Friday, January 9, 2015

"လွတ်လပ်ခြင်း လမ်းကြောင်းပေါ်မှ အမျိုးစောင့်ဥပဒေ"

"လူအမျိုးမျိုး စိတ်ထွေထွေ" ဆိုဘိသကဲ့သို့ တစ်ချို့က မိမိလူမျိုး မိမိဘာသာ မိမိသာသနာကို လွန်စွာ မြတ်နိုးတတ်ကြ၏။ တစ်ချို့က ထိုသို့မဟုတ်၊ တစ်ချို့က ဘာသာခြား လူမျိုးခြားများနှင့် သွေးမနှောလိုကြ၊ တစ်ချို့ကြပြန်တော့ ထိုသို့မဟုတ်၊ တစ်ချို့က ဘာသာခြား လူမျိုးခြားများနှင့် အိမ်ထောင်မပြုကြ၊ သို့သော် တစ်ချို့ကြပြန်တော့ ထိုသို့မဟုတ်၊ တစ်ချို့က ဘာသာခြား လူမျိုးခြားနှင့် ကင်းကင်းရှင်းရှင်း နေထိုင်လိုကြ၊ တစ်ချို့ကြတော့ ထိုသို့မဟုတ်၊ တစ်ချို့က ဘာသာခြား လူမျိုးခြားများနှင့် အိမ်ထောင်ပြုပါလျှင် ဘာသာရေး အဆုံးအမများ ဆုံးရှုံးရတတ်ကြောင်း သိကြပေမယ့် တစ်ချို့ကတော့ ထိုသို့မဟုတ်။
ဘာသာတူအချင်းချင်း၊ မျိုးနွယ်တူအချင်းချင်း ပေါင်းသင်းခြင်းဖြင့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ဘာသာရေးမှာ အခက်အခဲ အကျပ်အတည်း အပိတ်အပင် အတားအဆီးမရှိ ငြိမ်းချမ်းသာယာသော ဘဝပိုင်ရှင်များ ဖြစ်နိုင်ကြောင်း မီးမောင်းထိုးပြ လမ်းကြောင်းအမှန်ဖွင့်ပြနေသူများရှိသကဲ့သို့၊ ထိုလမ်းကြောင်းမှန်များကို အတိုက်အခံလုပ်ကာ ကျောခိုင်းနေသူများ ဆန့်ကျင်နေသူများ၊ ကန့်လန့်တိုက် နေသူများလည်း ဒုနှင့်ဒေးပင်။


မည်သို့ပင်ဆိုစေကာမူ တရားမျှခြင်းသက်သက် လွတ်လပ်ခြင်းလမ်းကြောင်းပေါ်မှ အမျိုးစောင့်ဥပဒေကမူ ကျောသား ရင်သားမခွဲခြားဘဲ ပြည်သူများအတွက်၊ အမျိုးသမီးအတွက်၊ လောကငရဲသို့ မကျရောက်ရလေအောင်၊ အဆိပ်သင့်ပန်းတစ်ပွင့်မဖြစ်စေရလေအောင်၊ ထို့ထက်ပို၍ ပြောရမည်ဆိုပါလျှင် အမြှောင်မယားဘဝ မကျရောက်ရအောင် အကာအကွယ်တစ်ခုအနေဖြင့် တည်ရှိနေခြင်း၊ ပြဌာန်းပေးစေလိုခြင်း မျှသာ။ ထိုထက်ပိုသော ပြည်သူများရဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးကို စိုးစဉ်းမျှ ဟန့်တားခြင်း၊ ပိတ်ပင်ခြင်းမရှိ၊ ဒီဥပဒေကို (လုံးဝ) လိုက်နာရမည်ဟူသော အာဏာသံ၊ ရာဇသံပေးခြင်းမရှိ၊ ဒီဥပဒေကို မလိုက်နာလျှင် ဘယ်လိုအပြစ်ပေးမည်ဟု ခြိမ်းခြောက်သံမရှိ၊ ဒီဥပဒေကို လိုက်နာလျှင် ဒီဆုလာဘ်၊ ဒီဥပဒေကို ချိုးဖောက်လျှင် ဒီဒဏ်ဟူသော ဆုပေး ဒဏ်ခတ်သည့်စနစ်မဟုတ်၊ ငရဲနှင့်ခြောက်၊ နိဗ္ဗာန်နှင့်မြှောက်သည့် ဥပဒေမဟုတ်၊ ဒီဥပဒေ လိုက်နာသူကို ဒီနေရာ ဒီရာထူး ၊ ဒီဥပဒေကို မလိုက်နာလျှင်ဒီနေရာ ဒီရာထူး ဟူသော အဂတိ လိုက်စားမှုမရှိ ပကတိ ဖြူစင်သန့်ရှင်းနေသည်သာ။ ရန်သူ မိတ်ဆွေ၊ ငါ့အမျိုး သူ့အမျိုး၊ ငါ့လူ၊ သူ့လူ၊ ငါ့ပါတီ၊ သူ့ပါတီ စတဲ့ ငါ-စွဲ အတ္တလည်းမရှိ၊ ပကတိ ဖြူစင်သန့်ရှင်းနေသည်သာ။ အချုပ်အနှောင်ကင်းမဲ့ပြီး လက်ခံလိုကလက်ခံနိုင်ပြီး လက်မခံလိုကငြင်းပယ်နိုင်သည့် လွတ်လပ်ခြင်းအသွင်ဆောင်သည့် ဥပဒေမျိုးပါ။ထိုဥပဒေကို ဖော်ဆောင်ပုံဖော်နေသူများက စာမတတ်ပေမတတ် သူငယ်တန်း၊ မူလတန်းမဟုတ်၊ တကယ့် ကျမ်းတက်အကျော်၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို ကိုယ်တိုင်လည်းကျင့်၊ သူတစ်ပါးလည်း ကျင့်နိုင်အောင် နည်းမှန် လမ်းမှန် ညွှန်ကြားဆုံးမတော်မူနေကြသော၊ "ပြည့်သောအိုး ဘောင်ဘင်မခတ်" ဟု ဆိုသကဲ့သို့ ပညာရှိယောင် မဆောင်တတ်သော သာသနာ့အာဇာနည် သံဃာတော်အရှင်မြတ်များ၊ ထိုအရှင်မြတ်များ ဖော်ပေးဆောင်ပေးတော်မူသည့် ထိုဥပဒေကား သူတို့အတွက်မဟုတ်၊ အများအတွက်သာ၊ နာမည်ကျော်ကြားလိုလို့မဟုတ်၊ လာဘ်လာဘကို ငဲ့ကွက်လို့မဟုတ်၊ တစ်ခုတည်းသော အချက်က ဘာသာခြားများနှင့် အိမ်ထောင်ရေးဆက်ဆံနေသော လောကငရဲသို့ ကျရောက်နေသော အမျိုးသမီးများ လောကငရဲမှ လွတ်မြောက်ရန်အတွက်၊
ဘာသာခြားတို့ကြောင့် နှောင်းအတိတ်က လောင်းရိပ်မိခဲ့ကြတဲ့ အမျိုးသမီးများ ဒုနဲ့ဒေးပင်၊ ဒါကို ကိုယ်ချင်းစာတရား၊ မေတ္တာသက်သက်၊ ကရုဏာသက်သက်ဖြင့် နောင်ဒီလို အဖြစ်ဆိုးမျိုးတွေ မဖြစ်ရလေအောင်၊ အကြုံရလေအောင် ဦးနှောက်ပေါင်း မြောက်များစွာဖြင့် စည်းဝေးတိုင်ပင် ပုံဖော်ပေးနေခြင်းပါ။ "တာဝန်သိသူမှာ တာဝန်ရှိ၊ တာဝန်ရှိသည့်အလျောက် မိမိတို့ ဘာသာ မိမိတို့လူမျိုး အတွက် ကြောင့်ကျမဲ့မနေ၊ ကိုယ်ကျိုးမဖက်ဆောင်ရွတ်ခြင်းသာ၊ တာဝန်မသိသူမှာ၊ တာဝန်မရှိ၊ တာဝန်မရှိတော့ ကြောင့်ကျမဲ့နေရုံမျှမက ပညာတတ်သလိုလို အမြင်ကျယ်သလိုလိုနဲ့ ကန့်လန့်တိုက်နေကြ သည်ကား အဆန်းဆော့မဟုတ်၊ မပြည့်သောအိုး ဘောင်ဘင်ခတ်တတ်သည်သာ။"

အချုပ်အားဖြင့် ဘာသာခြားတို့ရဲ့ အမြှောင်မယားဘဝသို့ ကျရောက်မည်ဆိုပါက လူမှုရေး၊ ဘာသာရေး အတင်းအဓမ္မအသိမ်းသွင်းခံရကာ အရှုံးကြီးရှုံးနေရသော အမျိုးသမီးများအတွက် အတင်းအကျပ် ဘာသာကူးပြောင်းခြင်းခံရမည့် ဘေးဆိုးကြီးမှ ကင်းဝေးအောင် ထုဆစ်ပုံဖော်ပေးသည့် အမျိုးစောင့်ဥပဒေကား လွတ်လပ်ခြင်းလမ်းကြောင်းမှာ အမြဲတည်နေမည်ဟူ၍သာ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
ဝီရဓမ္မ

0 comments:

Post a Comment