြှင့်မှုအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့်သို့ ရောက်ရှိလာသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ဆရာသုံးဦးစီဖြင့် စုစုပေါင်း ၁၆၂ ဦးအား ပထမကို ဆုငွေကျပ်ငါး သိန်း၊ ဒုတိယဆုငွေကျပ်သုံးသိန်း နှင့် တတိယကို ဆုငွေကျပ်နှစ် သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ် သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၈ ခုမှ ပထမနေရာရရှိခဲ့သည့် မူလတန်း၊ အလယ်တန်း၊ အထက် တန်းပြဆရာ၊ ဆရာမတစ်ဦးစီ ဖြင့် ၅၄ ဦးအား ဒီဇင်ဘာ ၂၀ ရက် တွင် ဗဟိုအဆင့်ရွေးချယ်၍သက် ဆိုင်ရာအတန်းအလိုက် ပထမကို ဆုငွေကျပ်သိန်းလေးဆယ်နှင့် ဆု တံဆိပ်၊ ဒုတိယကို ဆုငွေကျပ် သိန်းနှစ်ဆယ်နှင့် ဆုတံဆိပ်၊ တတိယကို ဆုငွေကျပ်ဆယ်သိန်း နှင့် ဆုတံဆိပ်များကို ဒီဇင်ဘာ ၂၁ ရက်တွင် ပေးအပ်ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း ထူးချွန် ဆရာဆုရွေးချယ်ချီးမြှင့်ရေးဦးစီး ကော်မတီမှ သိရသည်။

အဆိုပါထူးချွန်ဆရာဆုကို ပညာတန်ဆောင်အဖွဲ့၊ တော်ဝင် ဖွံ့ဖြိုးမှုဖောင်ဒေးရှင်းနှင့် ပညာ ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ အဆို ပါထူးချွန်ဆုချီးမြှင့်ရေးအတွက် ထောက်ပံ့ပေးသည့် တော်ဝင်ဖွံ့ ဖြိုးမှုဖောင်ဒေးရှင်းက နှစ်စဉ်ငါးနှစ် အထိ ဆက်လက်ချီးမြှင့်ပေးသွား ရန် စီစဉ်ထားကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနလက် အောက်ရှိ အခြေခံပညာကျောင်း များတွင် ဆရာ၊ ဆရာမပေါင်း သုံးသိန်းနီးပါး ပညာသင်ကြား ပေးလျက်ရှိသည်။


7Day Daily

0 comments:

Post a Comment