ဂျာမနီသမ္မတ ဂျိုအာချင်ဂေါက်
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဂျာမနီနိုင်ငံက ပူးပေါင်းကူ ညီမည်ဖြစ်ကြောင်း ကတိပြုပြီး မြန်မာ့ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်များအပေါ် ဂျာမနီနိုင်ငံက အား ပေးကြောင်း ဂျာမနီသမ္မတ ဂျိုအာချင်ဂေါက်က ပြောကြားသည်။စက်တင်ဘာ ၄ ရက်က ဂျာမနီနိုင်ငံသို့ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှု တွင် မြန်မာ့အရေးဆွေးနွေးစဉ် ဂျာမနီသမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာ-ဂျာမနီနှစ်နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီ ချက်မူဘောင်ကို သမ္မတနှစ်ဦး တွေ့ဆုံမှုအပြီးတွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သမ္မတဦးသိန်း စိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် က ပြောသည်။
‘‘သမ္မတနှစ်ဦးတွေ့ဆုံမှုက နေပူးပေါင်းဆောင်ရွက်ရေးသ ဘောတူညီချက် မူဘောင်ကို လက် မှတ်ရေးထိုးလိုက်နိုင်တယ်။ ဘယ် လိုပုံစံနဲ့ ပူးပေါင်းသွားမယ်ဆိုတာ တော့ ဆက်ပြီးဆွေးနွေးဆဲ အဆင့်ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။သမ္မတနှစ်ဦးတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေး၊ ပညာ တော်သင်ဆုများ တိုးမြှင့်ပေးရေး နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု ၎င်း က ဆက်လက်ပြောကြားသည်။
ဂျာမနီသမ္မတ ဂျိုအာချင် ဂေါက်မှာ မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအတွင်း လာ ရောက်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဇွန်လအတွင်းက ဒေါ်အောင်ဆန်းစု ကြည်က ဂျာမနီနိုင်ငံမှပေးအပ် သော Willy Brandt ဂုဏ်ပြုဆုလက်ခံရယူရန် ဂျာမနီနိုင်ငံသို့ သွား ရောက်ခဲ့ပြီး သမ္မတဂျိုအာချင် ဂေါက်နှင့် တွေ့ဆုံခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ်က မြန်မာ့ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်ကို အသိအ မှတ်ပြုသော်လည်း ၂၀၁၅ ရွေး ကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတရန်လိုကြောင်း ပြောကြား ထားသည်။
‘‘၀န်ကြီးချုပ်နဲ့ကတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် တွေ၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး၊ အာဆီယံဒေသတွင်းဆိုင်ရာ ဆက်ဆံရေးအခြေအနေ၊ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနဲ့ စာနယ် ဇင်းလွတ်လပ်ခွင့်တို့ကို ဆွေးနွေး ခဲ့တယ်’’ဟု ဦးရဲထွဋ်က ပြောသည်။သမ္မတ ဦးသိန်းစိန်သည် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည် ဆောက်ပုံနှင့် ပတ်သက်၍ လေ့ လာလိုကြောင်း ဂျာမနီနိုင်ငံခရီး စဉ်အတွင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားထားသည်။
သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၅ ရက်တွင် ဆွစ်ဇာလန် နိုင်ငံသို့ ဆက်လက်ထွက်ခွာသွား ပြီး ဆွစ်ဇာလန်သမ္မတနှင့် တွေ့ဆုံမည် ဖြစ်သည်။
Friday, September 5, 2014
မြန်မာ့နိုင်ငံရေး စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် ကူညီမည်ဟု ဂျာမနီသမ္မတကတိပြု
7Day Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment