Thursday, January 8, 2015

ကင်မွန်းစခန်းအနီးတွင် နိုင်ငံခြားသူအား အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၄၃ နှစ်ချ

ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီးတွင် ပီရူးနိုင်ငံ သူအား အဓမ္မပြုကျင့်ခဲ့သော အမျိုးသားကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အဆိုပါအမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ အကြာ ဇန်န၀ါရီ ၈ ရက်တွင် သထုံခရိုင် တရားရုံးက အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။‘‘တရားလို၊ တရားခံ၊ ထင် မြင်ချက်၊ ဆေးစစ်ချက်တွေခိုင်လုံ တဲ့အတွက် ဒီနေ့မှာပဲ သထုံခရိုင် တရားရုံးကနေ အမိန့်ချလိုက်ပါ ပြီ။ ထောင်ဒဏ် ၄၃ နှစ်ပါ’’ဟု မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သူမှာ ဇော် မင်းလတ်ဆိုသူ ကျပန်းအလုပ်သ မားတစ်ဦးဖြစ်ပြီး ကင်းမွန်းစခန်း အနီးရှိ စေတီငယ်တစ်ဆူကို ပီရူး နိုင်ငံသူက လမ်းညွှန်စေရာမှ လူ ပြတ်သည့်နေရာတွင် အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ၎င်းကိုဒေသခံများက ၀ိုင်းဖမ်းခဲ့ပြီး ပီရူး နိုင်ငံသူကိုယ်တိုင် တရားလိုပြုလုပ်ကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး မိခင်နိုင်ငံသို့ ပြန်သွားခဲ့သည်။ ကျူးလွန်သူကို အဓမ္မပြုကျင့်မှု ၃၇၆ အရ ထောင်ဒဏ် ၂၀ နှစ်၊ လူသတ်ရန်ကြံစည်မှု ပုဒ်မ ၃၀၇ အရ ထောင်ဒဏ် ၂၀ နှစ်နှင့် ခိုးမှု ဥပဒေပုဒ်မ ၃၇၉ အရ ထောင်ဒဏ်၃ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


7Day Daily

0 comments:

Post a Comment