Sunday, November 1, 2015

‘‘ဇာတ်ရုပ်အမာပိုင်းကို သရုပ်ဆောင်ရတာ ပိုကြိုက်တယ်’’-ဇွန်သံစဉ်နှင့် စကားစမြည်


ပြီးခဲ့တဲ့မေလက တောင်ကို ရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်ခဲ့ တဲ့ Luxury Brand Model Awards ပြိုင်ပွဲမှာ Winner ဆုကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်ဇွန်သံစဉ်ရဲ့ လတ်တလောအနုပညာတွေနဲ့ ရှေ့ဆက်ပြုလုပ်ဖို့ရှိတဲ့ အနုပညာ လှုပ်ရှားမှုများအကြောင်း မေးမြန်းပေးထားပါတယ်။လတ်တလောမှာ ဇွန်သံစဉ် ဆောင်ရွက်နေတဲ့အနုပညာလှုပ် ရှားမှုအကြောင်းလေးတွေကို စပြောပြပေးပါ။

အခုလတ်တလောကတော့ ဂျာနယ်၊ မဂ္ဂဇင်းအတွက် ဓာတ်ပုံ တွေရိုက်ပေးဖြစ်ပြီး ရုပ်ရှင်ကား ရိုက်ကူးဖို့အတွက်ကိုတော့ အခု ညှိနှိုင်းနေပါတယ်။ ဒီဇင်ဘာကျ ရင်တော့ ကိုရီးယားမှာ Modellingအနေနဲ့ ရှိုးသွားလျှောက်ပေးဖို့ လည်းရှိတယ်။ အဲ့ဒီကပြန်လာပြီး ရင်တော့ ရုပ်ရှင်ဇာတ်ကားရိုက် ဖြစ်မယ်။

ရုပ်ရှင်စတင်ရိုက်ကူးဖို့ပြင်ဆင် နေပြီဆိုတော့ ဇွန်သံစဉ်နဲ့ ဘယ် လိုဇာတ်ရုပ်မျိုးကလိုက်ဖက်မယ် ထင်ပါလဲ။ ဘယ်လိုပုံစံမျိုးကို သရုပ်ဆောင်ရတာပိုသဘောကျ လဲ။

ညီမကတော့ ဇာတ်ရုပ်အမာ ပိုင်းကို သရုပ်ဆောင်ရတာပို ကြိုက်တယ်။ အခုကမ်းလှမ်းထား တဲ့ ရုပ်ရှင်ဇာတ်ကားကလည်း အမာပိုင်းပဲဖြစ်တော့ ကာရိုက်တာ က ညီမကြိုက်တဲ့ပုံစံလေးပါပဲ။

ကိုရီးယားမှာသရုပ်ဆောင်ဖို့ လိုင်စင်ရထားတယ်ဆိုတော့ ပြည်ပမှာ သရုပ်ဆောင်အဖြစ် ရပ်တည် ဖို့ အစီအစဉ်ရှိပါသလား။

ဟုတ်ကဲ့။ LBMA က မော် ဒယ် Winner ဆုကိုရပြီးတော့ သိပ်မကြာခင်မှာ ညီမကို ကိုရီး ယားမှာသရုပ်ဆောင်ဖို့ လိုင်စင်ချ ပေးခဲ့တယ်။ အဲဒီကိုသွားရင် အချိန်အများကြီးပေးရမှာဖြစ် တယ်။ ဒီဘက်မှာကလည်း ကျောင်းမပြီးသေးတဲ့အတွက် အခုအချိန်မှာတော့ ညီမ သရုပ်မဆောင်ဖြစ်သေးပါဘူး။ အဲ့ဒီ လိုင်စင်ကလည်း အချိန်မရွေး သရုပ်ဆောင်ပိုင်းကိုဝင်လို့ရပါ တယ်။ လတ်တလောမှာတော့ ညီမစိတ်ထဲမှာ ကိုရီးယားသွားပြီး ရိုက်ကူးချင်ပေမယ့် လက်တွေ့မှာ တော့ ညီမ မြန်မာနိုင်ငံမှာလည်း အနုပညာအလုပ်တွေလုပ်နေ သလို ကျောင်းကလည်း မပြီးသေး တဲ့အတွက် သရုပ်ဆောင်ပိုင်းကို ကူးသွားဖို့အတွက် အစီအစဉ် တော့မရှိသေးဘူးပေါ့နော်။ အခွင့် ကြုံရင်တော့ ညီမလုပ်သွားမှာပါ။

ညီမလေးဘက်ကကော သရုပ် ဆောင်ပိုင်းအတွက် ဘယ်လိုလေ့ ကျင့်ပြင်ဆင်ထားတာတွေရှိလဲ။

ညီမက အမျိုးသားယဉ်ကျေး မှုနဲ့အနုပညာတက္ကသိုလ်ကျောင်း ဆင်းဖြစ်ပြီး မေဂျာကလည်း သရုပ်ဆောင်ပိုင်းနဲ့ပဲကျောင်းပြီး ထားတာဖြစ်တဲ့အတွက် သရုပ် ဆောင်ပိုင်းကို တချို့တစ်ဝက် လေ့လာထားပါတယ်။ အခု နောက်ပိုင်းမှာလည်း သေချာကြိုး စားပြီးတော့ ဘယ်ကာရိုက်တာ လာရင် ဘယ်လိုပိုလိုက်ဖက်မယ် ဆိုတာတွေကို လေ့လာဖြစ်နေပါ တယ်။ နောက်ပိုင်းကိုလည်း ညီမ က သရုပ်ဆောင်ပိုင်းနဲ့ပဲ ဆက် လက်လျှောက်လှမ်းသွားမှာပါ။

ကိုရီးယားမှာ မော်ဒယ်အနေနဲ့ ရှိုး သွားလျှောက်ဖြစ်မယ့်အကြောင်း ကိုလည်းပြောပြပေးပါဦး။

ဟုတ်ကဲ့။ ကိုရီးယားမှာ ညီမက မော်ဒယ်နဲ့ပတ်သက်ပြီး တော့ ဆုရထားတာဆိုတော့ Modelling နဲ့ပတ်သက်ပြီး ညီမ ကို ရှိုးပွဲတွေကမ်းလှမ်းထားတာ တွေရှိပါတယ်။ အခုကမ်းလှမ်း တာကတော့ LBMA ကပဲပေါ့ နော်။ ညီမ Winner ဆုရထားတဲ့ ဒီကုမ္ပဏီကပဲ ကမ်းလှမ်းထား တာပါ။ သွားခဲ့ရင်တော့ မြန်မာ က Winner ရတာ ညီမတစ် ယောက်တည်းဖြစ်တဲ့အတွက် ညီမတစ်ယောက်ပဲပါမှာပါ။ ညီမ နဲ့အတူ တခြားနိုင်ငံက ဆုရထား တဲ့သူတွေလည်း ဒီရှိုးမှာပါဝင်ပါ မယ်။

နာမည်ကြီးမော်ဒယ်တစ်ယောက် ဖြစ်လာပြီး ပြည်ပနိုင်ငံတွေအထိ ပါ မော်ဒယ်အနေနဲ့ရှိုးလျှောက်ရ မယ်ဆိုတော့ ကျန်းမာရေးအရ ခန္ဓာကိုယ်ကို ထိန်းသိမ်းပုံတွေ ဘယ်လိုပြုလုပ်ပါသလဲ။

ညီမက ညစာကိုမစားဘူး။ တစ်နေကုန်ကိုဝအောင်စားလိုက် တယ်။ အဆီအဆိမ့်တွေကိုလည်းရှောင်တယ်။ ကျန်းမာရေးအရက Gym လည်းပုံမှန်ဆော့ဖြစ်ပါတယ်။ မော်ဒယ်အနေနဲ့ ကိုရီးယားကို ဟိုးအရင်ကလည်း မော်ဒယ်အနေနဲ့ သွားလျှောက်ဖူးပေမယ့် အခု ထပ်သွားရမယ်ဆိုတော့ စိတ်လှုပ်ရှားမှုတွေလည်းရှိသလို ပျော်လည်းအရမ်းပျော်ပါတယ်။

ကျေးဇူးတင်ပါတယ်။

7Day Daily

0 comments:

Post a Comment