Saturday, January 10, 2015

အောင်ပွဲခံနေတဲ့ ‘ကိုတင့်တို့ စူပါရပ်ကွက်’



ရုံတင်ပြသလျက်ရှိသည့် ‘‘ကိုတင့်တို့စူပါရပ်ကွက်’’ရုပ်ရှင် ဇာတ်ကားသည် ယခုနောက်ပိုင်း နှစ်များတွင် ပရိသတ်ကြည့်ရှုနှုန်း အများဆုံးရုပ်ရှင်ကားအဖြစ်စံချိန် ချိုးနေပြီး ပရိသတ်ကြည့်ရှုနှုန်း၉၅ ရာခိုင်နှုန်းအထိရှိကြောင်းသတင်း ရရှိသည်။

‘‘သက်တံသစ်တုန်းက လည်း ၀င်ငွေစံချိန်ချိုးခဲ့တယ်။ ဒီ ကားက အဲဒီထက်သာသွားတယ်။ ပရိသတ်ကြည့်ရှုနှုန်း ၉၅ရာခိုင်နှုန်းအထိရှိခဲ့တယ်။ ရုံတင်ရက်က တော့ အရင်ကားတွေလို တစ်ပတ် တိုးပြီးပြသမှာပါ’’ဟု သမ္မတရုပ် ရှင်ရုံမှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။ကိုတင့်တို့စူပါရပ်ကွက်ကို ရန်ကုန်၊ မန္တလေး၊ မြိတ်၊ ဘားအံ၊ လားရှိုးမြို့များတွင် ဇန်န၀ါရီ ၂ ရက်မှစတင်၍ ရုံတင်ပြသခဲ့ခြင်း ဖြစ်ပြီး မြို့တိုင်းတွင် ပရိသတ် အားပေးမှုရရှိခဲ့သည်။

ထို့အပြင် ပွဲစဉ်တိုင်းနီးပါး လူပြည့်နေသောကြောင့် ပလတ်စ တစ်ခုံများနှင့်ပင် အားပေးခဲ့ရ ကြောင်း သွားရောက်ကြည့်ရှုသူများက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ရေးသားထားကြ သည်။ ယင်းရုပ်ရှင်တွင် ရုပ်ရှင် လောကမှ နာမည်ကြီးမင်းသား၊ မင်းသမီးအားလုံးနီးပါးပါဝင်ကာ ကျရာဇာတ်ရုပ်တွင် သရုပ်ဆောင် ရင်း ကိုတင့်၏ဇာတ်လမ်းတွင် အားဖြည့်သရုပ်ဆောင်ပေးထား ကြသည်။

အဓိကဇာတ်ဆောင်အဖြစ် အရိုင်းနှင့် မိုးပြည့်ပြည့်မောင်တို့ က ပါဝင်သရုပ်ဆောင်ထားပြီးရပ် ကွက်လူကြီးဇာတ်ရုပ်ဖြင့် လိုက် ဖက်စွာသရုပ်ဆောင်ထားသော အရိုင်း၏ သရုပ်ဆောင်မှုများကို ပရိသတ်များသဘောကျခဲ့သည်။

‘‘သမ္မတရုပ်ရှင်ရုံမှာ ဇန်န၀ါ ရီ ၂ရက်က စပြီး ၂၉ရက်အထိ ရုံ တင်မှာပါ’’ဟု ၎င်းကပြောသည်။

ကိုတင့်တို့ စူပါရပ်ကွက်ရုပ် ရှင်ဇာတ်ကားသည် ကာတွန်းကို ရွှေထူး(ပြည်)၏ ရုပ်ပြကို ရိုက်ကူး ထားခြင်းဖြစ်ပြီး ဗီဒီယိုရိုက်ကူးရာ တွင်လည်း အောင်မြင်မှုရရှိခဲ့ သည်


7Day Daily

0 comments:

Post a Comment