Wednesday, November 18, 2015

သေဒဏ်ကျ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင်နှစ်ဦး၏ အယူခံပယ်ချခံရ

အတိုက်အခံခေါင်းဆောင်နှစ်ဦး၏ အယူခံဝင်မှုကို တရားရုံးဆုံးဖြတ်ချက် ချမှတ်ချိန်တွင် ဒါကာမြို့ ဗဟိုတရားရုံးပြင်ပ၌ စုဝေးနေသော ဆန္ဒပြသူများ (Ashikur Rahman/Reuters)

ဘင်္ဂလားဒေ့ရှ် တရား လွှတ်တော်ချုပ်သည် အတိုက်အခံ ခေါင်းဆောင်နှစ်ဦးအား သေဒဏ် ချမှတ်ထားခြင်းအတွက် နောက် ဆုံး အယူခံဝင်မှုများကို ပယ်ချ လိုက်ပြီး ၎င်းတို့၏ စစ်အတွင်း ရာဇဝတ်မှုများအတွက် မူလရုံး၏ သေဒဏ်ကိုပင် အတည်ပြုပေးခဲ့သည်။အတိုက်အခံ ဂျာမားအစ္စ လာမ်မီပါတီ အထွေထွေအတွင်း ရေးမှူးချုပ် အလီအာဆန်မိုဟာ မက်မူဂျာဒီ (၆၇)နှစ်သည် ၁၉၇၁ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲအတွင်း ပညာတတ်များနှင့် လူနည်းစုဟိန္ဒူများအား ညှဉ်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မှု စွဲချက် ငါးခုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ ရပြီး ကျန်တစ်ဦးဖြစ်သည့် ဆူဟူ ဒင် ကွာဒါချောင်ဒရီ (၆၆) နှစ်မှာ မူ စစ်ကာလအတွင်း လူမျိုးတုံး သတ်ဖြတ်မှု၊ အတင်းအကျပ် ဖမ်း ဆီးမှုနှင့် နှိပ်စက်မှုများဖြင့် တရားစွဲဆိုခံရပြီး သေဒဏ်ချမှတ်ခံရ ခြင်း ဖြစ်သည်။

ချောင်ဒရီသည် ယခင် ဝန် ကြီးချုပ်ဟောင်း မစ္စစ်ခါလတ်ဇီယာ၏ ဘင်္ဂလားဒေ့ရှ် အမျိုးသား ရေးဝါဒီပါတီ (BNP) မှ အမတ် ဟောင်းတစ်ဦးဖြစ်သည်။

‘‘တစ်နိုင်ငံလုံးဟာ ဒီတရား လွှတ်တော် နောက်ဆုံးစီရင်ချက် ကြောင့် ပျော်ရွှင်ခဲ့ရပါတယ်’’ ဟု ရှေ့နေချုပ် မဟူဘေးအလမ်က လုံခြုံရေးများ တင်းကျပ်စွာ ချ ထားသည့် တရားရုံးပြင်ပတွင် သ တင်းထောက်များအား ပြောကြား သည်။

ယခု ဆုံးဖြတ်ချက်ကြောင့် ထိုစစ်ရာဇဝတ်မှု တရားခံနှစ်ဦး သည် သမ္မတက လွတ်ငြိမ်းချမ်း သာခွင့် မပေးလျှင် မည်သည့်အ ချိန်တွင်မဆို ကွပ်မျက်ခံရတော့ မည်ဖြစ်သည်။

မူဂျာဟစ်သည် ခါလီဒါ ဝန် ကြီးချုပ်ဖြစ်စဉ် ၂၀၀၁ မှ ၂၀၀၆ အထိ လူမှုဖူလုံရေးဝန်ကြီး ဖြစ်ခဲ့ ပြီး သေဒဏ်ကျခံရသည့် ပထမ ဆုံး ဝန်ကြီးဟောင်းအဆင့် လူ တစ်ဦး ဖြစ်လာမည်ဖြစ်ကာ ချောင်ဒရီသည်လည်း သေဒဏ် ကျခံရမည့် ပထမဆုံးသော (BNP) ပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်လာမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီး ချုပ် မစ္စစ်ရှိတ်ဟာစီနာ တက်လာ ပြီးနောက် ၂၀၀၁ က စစ်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ် မှုများကို စစ်ဆေးရန် ခုံရုံးဖွင့်ခဲ့ပြီး ဂျမတ်အီအစ္စလာမ်မီ ပါတီခေါင်း ဆောင်နှစ်ဦးကိုလည်း ၂၀၁၃ ဒီဇင်ဘာနှင့် ၂၀၁၅ ဧပြီတို့တွင် စစ် ရာဇဝတ်မှုများဖြင့် သေဒဏ်စီရင် ခဲ့ပြီးဖြစ်သည်။

သို့သော် အတိုက်အခံ ထို ပါတီကမူ အစိုးရက ၎င်းတို့ ခေါင်း ဆောင်မှုကို အားပျော့အောင် နိုင်ငံရေးအရ လုပ်ကြံမှုများအ ဖြစ် သတ်မှတ်ထားသည်။

အမေရိကန် အမတ်များ နှင့် အခြား နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့များကလည်း ခုံရုံးဖွင့် စစ်ဆေးမှုများတွင် နိုင်ငံတကာ စံနှုန်းများ လိုက်နာမှု အားနည်း ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

—Ref: Reuters
7Day Daily

0 comments:

Post a Comment