Monday, November 2, 2015

၂၀၁၇ တွင် အမေရိကန်ပြည်ထောင်စု ကြွေးမြီ ၂၀ ထရီလီယံ တင်ရှိမည်


၂၀၁၇ ခုနှစ်ရောက်လို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား တာဝန်မှပြီးဆုံးထွက်ခွာချိန်မှာ အမေရိကန်ပြည်ထောင်စုသည် "စုစုပေါင်းတိုင်းပြည်ကြွေးမြီ" "အမေရိကန်ဒေါ်လာ ၂၀ ထရီလီယံ" တင်ကျန်ရစ်နေခဲ့တော့မှာ ဖြစ်ပါတယ်။ (၁၀၀၀ မီလီယံ (ဝါ) သန်း ၁၀၀၀ = ၁ ဘီလီယံ | ၁၀၀၀ ဘီလီယံ = ၁ ထရီလီယံ)တနင်္လာနေ့က မစ္စတာအိုဘားမား နှင့် ရီပါ့ပလေကန်ကွန်ဂရက်အမတ်တွေ ၂ နှစ် သက်တမ်း ဘတ်ဂျက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

Washington Times မှာ ဖော်ပြထားချက်အရဆိုရင် debt ceiling ကို ၂၀၁၇ ခုနှစ် မတ် ၁၆ အထိ ယာယီဆိုင်းထားနိုင်လိမ့်မယ်ဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံ ($1.5 trillion) ထပ်မံချေးယူမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၏ လက်ရှိ နိုင်ငံတော်ကြွေးမြီက အမေရိကန်ဒေါ်လာ ၁၈.၅ ထရီလီယံ ဖြစ်လေတော့ ထပ်မံချေးယူငွေကို ပေါင်းလိုက်လျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ထရီလီယံ အထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလက မစ္စတာအိုဘားမား သမ္မတတာဝန်စတင်ထမ်းဆောင်စဉ်မှာ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားကြွေးမြီက $ ၁၀.၆ ထရီလီယံ ပဲ ရှိပါသေးတယ်။ အဆိုပါအချက်ကနေ ညွှန်းဆိုနေတာက သမ္မတအိုဘားမား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ အိမ်ဖြူတော်က ထွက်ခွာချိန်မှာ အမေရိကန်ကြွေးမြီတွေ နှစ်ဆတိုး ကျန်နေခဲ့မယ်။ တနည်းအားဖြင့် မစ္စတာအိုဘားမား သမ္မတသက်တမ်းလက်ထက်မှာ အမေရိကန်ပြည်ထောင်စု ကြွေးမြီ ၂ ဆ တင်ရှိသွားတယ်။

၂၀၁၄ ခုနှစ် အမေရိကန်ပြည်ထောင်စု၏ လူဦးရေမှာ ၃၁၈.၉ သန်း ရှိသည်ဖြစ်ရာ အမေရိကန်ပြည်ထောင်စုနေ လူတစ်ဦးသည် (သို့မဟုတ်) အမေရိကန်ပြည်ထောင်စု၌ မွေးဖွားလာသူတစ်ဦးသည် အမေရိကန်ဒေါ်လာ ၆ သန်း ကျော် အလိုလို အကြွေးတင်နေပြီဖြစ်ပါတယ်။

Credit >>>Soe Moe Hlaing

0 comments:

Post a Comment