Monday, September 15, 2014

စက်တင်ဘာအစည်းအဝေး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန်နောက်ဆုံးအစည်းအဝေးဖြစ်နိုင်ဟု ဆို

လာမည့် ၂၂ ရက်တွင် ပြုလုပ်မည့် UPWC နှင့် NCCT တို့၏ အစည်းအဝေးမှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး အတွက် ပြုလုပ်သည့် နောက်ဆုံးအစည်းအဝေးဖြစ်နိုင်ခြေ အလား အလာများနေကြောင်း နှစ်ဖက်စ လုံးက ပြောကြားသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) တို့၏ စက် တင်ဘာလ ၂၂ ရက်တွင် စတင်ပြုလုပ်မည့် NCA မူကြမ်းဆွေးနွေးပွဲ မှာ တရားဝင် (၆)ကြိမ်မြောက် ဖြစ်သည်။‘‘ကျွန်တော်တို့ဘက်က ဒီ ဟာ နောက်ဆုံးဖြစ်ဖို့ မျှော်လင့်ပါ တယ်။ NCA လက်မှတ်ထိုးဖြစ်ရင် အစည်းအဝေးပွဲအပြီးမှာ သုံးပတ် လောက် အနည်းဆုံးအချိန်ယူပြီးမှ လက်မှတ်ထိုးနိုင်မယ်။ ဒီအတော အတွင်း သက်ဆိုင်ရာခေါင်း ဆောင်တွေဆီ ပြန်ပြီးတော့ ပြင် ဆင်ရမှာပါ။ လက်မှတ်ထိုးတာကို နေပြည်တော်မှာ လုပ်မှာပါ’’ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မူကြမ်းပါအခန်း (၇)ခန်း၊ အချက်ပေါင်း (၁၂၂) ချက်ရှိသည့်အနက် ယခု အခါ အချက် (၄)ချက်သာ ဆွေး နွေးသဘောတူရန် ကျန်ရှိတော့ သည်။ ယင်းလေးချက်မှာ အခန်း (၂)ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှ တစ်ချက်၊ အခန်း (၃) ပတ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာမှ တစ်ချက်၊ အခန်း (၅)နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များမှ တစ်ချက်နှင့်အခန်း (၆) ဆက် လက်ဆောင်ရွက်ရမည့် ကိစ္စရပ် များမှ တစ်ချက်တို့ဖြစ်ကြသည်။

‘‘ဆွေးနွေးချက်တွေက နှစ် ဖက်စလုံးညှိနှိုင်းနိုင်ရင် နောက်ဆုံးရဲ့ နောက်ဆုံးဖြစ်နိုင်ပါတယ်။ ကျန်နေတဲ့ အချက်တွေမှာ အဓိကက အစိုးရက သဘောတူဖို့ပဲ ဖြစ် တယ်’’ဟု NCCT အဖွဲ့ဝင် ဒေါက် တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ထိုင်းနိုင်ငံ ချင်းမိုင်တွင် NCCT ခေါင်းဆောင်များ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။ UPWC နှင့်NCCT ကြား သြဂုတ်လအစည်း အဝေးကို ပြန်လည်သုံးသပ်ခြင်း နှင့် ရှေ့လာမည့်အစည်းအဝေး အတွက် ပြင်ဆင်ခြင်းတို့ကို ဆွေး နွေးခဲ့ကြကြောင်း သိရသည်။ စက် တင်ဘာအစည်းအဝေးအတွက် NCCT ဘက်က အတတ်နိုင်ဆုံး ပြင်ဆင်ထားသည်ဟု ဆိုသည်။

လာမည့် အစည်းအဝေးတွင် ဆွေးနွေးရမည့်အချက်များမှာ အ ပစ်ရပ်ပြီးကြားကာလတွင် တပ် နေရာချထားရေးအပါအ၀င် တပ် များပုံမှန်ရပ်တည်ရေး၊ အပစ်ရပ် ပြီးနောက် တပ်သားသစ်စုဆောင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ၌ တက်ရောက်မည့်အစုအဖွဲ့အရေ အတွက်တို့နှင့် ပတ်သက်သည့်အ ချက်များ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် NCA လက်မှတ်ထိုးရာတွင် ပါဝင်မည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းနှင့်ပတ်သက်၍လည်း ညှိနှိုင်းရန် ကျန်ရှိနေသေးသည်။ ကျန်ရှိနေသည့် အချက်များတွင် စစ်တပ်ပိုင်း ဆိုင်ရာအချက်များ အများစုပါနေသည်နှင့် ပတ်သက်၍ ‘‘တပ်မတော် ဘက်ကလည်း၊ အစိုးရဘက်က လည်း ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကို လိုလားနေ တယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ကြိုးစားပြီးတော့ ဆွေး နွေးညှိနှိုင်းသွားရမှာပါ’’ဟု ဒေါက် တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။

ယခင်အကြိမ်များက ပြုလုပ် ခဲ့သော NCCT နှင့် UPWC တို့၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်းအစည်း အဝေးများသို့ တပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင် ၀င်း၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး နှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ် ချုပ်ကြီး ရဲအောင်တို့ တက်ရောက် ခဲ့လေ့ရှိသည်။

ဆွေးနွေးပွဲကို သုံးရက်ကြာ ပြုလုပ်ရန် အစိုးရဘက်က အဆို ပြုထားပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဘက်က ငါး ရက်ကြာပြုလုပ်လိုသည်ဟု ဆို သည်။

စက်တင်ဘာအစည်းအဝေး ပြီးနောက် အောက်တိုဘာလခန့် တွင် NCA လက်မှတ်ရေးထိုးနိုင် ပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်း ပနိုင်ရန် အစိုးရအဖွဲ့က ရည်မှန်း ထားကြောင်း အစိုးရ၏ ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့ကို ဦး ဆောင်နေသူ ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက မကြာသေး မီက ပြောကြားထားသည်။

7Day Daily

0 comments:

Post a Comment