Friday, January 9, 2015

တစ်ကိုယ်တော် ဖျော်ဖြေပွဲပြီးတာနဲ့ ကလေးယူတော့မယ့် ၀ိုင်းစု


သရုပ်ဆောင်အလုပ်နှင့် ဂီတအလုပ်ကို မျှအောင်လုပ်နေ သည့် သရုပ်ဆောင် တေးသံရှင် ၀ိုင်းစုခိုင်သိန်းသည် ၎င်း၏ တစ် ကိုယ်တော် ဖျော်ဖြေပွဲအပြီးတွင် ကလေးယူရန် စဉ်းစားတော့မည် ဖြစ်ကြောင်း သိရသည်။အပြင်လောကမှ ချစ်သူနှင့် လက်တွဲထားသည့် သရုပ်ဆောင် တေးသံရှင် ၀ိုင်းစုခိုင်သိန်း၏ အိမ် ထောင်ရေးမှာ ထွေထွေထူးထူး နားလည်မှုယူထားရသည်များမရှိ ကြောင်းနှင့် ပျော်စရာကောင်း ကြောင်းလည်း ပြောသည်။

‘‘ကလေးက လောလော ဆယ်တော့ မယူသေးဘူး။ အစ်မ မှာ အလုပ်တွေလည်းရှိနေသေး တော့ ဒီဖျော်ဖြေပွဲပြီးသွားရင် တော့ ယူဖြစ်မယ်ထင်တယ်’’ဟု ၎င်းကပြောသည်။

‘‘အာဘွား’’တေးစီးရီးဒီဗီဒီ အခွေအတွက် သရုပ်ဆောင် အလုပ်ကို စက်တင်ဘာက ရပ်နားထားသည့်အတွက် ပရိသတ်များ ကြည့်ရှုစရာဇာတ်ကားမရှိမည်ကိုစိုးရိမ်၍ ဗီဒီယိုဇာတ်ကားနှစ်ကား ကို ရိုက်ကူးနေပြီး ထိုဇာတ်ကား များပြီးလျှင် ရိုက်ကူးမှုထပ်မံရပ် နားမည်ဖြစ်ကာ ဖျော်ဖြေပွဲပြီးမှ ပြန်လည်ရိုက်ကူးမည်ဟု ဆို သည်။

၎င်း၏ ပထမဆုံးတစ်ကိုယ် တော်ဖျော်ဖြေပွဲအတွက် အမှား အယွင်းများနှင့် လိုအပ်ချက်များ ရှိမည်ကို စိုးရိမ်နေကြောင်း၊ ပရိ သတ်များကို တေးသီချင်းစုစု ပေါင်း ၃၀ နှင့် ၄၀ ကြား ဖျော်ဖြေ သွားမည်ဖြစ်ပြီး တေးသီချင်းနှင့် လိုက်ဖက်မည့် တင်ဆက်မှုများ လည်း ပြုလုပ်သွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

7Day Daily

0 comments:

Post a Comment