တရုတ်အစိုးရက ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်ကာ မိသားစု တစ်စုလျှင် ကလေးတစ်ယောက်သာမွေးရမည့် မိသားစု စီမံကိန်း မူဝါဒ ကို ဖြေလျော့ပေးခဲ့သည့်တွက် နိုင်ငံအတွင်းရှိ ဇနီးမောင်နှံပေါင်း ၂၀၀၀၀ နီးပါးခန့်တို့သည် ဒုတိယမြောက် ကလေးရယူနိုင်ခွင့် ရရှိခဲ့သည်ဟု စက်တင်ဘာလ ၇ ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပေကျင်း ကျန်းမာရေးနှင့် မိသားစုစီမံကိန်း မြူနီစပယ် ကော်မရှင်မှ စက်တင်ဘာလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သော စစ်တမ်းများအရ မွေးစာရင်းဖြည့်ထားသည့် ဇနီးမောင်နှံပေါင်း ၂၁ ၂၄၉ တို့တွင် ၁၉ ၃၆၃ တို့သည် ဒုတိယမြောက်ကလေးရယူခွင့် ရရှိခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ဒုတိယမြောက် ကလေး ရယူခွင့်ပေးခဲ့သူများအနက်မှ အမျိုးသမီး ၅၆ ရာခိုင်နှုန်းသည် အသက် ၃၁ နှစ်မှ ၃၅ နှစ်အတွင်းရှိသည်ဟု ကော်မရှင်ကဆိုသည်။
့နောက် အမျိုးသမီးပေါင်း ၅၃၇ ဦးသည် အသက် ၄၀ နှစ်အထက်ရှိကြောင်း ကော်မရှင်၏ စစ်တမ်းထဲတွင် ပါရှိသည်။
၁၉၇၀ ပြည့်နှစ်များမှစတင်ကာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးသော တရုတ်ပြည်၌ လူဦးရေ တိုးများလာခြင်း အား ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ်
တစ် အိမ်ထောင်လျှင် ကလေးတစ်ဦးသာ ယူခွင့်ပြုခြင်းအား တရားဝင်ကန့်သတ်ထား ခဲ့သည်။ သို့သော် တရုတ်နိုင်ငံသည် နိုင်ငံအတွင်း လူဦးရေးတိုးပွားမှုကို ထိန်းချုပ်ရန် ဆယ်စုကြာပြဋ္ဌာန်းခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ဦးသာ မွေးဖွားရမည့် ဥပဒေကို ဖြေလျော့ပေး ခဲ့သည်။
၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်မှ စတင်ကာ ဇနီးမောင်နှံနှစ်ဦးအနက် တစ်ဦးဦးက မွေးချင်းမရှိဘဲ တစ်ဦးတည်းသာ မွေးဖွားခဲ့သူဖြစ်ပါက ဒုတိယမြောက် ကလေးယူခွင့် ပြုခဲ့သည်။
Ref:The Time of India
Sunday, September 7, 2014
တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒ ဖြေလျော့ပြီးနောက် တရုတ်တွင် မိသာစု နှစ်သောင်းကျော် ဒုတိယမြောက်ကလေး ရယူပြီးဖြစ်
mizzimaburmese.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment