ရန်ကုန် ဆေးရုံကြီး၌ တက်ရောက်နေကြသည့် လူနာများကို အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေး နေသကဲ့သို့ မန္တလေး ဆေးရုံကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နိုင်ငံပိုင် ဆေးရုံကြီး များ၌လည်း အဆိုပါ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အတွက် တိုးတက် ရရှိလာသည့် ဘဏ္ဍာငွေ များဖြင့် ဆေးရုံသို့ လာရောက် ပြသသော လူနာများမှ စိုက်ထုတ် ကုန်ကျငွေ ကျဆင်းစေရန် အတွက် သြဂုတ် ၁ ရက်မှ စတင်ကာ အခမဲ့ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ယင်း ဝန်ဆောင်မှုများမှာ သွေးသွင်း ကုသရန် လိုအပ်သော အတွင်း လူနာများအား အခကြေးငွေ ပေးရန် မလိုဘဲ သွေးသွင်း ကုသပေးခြင်း၊ အရေးပေါ်နှင့် ပြင်ပလူနာ ဌာနသို့ လာရောက်ပြသသော လူနာများနှင့် ဆေးရုံသို့ တက်ရောက် ကုသနေသော လူနာများ အတွက် ဆေးမှတ်တမ်း စာအုပ်များကို အခမဲ့ ဆောင်ရွက်ပေးခြင်း တို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အရေးပေါ် လူနာများ အတွက် အခြေခံ ဓာတ်ခွဲ စမ်းသပ်မှုများ၊ Digital X-Ray ရိုက်ကူးမှုများနှင့် Ultrasound ရိုက်ကူးမှုများကို အခမဲ့ ဆောင်ရွက်ပေးလျက် ရှိပြီး အတွင်းလူနာများ အတွက် အချို့သော ဓာတ်ခွဲ စမ်းသပ်မှုများကို အခမဲ့ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ပေးခြင်း၊ အတွင်းလူနာ များနှင့် အရေးပေါ် လူနာများ အတွက် အခြေခံ ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို အခမဲ့ ထောက်ပံ့ ပေးခြင်းများ ကိုပါ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ပြည်သူ များ၏ အကြံပြုချက်များမှ လတ်တလော ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်းမှာ ပြည်ထောင်စု အစိုးရအဖွဲ့က ကျန်းမာရေး အသုံးစရိတ် တိုးမြှင့် ချပေးခြင်းကြောင့် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
မြ၀တီ
0 comments:
Post a Comment