တစ်နိုင်လုံးအတိုင်းအတာဖြင့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အဆက်မပြတ် ပြုလုပ်ကျင်းပခဲ့ပါသည်။ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်လာနိုင်ရေးအတွတ် တိုင်းရင်းသားများဘက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါဝင်သည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့(NCCT)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့အစည်းတို့အား ဖွဲ့စည်းခဲ့ကြပါသည်။ ယင်းအဖွဲ့အစည်းတို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေး ထိုးပြီးသော တိုင်းရင်းသားအဖွဲ့ အစည်းများပါဝင်သလို လက်မှတ်မရေးထိုးထားသော တိုင်းရင်းသား အဖွဲ့ အစည်းများလည်း ပါဝင်ကြပါသည်။ယင်းအဖွဲ့အစည်းတို့တွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် လက်မှတ်မရေးထိုးရသေးသော အဖွဲ့အစည်းတွင် KIO/KIA အဖွဲ့အစည်းတို့လဲ ပါဝင်ကြပါတယ်။ KIO/KIA အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးပွဲကို တိုက်ရိုက်သွားချင်သောအဖွဲ့အစည်း ဖြစ်ပါသည်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ကေအိုင်အိုက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖက်ဒရယ်တပ်မတော်ကို တောင်းဆိုမည့် ဆန္ဒကြောင့် ဖြစ်ပါတယ်။ မိမိဒေသတို့တွင် တိုင်းရင်းသားလူမျိုးတို့ အခွင့်အရေးထက် အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့် အာဏာကို ရယူလိုကြပါတယ်။ ကေအိုင်အို အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖက်ဒရယ်စနစ် ကိုတည်ထောင်မည်ဆိုပါက မည့်သို့သော ဖက်ဒရယ်စနစ်ကို တည်ထောင်မှာလဲ၊ တရားဥပဒေစိုးမိုးမှုနည်းပါးပြီး နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက် ပျက်ပြားစေမည့်စနစ်ကို ရှောင်ရှားစေလိုပါသည်။
အခုဆိုလျှင် အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးဆွေးနွေးပွဲများ မစတင်မှီ အွန်လိုင်းပေါ်တွင် KIO မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ဂျိမ်းစ်လွန်းဒေါင်နှင့် ထိုင်းနိုင်ငံ ဗမာရိုဟင်ဂျာ အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးမောင်ကျော်နု ဦးစီးတဲ့ အဖွဲ့ဝင်တို့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်များ ပျံ့နှံ့ လာပါသည်။ ဦးမောင်ကျော်နုက KIO ရဲ့ ထိန်းချုပ်နယ်မြေထဲတွင် ဘင်္ဂါလီများအတွက် အခိုင်အမာ နေရာတစ်ခု သတ်မှတ်ပေးရန် တောင်းဆိုထားပြီး အစိုးရကို ပူးပေါင်း တော်လှန်တိုက်ခိုက်သွားရန် ဆွေးနွေး ခဲ့ကြခြင်းဖြစ်ပါသည်။ တဖက်မှာလည်း အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အေမန်အယ်လ်ဇာဝါဟီရီက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ုနှင့် မြန်မာနိုင်ငံအား ပတ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ ပါသည်။ယင်းထုတ်ပြန်ကြေညာချက်များနှင့် ပတ်သတ်၍ နိုင်ငံတိုင်းတွင် ကြိုတင်ကာကွယ်မှုများ၊ လုံခြုံရေး တင်းကျပ်မှုများ ချမှတ်လုပ်ဆောင်ခဲ့ပါသည်။
ယခုလိုအချိန်မျိုးတွင် အစ္စလာမ် အစွန်းရောက်အဖွဲ့များနှင့် ကေအိုင်အိုတို့ ပူးပေါင်းကြမည်ဆိုသည့် သတင်းထွက်ပေါ်လာတာ နိုင်ငံအတွတ် အကြီးမားဆုံး စိုးရိမ်စရာ ဖြစ်လာပါသည်။ ယင်းအဖွဲ့တို့သည် မြန်မာနိုင်ငံအတွင်း လူမျိုးစု တစ်စုအနေဖြင့် တန်းတူအခွင့်အရေး ရရှိစေရန် ကေအိုင်အိုနှင့် ပူးပေါင်းဖွဲ့စည်းရန် ရည်ရွယ်ပါသည်။ အကယ်၍ အစ္စလာမ် အစွန်းရောက်အဖွဲ့တို့နှင့် ကေအိုင်အေတို့ ပူးပေါင်းကြမည်ဆိုပါက ပထမဦးစွာ ကချင်ဒေသခံ တိုင်းရင်းသားတို့၏ ကံကြမ္မာအတွက် များစွာ စိုးရိမ်မိပါတယ်။
အစ္စလာမ် အစွန်းရောက်အဖွဲ့တို့သည် နိုင်ငံတကာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့် လူမျိုးခြား သတ်ဖြတ်မှုများ၊ အရွယ်မရောက်သေးသော ကလေးသူငယ်များအား သားမယားပြုကျင့်မှုများဖြင့် ရက်စက်စွာ အစွန်းရောက် နှိပ်စက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
ကေအိုင်အိုအနေဖြင့် ယင်းအဖွဲ့တို့ဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ကချင်ပြည်နယ် အပါအဝင် ကျန်တိုင်းရင်းသားဒေသတွေပါမက မြန်မာတနိုင်ငံလုံး ဘင်္ဂါလီအဖွဲ့တို့၏ လက်အောက်သို့ ဧကန်မုချ ရောက်ရှိသွားမှာ ဖြစ်သလို နိုင်ငံအတွင်း လူမျိုးနှင့် ယဉ်ကျေးမှုပါ ပပျောက်သွားမှာ ဖြစ်ပါတယ်။ ကေအိုင်အိုအဖွဲ့တို့သည် ဒေသခံတိုင်းရင်းသားလူမျိုးများ အခွင့်အရေးထက် မိမိ အဖွဲ့အစည်းအတွက် အကျိုးစီးပွားကောင်းမွန်လာနိုင်ရေး၊ လူအင်အား တိုးပွားလာ စေရေးတို့အတွက်သာ ထည့်သွင်းဆောင်ရွက်လာပါက နောက်တစ်ချိန်တွင် ကိုယ့်လူမျိုးကိုယ်သတ်တဲ့ အဖြစ်သို့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
KIO/KIA အဖွဲ့တို့သည် ဘင်္ဂါလီတို့ တောင်းဆိုသည့် ကချင်ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းအား တည်ထောင်သွားမည်ဆိုပါက တိုင်းရင်းသားပေါင်းစုံတို့၏ စည်းလုံးညီညွတ်မှုများ ပျက်ပြားသွားမှာဖြစ်ပြီး နိုင်ငံတော်ကြီး အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားမည် ဖြစ်ကြောင်း အသိပေးရေးသားလိုက်ပါသည်။
စိုင်းအောင်ဆက်
နေ့စဉ်သတင်း
Friday, September 12, 2014
အနောက်တံခါးမှသည် မြောက်ဖျားဆီသို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment