မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကျောင်းဆရာမနှစ်ဦး၏ အမှုနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင်များ၏ လက်ဗွေရာနှင့် DNA များကို လုံးဝအစစ်ဆေးခံမည် မဟုတ်ကြောင်း KIA မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူတစ်ဦးက ပြောကြားသည်။“ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ ဖော်ယူဂွမ်က KIA တပ်ဖွဲ့ဝင် မဟုတ်ဘူး။ KIA ဘက်ကလည်း ဒီပြစ်မှုကို တပ်မတော်ဘက်က ကျူးလွန်တာလို့ မြင်တယ်။ KIA ရဲ့ ရာဇဝင်မှာ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာ မရှိဘူး။ ဒါကြောင့် အမှုနဲ့ ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးခွင့်ပေးပါ ကမ်းလှမ်းခဲ့လည်း KIA ဘက်က လုံးဝ အစစ်မခံနိုင်ဘူး”...