Friday, November 13, 2015

အမေရိကန်ပြည်ထောင်စုနှင့် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရလဒ် ထွက်ပေါ်လာနိုင်ရေး ဆွေးနွေး


ပါတီစုံဒီမိုကရေစီစနစ်၏ ဒုတိယသက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကြီးအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရန်မှာ တပ်မတော်၏ ဆန္ဒပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တာဝန်ရှိသူများ၏ လုပ်ဆောင်ချက် များ အပေါ် ပြည်တွင်းပြည်ပမှ သံသယရှိကောင်း ရှိနိုင်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ၎င်းတို့ တာဝန်ယူ လုပ်ဆောင်ခဲ့ သည့် သက်တမ်းတွင် တိုးတက်အောင်မြင်မှုကိုပြသရန် တာဝန်ရှိပြီး တပ်မတော် အနေဖြင့်လည်း ပြည်သူကိုကာကွယ်စောင့်ရှောက်မှု၊ ပြည်သူ့ အကျိုး စီးပွားဖော်ဆောင်မှုနှင့် တိုင်းပြည်၏ လုံခြုံမှု ဆောင်ရွက်ချက် များကို ဖော်ထုတ်ပြသ ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် လုပ်ဆောင်ချက် များဖြင့် သက်သေပြရမည်ဖြစ်ကြောင်း၊ ယခုရွေးကောက်ပွဲနှင့် ပတ်သက်၍ စတင်ဆောင်ရွက်ချိန်မှ ရွေးကောက်ပွဲကာလအထိ မိမိတို့အနေဖြင့် မှန်မှန် ကန်ကန်ဆောင်ရွက်ခဲ့ပြီး သံသယကင်းပါကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Derek Mitchell အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြား သည်။အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှူးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးစဉ် အထွေထွေရွေးကောက်ပွဲ လွတ်လပ်မျှတ စွာဖြင့် အောင်မြင်စွာကျင်းပနိုင်မှုနှင့် ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာနိုင်မှု၊ ဆန္ဒမဲရလဒ် အတည်ပြု ထုတ်ပြန်နိုင်မှုအခြေအနေများ၊ ဆန္ဒမဲရလဒ်အား အတည်ပြုပြီးနောက် ပိုင်း ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ် များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်မည့်အခြေအနေ၊ လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မှုနှင့် ဆက်လက် လုပ်ဆောင်ရန်များ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ များ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးအခြေအနေ၊ အမေရိကန်ပြည်ထောင် စုနှင့် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန် သည့်ဆက်ဆံရေး ရလဒ်ထွက်ပေါ် လာနိုင်မှုတို့အား ဆွေးနွေးခဲ့ကြသည်။


(မြဝတီ)
MOI Webportal Myanmar

0 comments:

Post a Comment