တိမ်မင်းသမီးရဲ့ဒဏ္ဍာရီဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့တဲ့ သရုပ်ဆောင်ယွန်းယွန်းကို ဒီနှစ်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား သုံးကားပါဝင်နေပါတယ်။ အကယ်ဒမီ စာရင်းဝင်တဲ့ ကားတွေကတော့ အဖြူရောင်ရဲတိုက်၊ ကြယ်စင်မော်ကွန်း ရယ်၊ စေတန်ရဲ့ကချေသည် စတာတွေဖြစ်ပြီး အကယ်ဒမီနဲ့ ပတ်သက်ပြီး သူမရဲ့ရင်ခုန်သံလေးကို မေးကြည့်ခဲ့တာကတော့ “သမီးရင်ခုန်ပါတယ်။ ရင်ခုန်တယ်ဆိုတာ သမီးအတွက် မဟုတ်ဘူး။ အဲဒီ့ကားတွေထဲမှာပါတဲ့ ကိုနေတိုး၊ မသက်မွန်၊ ဦးဝိုင်းတို့ အတွက်ပေါ့။ ကျွန်မကနှင်းဆီပါမောင် ကားမှာလည်း ထန်တဲ့ဇာတ်ရုပ်ကို သရုပ်ဆောင် ထားတယ်။ ကျွန်မကနှင်းဆီပါမောင် ကားကို သမီးအရမ်း သဘောကျတယ်။ အားရပါတယ်။ ရိုက်ခဲ့သမျှ ကားတွေထဲမှာ ကိုယ့်အခန်းမှမဟုတ်ပဲ ကြည့်ရတာ တော်တော်သဘောကျတယ်။ သမီး အဲဒီ့ကာရိုက်တာကို တစ်ခါမှမလုပ်ခဲ့ပါဘူး။ ရိုက်ကွင်းမသွားခင် ရီဟာဇယ် လုပ်ရတဲ့ ကားပါပဲ။ ဒီကားလေး မရိုက်ခင် တစ်လအလိုမှာ ပုညခင်ရဲ့ ကျွန်မကနှင်းဆီပါမောင် ဝတ္ထုကိုဖတ်ပြီး ဟတ်ထိဖူးတယ်။ အဲဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်လ လောက်နေတော့ အဲဒီ့ကားရိုက်မယ်ဖြစ်လာတော့ အရမ်းပျော်တယ်။ အရင်ကတည်းက သမီးက ပုညခင်ရဲ့ ဝတ္ထုတွေပဲ ဖတ်လာတာပါ။ ဒီကားလေးကိုသရုပ်ဆောင်ရတာ အကြိုက်ဆုံးပါပဲ”လို့ သူမက ဆိုပါတယ်။လတ်တလောမှာ မြူးဇစ်ဗီဒီယိုတွေ၊ ကြော်ငြာတွေရိုက်ဖြစ်တယ်လို့ ဆိုတဲ့ ယွန်းယွန်းဟာ ကိုးတန်းကျောင်းသူတစ်ဦး ဖြစ်တာကြောင့် သူမရဲ့ ပညာရေးပိုင်းကို မေးကြည့်တဲ့အခါတော့ သူမက “စာတွေကလည်း ရှစ်တန်းနဲ့မတူတော့ဘူး။ စာက အရမ်းကွာသွားတော့ ကျောင်းစာတွေ ကိုပဲ အမှီလိုက်နေပါတယ်။ ဒီကြားထဲမှာ ဇာတ်ကားရိုက်ကူးမှုတွေ လက်ခံထားတာ မရှိပါဘူး။ ဒါပေမယ့် NGO အတွက် ဇာတ်လမ်းတိုလေးရိုက်ထား တာပြီးသွားပါပြီ။ ဒါရိုက်တာ ဦးပီတာရိုက်တာပါ။ တစ်ရက်ထဲ အပြီးရိုက်တာပါ။ သမီး အခုတစ်ရက်ထဲနဲ့ ပြီးတဲ့ အနုပညာလှုပ်ရှားမှုတွေ ပဲလုပ်နေပါတယ်”တဲ့။
စာချုပ်စာတမ်းနဲ့ မဟုတ်ပေမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးသွားရင်တော့ ကမ်းလှမ်းထားတာတွေကို လက်ခံရိုက်ကူးပေးသွားဖို့ရှိတဲ့ ယွန်းယွန်းဟာ “သမီးက အနုပညာအလုပ်တွေလုပ်ရင် ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်ကောင် နဲ့ကာရိုက်တာမျိုးကို ပဲ ရိုက်ဖြစ်မှာလေ။ ဆယ်တန်းပြီးသွားလို့ ပြန်ပြီး ရိုက်ရင်တောင် ကလေးနဲ့ပဲ တူတယ်လို့ ပြောတော့လည်း ကလေးပေါ့။ ကလေးသရုပ်ဆောင်ဘဝကနေ ကြီးလာတဲ့အထိ အောင်မြင်တဲ့မင်းသမီးက အန်တီအင်္ဂလန်စိန်ပေါ့နော်။ သူ့ကိုပဲသမီးမြင်မိတယ်။ ပြီးတော့မဝါဆိုမိုးဦး။ မဝါဆိုလည်း သူ့ဟာသူတော့ အောင်မြင်ပါတယ်။ လုပ်ပြီးတော့မှ ပျောက်သွားတယ်ဆိုတာမျိုးတော့ မတွေ့ဘူးသေးပါဘူး။ သမီးကတော့ ငယ်ငယ်လေးကတည်းက ကလေးသရုပ်ဆောင်အဖြစ်ပရိသတ် ကလက်ခံပြီးသားဆိုရင် သူတို့ရဲ့အနေအထားက မသေးဘူးလေ။ ကြီးလာလို့ အနုပညာအလုပ်တွေ ဆက်လုပ်ရင်လည်း အောင်မြင်မယ်လို့ ကိုယ့်ကိုကိုယ်ထင်ပါတယ်။”လို့ ဆိုသွားပါတယ်။
Saturday, September 6, 2014
ဒီနှစ် အကယ်ဒမီကို တစ်ခြားသူတွေအတွက် ရင်ခုန်ပေးနေပါတယ်လို့ ဆိုတဲ့ ယွန်းယွန်းက အင်္ဂလန်စိန်လို သရုပ်ဆောင်မျိုးဖြစ်အောင် ကြိုးစားသွားမယ်လို့ဆို
စန္ဒီ
Trend Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment