အမေရိကန်က သူဌေးကြီး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံကိုရောက်ပြီး သမ္မတကြီးနဲ့တွေ့ခဲ့တယ်လို့ အင်တာနက်မှာ ဖတ်လိုက် ရတယ်။
ပြန်သတိရမိတယ်၊ ၈၈ အရေးတော်ပုံကာလတုန်းက ကျွန်တော်ရယ်၊ ညိုအုန်းမြင့်ရယ်၊ မိုးသီးဇွန်ရယ်၊ ကျော်သူ ရယ်ပေါ့။ ကျော်သူက မင်းသားကိုပြောတာမဟုတ်ဘူး ဒေါက်တာကျော်သူ၊ Save the Children ကျော်သူပေါ့။ နောက်ပိုင်း လူတွေကွဲသွားတော့ ကျွန်တော်က ဘန်ကောက်မှာ၊ မိုးသီးဇွန်က US မှာ၊ ညိုအုန်းမြင့်က MPC မှာတဲ့၊ ကျော်သူကတော့ Save the Children ခေါင်းစဉ်နဲ့ George Soros ရဲ့ Rep: ပေါ့။ အင်းလေ ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုကိုယ် လျှောက်ကြတာပဲ၊ ဘ၀မှာ ဒဏ်ရာဒဏ်ချက်တွေကလည်းများပြီ၊ အမှန်တရားကိုလည်း ရှာဖွေတွေ့ပြီလို့ မုဒိတာပွားကြည့် မိတယ်.. မြန်မာစကားပုံမှာ ခွေးပြီးကောက်ကျည်ထောက်စွပ် ဆိုတာရှိတယ်နော်၊ ဗီဇဆိုတာပြင်နိုင်ခဲတာကလား၊ George Soros ကလည်း George Soros လေ၊ သူ့အလုပ်က ဒါပဲမဟုတ်လား? သတိထားရမှာက ကွန်ဂရက်မှာ တစ်နှစ် ဒေါ်လာနှစ်သန်း ထောက်ပံ့ပြီး မြန်မာပြည်ဒီမိုကရေစီအရေးအတွက် လှုပ်ရှားတဲ့သူတွေကို Share လုပ်ပေး နေတာက ဒီနေ့အထိပဲ။ မြန်မာရဲ့ ဒီမိုကရေစီဆိုတာကလည်း လမ်းခုလပ်မှာပဲရှိနေသေးတော့ ကိုယ်တိုင်ကိုယ်ကျ ပြည်တွင်းဝင်လာရတဲ့ အခြေအနေ ရောက် လာပြီထင်တယ်၊ မြန်မာပြည်ကို သတိပေးချင်တယ်၊ သတိတော့ထားပါလို့။
၂၀၀၈ ခုနှစ် ထိုင်းမှာ Recession ဖြစ်တုန်းက George soros ကစားခဲ့တယ်ဆိုတာတော့ အစိုးရကမေ့မနေသင့်ဘူး၊ ၂၀၀၉ ခုနှစ် US မှာ အိမ်ခြံမြေဈေးကွက်တွေကတစ်ဆင့် တစ်ကမ္ဘာလုံး စီးပွားရေးအကြပ်အတည်း ဖြစ်ခဲ့ရတာကလည်း George Soros ရဲ့ လက်ချက်ဆိုတာကို သိနေတဲ့ CIA က လက်ရှိ George Soros ကို အိတ်ထဲထည့်ပြီး သူ့ဇာတ်ညွှန်း တွေအတိုင်း ကဖို့လုပ်နေတာလို့ သတိပေးပါရစေအုံး.. မြန်မာပြည်မှာ အရံငွေ မရှိဘူးနော်၊ ဒေါ်လာဈေးကလည်း ၁ ဒေါ်လာကို ၁၀၂၅ိ/- ဖြစ်နေ တယ်၊ မကျတော့ဘူး၊ ဒါဟာ မြန်မာတို့စဉ်းစားသင့်တဲ့အချက်ပါ။
အခုဆို George Soros မြန်မာပြည်ကိုရောက်နေတယ်။ ကောင်းသောလာခြင်းလား၊ မလာခြင်းလားဆိုတော့ ရွှေမောင်တို့နဲ့ တွေ့တယ်လို့လဲသိရတယ်။ ရွှေမောင်နဲ့ပဲလားဆိုတော့လဲ မဟုတ်သေးဘူး၊ ရိုဟင်ဂျာလူ့အခွင့်ရေး ကာကွယ်သူလို့ဆိုတဲ့ ကျော်လှအောင်တို့နဲ့လဲ တွေ့တယ်။ ဆွေးနွေးတာကတော့ ကုလားတွေနဲ့တွေ့တယ်ဆိုတော့ ကုလားအရေးပေါ့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကိစ္စတွေ၊ ဘင်္ဂလီတွေ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိရေး တွေစသည်ဖြင့်ပေါ့။ ကုလက မြန်မာပြည် တွင်းမှာရှိတဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာတိုင်းရင်းသားစားရင်း ထည့်သွင်းရေးဆိုပြီး လူမျိုးရေးဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာ George Soros က မြန်မာပြည်ရောက်လာပြီး ကုလား တွေနဲ့တွေ့တယ်ဆိုတာကတော့ စဉ်းစားစရာပဲ။ CIA တွေရုပ်လုံးကြွလာတယ်လို့တောင် ဆိုလို့ရတယ်။ တစ်နိုင်ငံလုံးက ရိုဟင်ဂျာဆိုတာမရှိပါဘူးလို့ အတိအလင်း ငြင်းဆိုထားတာ ကိုတောင် ရိုဟင်ဂျာအခွင့်အရေးဆိုပြီး လာဆွေးနွေးနေတာကလည်း တော်တော်ကို အန္တရာယ်ကြီးတယ်လို့ ဆိုရမလို ဖြစ်နေပြီ။
သူတို့ပြောနေတဲ့ NCA ဆိုတာကြီးကလည် ၂၀၁၅ စနေပြီ.. UNFC က FUA ဆိုတာကို ပြန်တင်နေတော့ စစ်တပ်က တင်းနေပြီ။ ဟန်ယောင်ဝေနဲ့ ဘွမ်ဝမ်လရော်ကလည်း Fedral အတွက် အထဲမှာ ၀င်ကစားပေးနေတယ်၊ George Soros က ပြည်တွင်းမှာအနီးကပ်ဝင်နေပြီ၊ အခင်းအကျင်းကလှတယ်၊ အစိုးရသတိမထားမိရင်တော့ခက်မယ်…
ကျွန်တော်တို့ဘန်ကောက်မှာ သူငယ်ချင်းတွေဆုံတိုင်း မြန်မာနိုင်ငံကို သံယောဇဉ်စိတ်နဲ့ပြောကြတယ်။ အစိုးရ သတိရှိသင့် တယ်လို့ …..
Freddy
မြန်မာပြည်သား
0 comments:
Post a Comment