Sunday, November 8, 2015

ရုပ်ရှင် အကြိုခံစားခြင်း - Knock Knock


- ဒီနေ့အတွက်တော့ မင်းသား ကီအာနူးရိဗ်ခေါင်းဆောင်ပါဝင် ထားပြီး လောရန်ဇာအစ်ဇို၊ အန် နာဒီအားမက်စ်တို့ပါတဲ့ သည်း ထိတ်ရင်ဖိုရုပ်ရှင်ကားအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ၁၉၇၇ တုန်းက ထွက်ရှိခဲ့ဖူးတဲ့ Death Game ဆိုတဲ့ ဇာတ်ကားကို ပြန် လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပြီး ဇာတ်ဝင်ခန်းတချို့က မိသားစုတွေ ကြည့်ဖို့မသင့်တော် တာတွေ ပါပေမယ့် ဇာတ်အိမ် တည်ထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ဗိသုကာတစ်ယောက်ဖြစ်တဲ့ အီဗန်ဝက်ဘာဟာ ပခုံးမှာ ဒဏ် ရာရထားတာကြောင့် သူ့ဇနီးနဲ့ ကလေးတွေ ကမ်းခြေကို ခရီး ထွက်သွားကြပေမယ့် သူ့ခွေးလေး မွန်ကီးနဲ့အတူ အဖေများနေ့ပိတ် ရက်မှာ အိမ်မှာကျန်နေခဲ့ပါတယ်။ အီဗန်ရဲ့ ဇနီးကယ်ရန်ဟာ ပန်းပု ပညာရှင်တစ်ယောက်ဖြစ်ပြီး ခရီး သွားနေတုန်း သူ့ပန်းပုကို ပြခန်း ပို့ဖို့အတွက် လူးဝစ်ဆိုတဲ့ သူ့လက်ထောက်ကို မှာထားခဲ့ပါတယ်။ အိမ်ကြီးမှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ အီဗန်ဟာ မပြီးသေး တဲ့ အိမ်ဒီဇိုင်းတစ်ခုနဲ့ အလှုပ်ရှုပ် နေတုန်း တစ်ညနေမှာ ဂျန်နက် ဆစ်နဲ့ ဘဲလ်ဆိုတဲ့ မိန်းကလေးနှစ် ယောက် အိမ်တံခါးလာခေါက်ခဲ့ ပါတယ်။

အီဗန် တံခါးသွားဖွင့်တော့ မိန်းကလေးနှစ်ယောက်က ရေ တွေရွှဲစိုနေပြီး ပါတီပွဲရှိတဲ့အိမ်ကို ရှာရင်း ဖုန်းကလည်း အားကုန် သွားကြောင်း တက္ကစီသမားက လည်း လမ်းမှာချခဲ့တဲ့အတွက် အကူအညီလာတောင်းကြောင်း ပြောခဲ့ပါတယ်။ အားနာတတ်တဲ့ အီဗန်က အဲဒီမိန်းကလေးတွေကို အိမ်ထဲပေးဝင်ခဲ့ပြီး အင်တာနက်လည်း ပေးသုံးခဲ့ကာ တက္ကစီစောင့်ခွင့်လည်း ပေးခဲ့ပါတယ်။

မဖိတ်ခေါ်ဘဲရောက်လာတဲ့ ဧည့်သည်နှစ်ယောက်ဟာ အီဗန် ကို လိင်ပိုင်းဆိုင်ရာမြူဆွယ်တာ တွေ အတင်းအကျပ်လုပ်ခဲ့ပြီး နောက်ရက်မှာ ပြန်ဖို့ပြောပေမယ့် မိန်းကလေးနှစ်ယောက်က ဇွတ် အတင်းကို ကပ်နေခဲ့ပါတယ်။ နောက်ပြီး ပြခန်းပို့ရမယ့် ကယ် ရန်ရဲ့ ပန်းပုရုပ်ကိုလည်း ဖျက်ဆီး ခဲ့တာကြောင့် အီဗန်က ရဲတိုင်မယ် ပြောတဲ့အခါ သူတို့နှစ်ယောက် အသက်မပြည့်သေးသူတွေ ဖြစ် ကြောင်း၊ အီဗန်ကို လိင်ကိစ္စနဲ့ တရားပြန်စွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကယ်ရန်ရဲ့ သူငယ်ချင်း ဗီဗီ ယန်က တစ်ယောက်တည်းကျန်ခဲ့ တဲ့ အီဗန်အဆင်ပြေ၊ မပြေလာ ကြည့်တဲ့အခါ မိန်းကလေးနှစ် ယောက်ကို အိမ်မှာ တွေ့တာ ကြောင့် အခြေအနေမှန်ကိုမသိဘဲ အီဗန်ခြေရှုပ်နေတယ်ထင်ပြီး စိတ်ဆိုးသွားခဲ့ပါတယ်။ အဲဒီနောက် မိန်းကလေးနှစ်ယောက်ဟာ အီဗန်တို့ မိသားစုဓာတ်ပုံနဲ့ အိမ်ထဲက ပစ္စည်းတွေကို ဖျက်ဆီး၊ အီဗန်ကို ဇနီးနဲ့ပါ ပြဿနာတက်အောင် သူတို့နှစ်ယောက်နဲ့ အရှုပ်ဇယားဗီဒီယိုတွေပါ အွန်လိုင်းတင်နေချိန်မှာ အီဗန်ကို ခုံမှာကြိုးတုပ်ပြီး မြေမြှုပ်တဲ့အထိ လုပ်ခဲ့ပါတယ်။

အီဗန် တစ်ယောက် အဲဒီ မိန်းကလေးနှစ်ယောက်ရဲ့ လက် ချက်နဲ့ သေပွဲဝင်ရမှာလား။ ကယ် ရန်နဲ့ ကလေးတွေ အိမ်ပြန်ရောက် တဲ့အခါ တစ်အိမ်လုံး ဗြောင်းဆန် တဲ့အနေအထားကို တွေ့ကြတဲ့ အခါမှာတော့.. ။ ။

7Day Daily

0 comments:

Post a Comment