Wednesday, November 4, 2015

အနုပညာသက်တမ်း ၁၈ နှစ်ကျော် ဒါရိုက်တာ ကိုပေါက်ပြောသော လက်ရှိ အနုပညာလောက အကြောင်းအရာများ


ဗီဒီယိုလောကဟာ ပျက်စီးယိုယွင်းလာနေတာကြောင့် ထုတ်လုပ်သူတချို့ဟာ လုပ်ငန်းရပ်ဆိုင်းထားတာတွေရှိလာတဲ့အပြင် ထုတ် လုပ်သူ တချို့ကတော့ ရုပ်ရှင်ဇာတ် ကားရိုက်ကူးထုတ်လုပ်မှုကို ပိုမို အားစိုက်ထုတ်လုပ်လာနေကြတာကို တွေ့ရပါတယ်။ ဒါရိုက်တာ၊ သရုပ်ေ ဆာင် ကိုပေါက်ကတော့ အခုလက်ရှိ သူ့ရဲ့အမြင်ကို ပြောပြပေးတာကတော့..” အဓိကကတော့ ဗီဒီယိုလောက အပျက်ဘက်ရောက်သွားတာပါ။ အစ်ကိုတို့ ရုပ်ရှင်လောကမှာ အရင်က ဗီဒီယို၊ ရုပ်ရှင်၊ ဒီဗီဒီဆိုပြီးတော့ ၃ မျိုးနဲ့ ရပ်တည်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဒီဗီဒီဆိုတဲ့ လောကတစ်ခု အရင်ပျက်သွားခဲ့တယ်။ အနုပညာသမားတွေ ကျင်လည်ကျက် စားတဲ့ စားကျက် ၃ ခုမှာ တစ်ခုပျောက်သွား တဲ့ သဘောပေါ့။ အခုတစ်ခါ ဗီဒီယိုဆိုတဲ့ စားကျက်လည်းပျက်ပြီလို့ ပြောလို့ရတာပေါ့။ အခု ၇၅ ရာ ခိုင် နှုန်းအထိ ဗီဒီယိုဟာပျက်စီးနေပြီ။

အဲဒီတော့ ရုပ်ရှင်ဘက်ကို ခုန်ကူးကြတယ်။ အခု ဗီဒီယိုဟာနည်းသွားပြီးတော့ ရုပ်ရှင်ကားကြီးကိုပဲ ရိုက်ကူး ကြတော့တယ်။ ရုပ်ရှင် လည်း ငွေပြန် ဖော်လို့ရတဲ့အချိန် ဖြစ်လာနေတာကို ပရိုဂျူဆာတွေကတွက်ပြီးတော့ ရုပ်ရှင်ဘက်ကို ခုန်ကူးလာကြပြီပေါ့။ ရုပ်ရှင်တွေ ရိုက် ကူးမှုများလာတော့ ဘာကို တစ်ခုစိုးရိမ်လဲဆိုရင် ရုပ်ရှင် လောကပျက်သွားရင်တော့ အစ်ကိုတို့ လောကတော့ သေပြီပဲ။ အဲဒါလေး ကိုတော့ မပျက်စီးပါစေနဲ့လို့ စိုးရိမ် မိတယ်။ အဲဒါတွေကို ဘယ်သူတွေက ပျက်အောင်လုပ်လဲဆိုရင် အစ်ကိုတို့ လော ကသားတွေ ပဲ လုပ်ကြတာပေါ့။ ဘယ်သူကမှ အပြင်ကလူက လာမလုပ်ကြပါဘူး။ ကိုယ့်လောကသား တွေပဲ လောဘတွေနဲ့၊ အစ်ကိုတစ် ယောက် တည်း အမြင်ကိုပြောရရင် အနုပညာသမားတွေမှာ အနုပညာ မာနက ၇၅ ရာခိုင်နှုန်းလောက် ရှိ သင့်တယ်လို့ အစ်ကိုမြင်တယ်။

အစ်ကိုတို့ဆီမှာ အနုပညာမာနက ၂၅ ရာခိုင်နှုန်းလောက်ပဲရှိလို့ ပျက်သလားပေါ့။ အနုပညာရှင်တိုင်းမှာ အနုပညာမာနတွေ ရှိနေမယ် ဆိုရင် အစ်ကိုတို့လောကကြီးဟာ ပျက်စီးဖို့ လမ်းကြောင်းထဲကို ရောက်ရှိလိမ့်မယ် မထင်ပါဘူး” လို့ မှတ်ချက်ပြုဆိုပါတယ်။ ရုပ်ရှင်လော ကထဲကို ရောက်ရှိလာခဲ့တဲ့ အနုပညာသက်တမ်း ၁၈ နှစ်အတွေ့အကြုံကနေ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ် ဖို့နဲ့ ပြည်ပကို ထိုးဖောက်နိုင်ဖို့ဆိုတာမှာ ပရိုဂျူဆာတွေရဲ့ အခန်းကဏ္ဍက အဓိကအရေးကြီးနေပါတယ်လို့ ဆိုပါသေးတယ်။

” ပရိုဂျူဆာဆိုတာ ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် ရေသောက် မြစ်ပါပဲ။ ပရိုဂျူဆာအနေနဲ့ ဇာတ်ကားအပေါ် ပံ့ပိုးမှုမပေးနိုင်ရင် ဖန်တီးသူတွေအနေနဲ့လည်း ဇာတ်ကားကောင်းတစ်ခု ဖန်တီးပေးနိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ အကြမ်းဖျင်းပြောရရင် ဥပမာဗျာ- ဇာတ်ကားတစ်ကားကို သိန်း ၂ဝဝ ကုန်ကျတဲ့ ဇာတ်ကားနဲ့ သိန်း ၁ဝဝ ကုန်ကျတဲ့ ဇာတ်ကားဟာ ဘယ်ဇာတ်ကား ပိုကောင်းမလဲဆိုတာ ရှင်းပါတယ်။ သိန်း ၁ဝဝ နဲ့ရိုက်တဲ့သူဟာ သိန်း ၁ဝဝ ဆိုတဲ့ ငွေကြေးအကန့်အသတ်ကြားထဲမှာ စရိတ်အားလုံးကို လျှော့ချပြီးတော့ ရိုက် ကူးရပါတော့မယ်။ အဲဒီတော့ ပြောချင်တာက အဓိက အရေးကြီးဆုံးက ပရိုဂျူဆာပါ။ ပရိုဂျူဆာဆိုတဲ့လူတန်းစားမှာ တချို့က ပိုက်ဆံ လည်း ရှာတယ်၊ အနုပညာကိုလည်း ချစ်မြတ်နိုးတယ်။ အဲဒီလို လူတွေလည်းရှိပါတယ်။ အနုပညာ အပေါ် ချစ်မြတ်နိုးစိတ်ဟာ ရာခိုင်နှုန်း အနည်း အများတော့ ကွာခြားပါလိမ့်မယ်။ အနုပညာလောကကနေ ပြီးတော့ ဇာတ်ကားတွေထုတ်ရိုက်လို့ အကျိုးအမြတ်တွေရကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ရုပ်ရှင်လောကကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေရှည်မြှုပ်နှံမှု ဘယ်သူမှမလုပ်ကြ ဘူး။ ဒီလောကထဲမှာ စီးပွားရှာပြီးတော့ တခြားမှာစီးပွားရေးပြန်လုပ်ကြတယ်။ အနုညာလောကကိုပြန်ပြီး တော့ ပံ့ပိုးပေးပြီး မြှုပ်နှံတဲ့သူက မရှိသလောက်ရှား တယ်။ အမှန်တော့ အဲဒီလိုလူတွေကသာ အနုပညာလောကကောင်းဖို့အတွက် စတူဒီယိုတွေ စုပြီးတည်ဆောက်ပေးတာတို့၊ ဇာတ် ကားကောင်းတွေကို စုစည်းပြီး အကျိုးတူစိုက်ထုတ်ပေးတာတို့ဆို ရင် အစ်ကိုတို့လောကကြီးဟာ မင်္ဂလာ ရှိတဲ့နေရက်တွေကို ပိုင်ဆိုင် လာမှာပါ” လို့ ဒါရိုက်တာ သရုပ်ဆောင် ကိုပေါက်က ထောက်ပြပြောဆိုပါတယ်။

ထက်လူ
Popular Myanmar

0 comments:

Post a Comment