Tuesday, September 16, 2014

အတုလား၊ အစစ်လား



ယခုတလော အသံတွေကြားနေရ သည်။ “ပလက်ဖောင်းပျိုးခင်း” “ရသစာ ဖတ်ဝိုင်း”၊“ရသစုန်ဆန်ရေးသူဖတ်သူဆွေး နွေးပွဲ”စသည်ဖြင့် အသံမျိုးစုံဖြစ်သည်။ မိမိလည်းစာပေ၀ါသနာပါသူဖြစ်သည့် အလျှောက်စိတ်ဝင်စားမိသည်။ စပ်စုချင် မိသည်။ဒါကြောင့်ဘယ်လိုမျိုးလဲဟုစုံစမ်း ကြည့်သည့်အခါ “ပလက်ဖောင်းပျိုးခင်း” မှာမန္တလေးဘူတာကြီးအရှေ့ဘက်Fantasy Worldအဆောက်အအုံရှေ့ရှိပလက် ဖောင်း၌ ၆နှစ်/ ၇ နှစ်အရွယ်ကလေး သူငယ်များကို ည ၇ နာရီမှ ၉ နာရီအထိ စာသင်ပေးခြင်းဖြစ်သည်။ ၎င်းစာသင်မှု သည်ယခုနှစ်ဧပြီလတွင် စတင်ခဲ့ပြီး ဇွန်လလောက်တွင် ၇၈ လမ်းနှင့် ၃၁ လမ်း ထောင့်နေရာရှိမြန်မာ့ရှေ့ဆောင်ဘဏ်၏ပေါ်တီကိုအောက်နေရာသို့ရောက်ရှိခဲ့ သည်။ နောက်ဆက်တွဲသတင်းကြားသိရသည်မှာ၎င်းင်းအဖွဲ့သည်သက်ဆိုင်ရာအစိုးရ အဖွဲ့၏အစီအစဉ်ဖြင့် အမက (၂၀) သို့ပြောင်းရွှေ့သွားခြင်းပင်ဖြစ်သည်။ဒါက “ပလက်ဖောင်းပျိုးခင်း”ဟု ခေါ်ဝေါ်သော မန္တလေးမြို့မှကလေးများ အတွက် စာသင်ကြားပေးမှု၏ တစ်စိတ် အပိုင်းဖြစ်ပါသည်။

တစ်ဖန် ရန်ကုန်ဘူတာကြီးစင်္ကြံ ၂ ၌ကလေးသူငယ်များကို ဆရာ၊ ဆရာမ များကစာသင်ကြားမှုပြုလုပ်ပေးခြင်းကို ဇွန်လတတိယအပတ်တွင် ပြုလုပ်ခဲ့ ကြောင်းနှင့်ညနေပိုင်းတွင် စာသင်ကြား ပေးကြောင်းကြားသိရသည်။

ကလေးများကို မုန့်ဝေပေးခြင်း၊ မုန့် ဖိုးပေးခြင်းများလည်း ပြုလုပ်ပေးကြောင်း သိရပါသည်။ နောက်ပိုင်းတွင် ခရီးသည် များရထားပေါ်အတက်/အဆင်းပြုလုပ် ရာတွင်မလွတ်မကင်းအနှောင့်အယှက် ဖြစ်၍လည်းကောင်း၊ အန္တရာယ်ရှိနိုင်သဖြင့် လည်းကောင်းမီးရထားမှတာဝန်ရှိသူများ မေတ္တာရပ်ခံသဖြင့် ပလက်ဖောင်းပေါ်စာသင်မှုမှာလည်းတစ်စခန်းရပ်သွားခဲ့ပြန် သည်။ ဆက်လက်ကြားသိရသည်မှာ မြန်မာ့မီးရထားတာဝန်ရှိသူများက ၎င်းင်း ပလက်ဖောင်းပေါ်စာသင်မှုကိုဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တားမြစ်ခဲ့ သော်လည်းအဆင်ပြေနိုင်စေရန်အတွက် မြန်မာ့မီးရထားဓမ္မာရုံ၌ အေးချမ်းစွာ စာသင်ပေးနိုင်ရန် နေရာချပေးခဲ့ကြောင်း ကြားသိခဲ့ရသည်။

ဤနေရာတွင် ကျွန်တော်“မောင်မောင် တွေး”စဉ်းစားမိသည်မှာဤကဲ့သို့ “လမ်း ဘေးစာသင်ကြားမှု၊ ပလက်ဖောင်းပေါ် စာသင်ကြားမှုမျိုး” ယခင်ကမကြုံဖူး၊မကြားခဲ့ဖူးပါ။ အခြေအနေမဲ့ (သို့မဟုတ်) ကလေးသူငယ်များကို စာပေသင်ကြား ပေးသည်မှာရည်ရွယ်ချက်ကောင်းပါသည်။ တန်ဖိုးလည်းရှိသည်။ကလေးသူငယ်များ ၏ဘ၀မြှင့်တင်ရေးဖြစ်၍လည်းကောင်း၊ မိဘများမအား၍ မတတ်နိုင်၍ထိန်းကျောင်း ပေးခြင်းမပြုနိုင်သည်ကို ၀ိုင်းဝန်းစောင့်ရှောက်ပေးရာရောက်သဖြင့်လည်းကောင်း အင်မတန်ကောင်းမွန်ကုသိုလ်ရသည့်ကိစ်္စ ဖြစ်ပေသည်။

ပညာရေးနှင့် ပတ်သက်၍ “အလိမ္မာ စာမှာရှိ”၊ “ပညာရွှေအိုးလူမခိုး၊ဥစ္စာဟူသည် မျက်လှည့်မျိုး”၊ “ပညာရဲရင့်ပွဲလယ်တင့်” စသည့်ဆိုရိုးစကားများငယ်ငယ်ကတည်းကကြားဖူးခဲ့ပါသည်။

သည့်အတွက်ပညာရေးနှင့် ပတ်သက် ၍ကိုယ်ကမတတ်နိုင်သော်လည်းသူများ လုပ်တာကိုအားပေးချင်သည်၊ မြှောက် စားပေးချင်ပါသည်။ သို့ပါသော်လည်းဤသို့လုပ်ဆောင်မှုသည်သွေးရိုးသားပဲ လား၊ နိုင်ငံရေးအသွေးအရောင်များပါနေ လားဆိုတာကိုတော့စဉ်းစားမိပါသည်။ ဘာလို့လဲဆိုတော့ စာသင်ကြားရာနေရာများသည်မြို့တစ်မြို့၏လူစည်ကားရာ အဓိကအချက်အချာကျသည့်နေရာများ ဖြစ်ပြီး လူစုရန်၊ ရုတ်ရုတ်သဲသဲဖြစ်ရန် လွယ်ကူသောနေရာများဖြစ်သည်။အရောင်အသွေးရှိသူများအမြတ်ထုတ်၊ လိုရာဖန်တီးပုံဖော်ချင်ကပုံဖော်နိုင်သော နေရာများဖြစ်သည်။ သို့ဖြစ်ပါ၍ ဤကိစ္စ ကိုလည်းသတိထားရန်လိုအပ်ပါသည်။

ကျွန်တော် “မောင်မောင်တွေး” သည် ခေတ်ပညာတတ်ကြီး မဟုတ်ပါ။ သာမန် စာဖတ် ၀ါသနာပါသော ပြည်သူ ပြည်သား တစ်ယောက်အဖြစ်ပါသည်။နိုင်ငံရေးလည်းမလုပ်ပါ။ အိမ်တွင် ပေါ့ ပေါ့ပါးပါးနေထိုင်ပြီးစာဖတ်TV ကြည့်ပြီး ထမင်းကြမ်းကိုယပ်ခပ်စားချင်သူလည်း ဖြစ်ပါသည်။ အဖွဲ့အစည်းများ၊ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး လူမှုရေးကိစ္စများ အားမလွှဲမရှောင်သာလုပ်ရသည်မှလွဲ၍ ကျန်ကိစ္စများကို ခေါင်းရှုပ်မခံလိုသူ၊ အေး အေးဆေးဆေးနေလိုသူ ဖြစ်ပါသည်။တစ်ခြားတက်ကြွလှုပ်ရှားသူများကိုလည်း ငယ်ငယ်တုန်းကဘိုင်စကုပ်ထဲမှာကြည့်ဖူး တဲ့ လူကြမ်းမင်းသားစံတင်ပြောသည့် “ကိုယ်ထမင်းကိုယ်စားပြီး အေးအေးဆေးဆေး နေကြစမ်းပါဗျာ”ဟု ပြောချင်သူ လည်းဖြစ်ပါသည်။

သို့ပါသော်လည်း ယခုကိစ္စနှင့် ပတ်သက်၍အေးအေးဆေးဆေးနေလိုပါ သော်လည်း နိုင်ငံသားတစ်ယောက်အနေ ဖြင့် စဉ်းစားမိသည်ကို စိတ်ထဲရှိသည့် အတိုင်းရင်ဖွင့်မိခြင်းသာ ဖြစ်ပါသည်။ ကိုယ့်တိုင်းပြည်ကို ငြိမ်းချမ်းစေချင်သည်။ လူသားများအားလုံးမေတ္တာတရားများနှင့် ထုံမွမ်းပြီး ကျန်းမာချမ်းသာစေချင်သည်။ ယခင်ကြုံတွေ့ခဲ့ရသည့်အဖြစ်ဆိုးများကို ပြန်မရောက်လို၊ ရှင်းရှင်းပြောရလျှင် ယောင်လိုတောင်မကြားလို၊ တွေးလည်း မတွေးလိုပါ။ မသမာသူများ၏ နောက်ကွယ်ကကြိုးကိုင်ဖန်တီးခြင်းမျိုးဖြစ်မှာစိုး ရိမ်မိသည်။ ကျွန်တော် “မောင်မောင်တွေး” ၏ အတွေးများအတွေးချော်၊ အတွေး လွန်ခဲ့သည် ဆိုရင်တော့ သည်အတွေးအမှားများအတွက် ၀န္ဒာမိပါ၊ နောက်ထပ် တစ်ခုမှာ ဇူလိုင်လအတွင်း ရန်ကုန်ဘူတာ ကြီးအနီးရှိလပ်ကီးဖလားဝါးလက်ဖက် ရည်ဆိုင်၌ စာရေးသူများ၏ “ရသစာဖတ်ဝိုင်း” အစီအစဉ်ပြုလုပ်ခဲ့မှုဖြစ်သည်။ စာရေးဆရာအကျော်အမော်များတက် ရောက်ပြီး ရေးသားသောဝတ္ထု၊ ဆောင်းပါး များအတွက် ဖတ်ကြားမှုများပြုလုပ်ခဲ့ သည်။စာရေးဆရာ၊ ဆရာမစုစုပေါင်း ၅၀ ဦးခန့်တက်ရောက်ခဲ့သဖြင့် တစ်ဆိုင် လုံးနီးပါးပင်ဖြစ်ပါသည်။ ဤသည်ကို လည်းမဝေဖန်လိုပါ၊ ကောင်းတာလုပ်သည့်ကိစ္စပင်ဖြစ်သည်။ သို့ပါသော်လည်း ယခုလိုကိစ္စများကို အေးအေးချမ်းချမ်းရှိ သည့်သီးသန့်နေရာအဆောက်အအုံတစ်ခု ခု၌ လုပ်မည်ဆိုပါကပို၍ထိရောက်မှုရှိ မည်ထင်ပါသည်။ လူရှုပ်ပြီးကားအသွား အလာများသည့်နေရာဖြစ်သဖြင့် ဆူညံမှု၊ အမြင်အာရုံရှုပ်ထွေးမှုများရှိနိုင်ပါသည်။ မိမိဖတ်ကြား ဆွေးနွေးရမည့် စာအပေါ် အာရုံစူးစိုက်မှု လျော့ပါးနိုင်သည်။ လက်ဖက်ရည်ဆိုင်ဖြစ်၍ ဆိုင်ရှင်နှင့် သောက်သုံးသူများ၏စိတ်ကျေနပ်မှု၊ ငွေ ကြေးထိခိုက်မှုရှိ/မရှိကိုလည်းစဉ်းစားရန် လိုပါမည်။ကျွန်တော် “မောင်မောင်တွေး” သည်လည်းစပ်စုတတ်သူတစ်ယောက်ဖြစ် ၍ လက်ဖက်ရည်ဆိုင်နှင့် ပတ်သက်သူ တစ်ဦးကိုရောင်းကောင်းရဲ့လား၊ ဒီလို စာဖတ်ဝိုင်းလုပ်တာ သဘောကျလားဟု မေးမိသည်။ ၎င်းမှ “ရောင်းကောင်းပါ တယ်ဘာမှပြောစရာမရှိပါဘူး”ဟု ဖြေကြား ခဲ့ပါသည်။ မိမိတွေးမိသည်ကတော့ ဈေးသည်ရဲ့သဘောမှာမိတ်မပျက်လို၍ဆန့် ကျင်တဲ့စကား၊ တစ်ဖက်သားမနှစ်မျို့တဲ့ စကားတော့ပြောမှာမဟုတ်ဘူး။ ဆန့်ကျင် ဘက်လုပ်မိလို့ ကလောင်သွားစာမိသွားလို့ကတော့ လက်ဖက်ရည်ဆိုင်လည်း ရောင်းကောင်းမှာ မဟုတ်တော့ဘူး။ မိတ်လည်းပျက်သွားနိုင်တယ်။ ဒါကြောင့် မို့ဘာမှ အတိုက်အခံမလုပ်တဲ့ သဘောဖြစ်နိုင်တယ်လို့စဉ်းစားတွေးတောမိပါ သည်။

လက်ဖက်ရည်ဆိုင်၌ လက်ဖက် ရည်တစ်ခွက်မှာ ရေနွေးခရားတစ်အိုး သောက်ပြီးဝေဖန်လေကန်မှုများကြောင့် ဆိုင်ရှင်အတွက်ဝင်ငွေလည်းတိုးမလာ၊ သောက်သုံးသူလည်းတော်ရုံတန်ရုံမလာရဲတဲ့ ဖြစ်စဉ်များကြားဖူးနေခြင်းများကြောင့် ယခုကိစ္စမှာလည်းရောင်းသူဝယ်သူအတွက် အဆင်ပြေနိုင်ကြစေဖို့ဆန္ဒပြုမိပါသည်။ ယခုပြုလုပ်တဲ့ “ရသစာဖတ်ဝိုင်း” ကိုလည်း “ပလက်ဖောင်းပျိုးခင်း” အပေါ်ကျွန်တော် “မောင်မောင်တွေး” အတွေးခေါင်မိသလို အရောင်အသွေးပါတာမျိုးလည်းမဖြစ် ပါစေနဲ့လို့ စိတ်ထဲဖြစ်မိပါသည်။။

နောက်ဆုံးကြုံတွေ့ခဲ့ရတာကတော့ ရန်ကုန်မြို့ပတ်AirCon ရထားပေါ် စက်တင်ဘာလတွင်းမှာ ပြုလုပ်ခဲ့တဲ့ “ရသအစုန်အဆန်ရေးသူဖတ်သူဆွေးနွေး ပွဲ”ပွဲဖြစ်ပါသည်။ ဒီလိုလုပ်ဆောင်မှုက လည်း ထူးဆန်းနေသည်။ ဒီလိုကိစ္စမျိုး လုပ်လျှင် ဆိတ်ငြိမ်သောနေရာ၊ လုံခြုံ အေးချမ်းသောနေရာဖြစ်ရန်နှင့် ပတ်ဝန်း ကျင်မှာသာသာယာယာလေး ရှိနေလျှင် ပိုကောင်းမလားဟု တွေးမိသည်။ ဒါမှ အကြံကောင်း၊ ဉဏ်ကောင်း၊ အတွေး အခေါ်ကောင်းများ ထွက်ပေါ်လာနိုင် သည်။တစ်ဦးတစ်ယောက်ချင်းစီ၏ အကြံဉဏ်၊ အတွေးအမြင်များဖလှယ်နိုင် လွတ်လပ်စွာပြောဆိုနိုင်မည်ဖြစ်သည်။ ယခုမှာလှုပ်လှုပ်ရှားရှားသွားလာနေသောမီးရထားပေါ်မှာပြုလုပ်ခြင်းဖြစ်၍ ရထား သံ၊ လူသံ၊ အခြားဆူညံသံများ၊ ပတ်ဝန်း ကျင်အမြင်ရှုပ်ထွေးမှုများကြောင့် ဤသို့ ပြုလုပ်သော “ရေးသူဖတ်သူဆွေးနွေးပွဲ” ကအောင်မြင်သောဆွေးနွေးပွဲများဖြစ် နိုင်ပါမလား။ အကြံကောင်းဉဏ်ကောင်း များရောထွက်လာနိုင်ပါ့မလားဆိုတာ တွေးမိသည်။ မကြာခင်မှာလည်းသင်္ဘောပေါ်မှာလုပ်မည်ဟုကြား သိရသည်။

နောင်တွင်လေယာဉ်ပေါ်မှာတောင် လုပ်မလားမသိ၊ စတန့်ထွင်တာလား။ လူ အထင်ကြီးအောင်လုပ်တာလားဆိုတာ ကိုတော့ကျွန်တော် “မောင်မောင်တွေး”မစဉ်းစားတတ်တော့။ ကျွန်တော် “မောင်မောင်တွေး” စာတတ်ပေတတ်ကြီး လည်းမဟုတ်၊အတွေးအခေါ်ပညာရှင်လည်း မဟုတ်ပါ၊ဒါပေမဲ့ဉဏ်မီသလောက်စဉ်းစားကြည့်မိတာကတော့ ဒီလိုလုပ်တာတွေ ဟာရည်ရွယ်ချက်ကဘာလဲ၊ ထိရောက်မှု ရှိလား၊ အကျိုးဖြစ်ထွန်းသလား၊ စာပေ လောကအသိုင်းအ၀ိုင်းမှာ တိုးတက်မှုတွေရှိလာသလား၊ အမှန်အကန်တိုးတက်မှု တွေရှိလာတာကြောင့် အားပေးသင့် လား၊ သို့လော သို့လောတွေးမိပါသည်။

အများလက်ခံလို့တိုးတက်မှုရှိလာ တာဆိုရင်တော့ကျွန်တော် ““မောင်မောင် တွေး”” လည်းအားပေးသူတစ်ယောက် အဖြစ်ပါဝင်လာမှာပါ။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်မှုတွေဟာ ရိုးရိုးသားသားပဲလား၊ နောက်ကွယ်မှာအရောင်အသွေးတွေရှိ နေသလားဆိုတာကိုတော့ ၀ိုင်းဝန်းစဉ်း စားကြဖို့လိုပါလိမ့်မယ်။ ဒီလိုလုပ်ဆောင်တာအမှန်အကန်ဆိုရင်တောင်ပတ်ဝန်း ကျင်ကိုဂရုပြုဖို့၊ ခရီးသွားပြည်သူတွေကို မထိခိုက်စေဖို့လိုပါမည်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် ““မောင်မောင်တွေး”” မြန်မာ့မီးရထားမှ ဘောင်းဘီနက်ပြာ၊ အင်္ကျီဖြူဝတ်ထားတဲ့ ၀န်ထမ်းတစ်ဦးကိုစပ်စုမေးမြန်းမိပြန်ပါ သည်။ဒီလိုရထားပေါ်မှာ ““စာပေဆွေး နွေးပွဲ”” လုပ်တာမြန်မာ့မီးရထားက တရား ၀င်ခွင့်ပြုထားသလား။ ရထားတစ်တွဲလုံး ငှားပေးထားသလားဆိုတာမေးမိပါသည်။ အဲဒီဝန်ထမ်းပြန်ရှင်းပြတာကတော့ ရန် ကုန်မြို့ပတ်လမ်းပိုင်းမှာ ရထားတွဲလိုက် ငှားရမ်းမှုမရှိကြောင်း၊ ခရီးဝေးလမ်းပိုင်း ရထားများကိုတော့သတ်မှတ်နှုန်းထား ပေးဆောင်၍ တွဲငှားရမ်းနိုင်ကြောင်း၊ မြို့ပတ်လမ်းပိုင်းမှာတော့ ခရီးသည်များ ရရှိသင့်တဲ့အခွင့်အရေးအတိုင်း လက်မှတ် လာရောက်ဝယ်ယူသူတိုင်းကို ရောင်းပေး ရကြောင်း၊ ““ဟောပြောဆွေးနွေးပွဲ”” များ အတွက် ခွင့်ပြုထားခြင်းလည်းမရှိကြောင်း ပြန်လည်ဖြေကြားပေးပါသည်။

၎င်းကဆက်လက်ပြီး ““ကျန်ခရီးသွား တွေအနှောင့်အယှက်ဖြစ်ရင်လည်းမကောင်း ဖူးပေါ့”” ၊ ပြည်သူရဲလက်စွဲ(တတိယတွဲ) မှာလည်း ““မီးရထားစီးနင်းလိုက်ပါသူတို့ ငြိမ်သက်ချမ်းသာစွာနေထိုင်သည့် အရာ ကိုနှောင့်ယှက်ခြင်း”” ဆိုတဲ့အချက်နဲ့ ““မီးရထားနယ်မြေအတွင်းမည်သည့်နိုင်ငံ ရေးအစည်းအဝေးကိုမျှကျင်းပခြင်းမပြုရ”” ဆိုတဲ့ အချက်အလက်များလည်း ပါရှိ ကြောင်း ၎င်းက မိမိမမေးသော်လည်း စိတ်ရှည်လက်ရှည်ရှင်းပြနေပါသည်။

““ဒီစာဖတ်ဝိုင်းနဲ့ပတ်သက်လို့ရော ဘယ်လိုသဘောရလဲလို့”” မိမိကထပ်မံမေး မြန်းရာ ၎င်းက ““ဘာမှ မဝေဖန်လိုပါ ကြောင်း”” အဓိကမှာမိမိတို့မီးရထားအနေ နဲ့ လက်မှတ်လာဝယ်သူကို လက်မှတ် ရောင်းချပေးရကြောင်း၊ ပြည်သူများ အနှောင့်အယှက်မဖြစ်ဘဲအစစအရာရာ အဆင်ပြေစေဖို့အတွက်သာ ၀န်ဆောင် မှုပေးလိုကြောင်းဖြေကြားခဲ့သည်။

ကျွန်တော် ““မောင်မောင်တွေး”” အိမ်အပြန်လမ်းခရီးတွင် အတွေးမျိုးစုံနှင့် ပြန်လာခဲ့မိသည်။ ““ပလက်ဖောင်းပျိုးခင်း””၊ ““ရသစာဖတ်ဝိုင်း””၊ ““ရသစုန်ဆန် ရေးသူ ဖတ်သူဆွေးနွေးပွဲ”” စသည်ဖြင့် စဉ်းစား လာခဲ့မိသည်။ သည်အရာတွေဟာ ““အတုလား၊ အစစ်လား””၊ ““အရောင် အသွေးပါလား”” ““ကောင်းတာလား”” ““ဆိုးတာလား”” စသည်ဖြင့်ပေါ့၊ ရင်ထဲက ဖြစ်မိသည်ကတော့ အများပြည်သူများ လည်းဒါတွေကို ““သတိထားဂရုပြုပေးပါ””၊ အားပေးစရာရှိရင်အားပေးမယ်၊ တားဆီး ထိန်းသိမ်းဖို့လိုရင် တားဆီးမယ်၊ အဓိက ကတော့ ““ပြည်ထောင်စုကြီးမပြိုကွဲဖို့ အတွက် စစ်မှန်သောနှလုံးသားများနဲ့ သတိရှိရှိရှေ့ကိုလမ်းဆက်လျှောက်ဖို့ပါ””။

မောင်မောင်တွေး
hotnewsweekly.com

0 comments:

Post a Comment