Sunday, November 15, 2015

ဗီဒီယို အကြိုခံစားခြင်း - ရာဇ၀င်နဲ့ လူ


- ဒီနေ့ရဲ့ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အချစ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
မာရီယာက အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။ နောက်ပြီး မာရီယာက သူ့ကို စီးရီးထုတ်ပေးတဲ့သူနဲ့ လက်ထပ်ဖို့လည်းစီစဉ်ထားပါတယ်။ တစ်ရက်မှာတော့ မာရီယာရဲ့ တေးစီးရီးသစ်မိတ်ဆက်ပွဲမှာ လူတစ် ယောက်က မာရီယာကို ယောက်ျားတစ်ယောက်ရဲ့အသည်းခွဲပြီး အောင်မြင်တဲ့အချိန်မှာ အရင်ကမာယာဆိုတဲ့ ဘဝကို မေ့ထားတယ်။ အဲဒါကြောင့်ဒီနေ့ကစပြီး မာရီယာရဲ့ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲစရာ တွေကြုံတွေ့ရ တော့မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မာရီယာနဲ့ လက်ထပ်ဖို့လုပ်ထားတဲ့ သူက မာရီယာရဲ့အတိတ်ကိုမယုံတော့ဘူးလို့ပြောခဲ့ပါတယ်။ တကယ်တော့ မာရီယာက စင်တင်အဆိုတော်ဘဝကနေ တက်လာခဲ့တာပါ။ အဲဒါကြောင့် သူနဲ့လက် ထပ်မယ့်လူက မာရီယာကို မာယာဆိုတဲ့အတိတ်ကိုမယုံဘူးလို့ပြောခဲ့ပါတယ်။ မာရီယာကတော့ သူမှန်တယ်လို့ ပဲပြောခဲ့ပါတယ်။ သူစင်တင်အဆိုတော်ဆိုတဲ့ ဘဝကိုဖြတ်သန်းခဲ့ရတာက သူတို့အိမ်ရဲ့စီးပွားရေးအခြေအနေကြောင့်လုပ်ခဲ့ရတာပါ။ ဒါပေမဲ့လည်း သူနဲ့လက် ထပ်မယ့်လူကမယုံတာကြောင့် လက်ထပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

မာရီယာကို လူပုံအလယ်မှာ လာပြီး အရှက်ခွဲခဲ့တဲ့သူက သီဟပါ။ သီဟက သူ့ရဲ့ညီ ဘဝပျက်စီးရတာ မာရီယာကြောင့်လို့ခံယူထားပြီး မာရီယာရဲ့ဘဝကိုလည်း ပျက်စီးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာပါ။ သူ့ညီအတွက် မာရီယာ့ဘဝကို ပျက်စီးအောင်ဆက်လုပ်မယ်လို့ သီဟကဆုံးဖြတ်ထားတာပါ၊

မီဒီယာမိတ်ဆက်ပွဲမှာ သီဟက လာပြီးပြောခဲ့တာဖြစ်တာကြောင့် မာရီယာကိုယုံကြည်တဲ့သူမရှိတော့ပါဘူး။ နောက်ဆုံး မာရီယာရဲ့ အမေကတောင် မာရီယာကို မယုံကြည်ခဲ့ပါဘူး။ လူပုံအလယ်မှာလာပြီး ပြောခဲ့တာဆိုတော့ တကယ်မဟုတ်ဘဲမပြောရဲဘူးဆိုပြီး မာရီယာဘက်မှာ ဘယ်သူမှမရှိခဲ့တာပါ။သီဟ ဖြစ်စေချင်တဲ့အတိုင်း မာရီယာရဲ့ဘဝက အဲဒီအချိန်ကစပြီး စိတ်ဆင်းရဲစရာ တွေပဲကြုံခဲ့ရပါတယ်။

မာရီယာတစ်ဖြစ်လဲ မာယာဘဝမှာ သီဟရဲ့ညီနဲ့တကယ်ပတ်သတ်မှုတွေရှိခဲ့တာလား။ မာရီယာကကော မာယာ ဘဝမှာ တကယ်ပဲရိုးသားခဲ့လား။ သီဟကကော အဲဒီနေရာမှာ တင်ရပ်နေမှာလားဆိုတာကိုတော့ ထားဝယ်ထုတ် လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့ရာဇဝင်နဲ့လူ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။ ဒီဇာတ်ကားမှာ သီဟအဖြစ် နေတိုးနဲ့ မာရီယာအဖြစ် သက်မွန်မြင့်တို့ကပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာ နေနော်ကရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment