Thursday, January 8, 2015

နွားနို့နဲ့ ဆိတ်နို့ရဲ့ မတူညီ ကွဲပြားခြားနားချက်



ဆိတ်နို့နဲ့ နွားနို့ဟာ အရောင်၊ အရသာနဲ့ အနံ့မှာ ကွဲပြားခြားမှုတွေရှိနေပါတယ်။ ဆိတ်နို့မှာ ဆိုဒီယမ်ပိုနည်းပြီး ပိုတက်စီယမ်နဲ့ ခလိုလိုက်ဒ် ပိုများပါတယ်။ သံဓာတ်၊ ဖူးလ်လိပ်နဲ့ ဗီတာမင် D လျော့နည်းစွာ ပါဝင်တဲ့အတွက် ဆိတ်နို့ကို နေ့စဉ်အစားအစာအဖြစ် မှီဝဲသောက်သုံးတဲ့ ကလေးငယ်တွေဟာ သွေးအားနည်းရောဂါ ခံစားရနိုင်တယ်။ ဒါဟာ ဆိတ်နို့မှာ ဖူးလ်လိပ် နဲ့ ဗီတာမင် B12 မရှိခြင်းတို့ကြောင့်ပါပဲ။ Brucellosis လို့ခေါ်တဲ့ တိရိစ္ဆာန်ဆီက ဘက်တီးရီးယားတွေကြောင့် ဖြစ်တတ်တဲ့ ရောဂါအန္တရာယ်ကြောင့်လည်း ဆိတ်နို့ကို ညှစ်ပြီးပြီးချင်း ကျိုချက်သင့်ပါတယ်။နွားနို့နဲ့ နှိုင်းယှဉ်ရင် ဆိတ်နို့မှာ မရှိမဖြစ်လိုအပ်တဲ့ အဆီအက်ဆစ်တွေ ပိုများပြီး အစာချေဖို့ ပိုမိုလွယ်ကူပါတယ်။ ၄င်းအဆီမှာ ပိုမိုသေးငယ်တဲ့ ပါတီကယ်လ်တွေနဲ့ ဖွဲ့စည်းထားခြင်းကြောင့်လဲဖြစ်ပါတယ်။ ဒါ အစာချေဖို့ ခက်ခဲစေတဲ့ နွားနို့အဆီနဲ့ မတူတဲ့ အချက်ပဲဖြစ်ပါတယ်။ ဆိတ်နို့ရဲ့ အပူဓာတ်ဖြစ်ပေါ်စေမှုကတော့ နွားနို့နဲ့ အတူတူလောက်ပါပဲ။

ဒါ့အပြင် ဆိတ်နို့မှရတဲ့ အသားဓာတ်က နွားနို့နဲ့ အတူတူပဲဖြစ်တယ်။ ဆိတ်နို့ဒိန်ချဉ်ဟာ ကျန်းမာရေးနဲ့ အရမ်းကိုက်ညီပါတယ်။ တစ်ကမ္ဘာလုံး ဆိတ်နို့ဒိန်ချဉ်အမျိုးအစား (၄၅၀) မျိုးရှိပါတယ်။

ဆိတ်နို့နဲ့ ဆိတ်နို့ဒိန်ချဉ်ကို ခန္ဓာကိုယ်သန့်စင်စေဖို့အတွက်နဲ့ ခုခံအားမြင့်တင်ခြင်းအတွက် အကြံပြုထားပါတယ်။

Source: Hfs

Trend Myanmar

0 comments:

Post a Comment