Monday, November 2, 2015

အရင်ကနဲ့အခု ယှဉ်ထိုးကြည့်ရင် ရုပ်ရှင်က လုံးဝပြောင်းလဲသွားပါပြီ


စီးပွားရေးလုပ်ငန်းတွေကိုချည်း ဇောက်ချလုပ်ကိုင်နေတဲ့ လွင်မိုးက တတ်အားသလောက် ရုပ်ရှင်ဘက်မှာ စွမ်းစွမ်းတမံပါဝင် လုပ်ေ ဆာင်ဖြစ်နေပါသေးတယ်။ မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှာ ရုပ်ရှင်ရုံတည်ဆောက်ရေးစီမံကိန်းအတွက် ဥက္ကဋ္ဌ တာ ဝန်ယူထားပြီး ရုပ်ရှင်ရုံတွေတည်ဆောက်နိုင်ရေးကို ကြိုးစားဆောင်ရွက်နေပါတယ်။ ” ရုပ်ရှင်ရုံတွေအတွက် ဆာဗေးတွေ စလုပ်နေပါပြီ။ ရှင်းရှင်းပြောရရင် ရေကြီး၊ ရေနစ်မြုပ်မူတွေ နဲ့ နည်းနည်းတော့ အရှိန်လျော့သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရုံတော် တော် များ များလည်း အဲဒီနယ်တွေမှာ ရှိနေတာကိုး။ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ရုပ်ရှင်ရုံတွေ ဆောက်ပြီးလုပ်မယ့် သဘောရှိနေတော့လေ။ အဲ ဒါကြောင့်မို့ ဆာဗေးတွေ ထပ်လုပ်နေပါပြီ” လို့ ရုပ်ရှင်ရုံတွေ ထပ်တိုးဆောက်လုပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လွင်မိုးက ပြောပါတယ်။ ဒါ့ အပြင် လက်ရှိအချိန်မှာ ရုပ်ရှင်ရဲ့အခြေအနေက အရင်ကနဲ့ လုံးဝမတူတော့ဘဲ လုံးဝပြောင်းလဲသွားပြီလို့လည်း ပြောပြပါသေးတယ်။” အရင်တုန်းက ပရက်စလေတို့၊ ဂျိမ်းစ်ဒင်းတို့ အမေရိကမှာ ခေတ်စားသလိုပေါ့။ မြန်မာနိုင်ငံမှာလည်း ဦးဝင်းဦးတို့၊ ဦးကျော်ဆွေ တို့၊ဦးကျော်ဟိန်းတို့ ခေတ်စားတယ်လေ။ ဒီတော့ ဦးကျော်ဟိန်းစတိုင်၊ ဦးဝင်းဦးစတိုင်အတိုင်းလိုက်လုပ်ကြ တယ်။ ဒွေးစတိုင်၊ လွင်မိုး စ တိုင်တို့က အခုမရှိတော့ဘူး။ စတိုင်က ပျောက်သွားတာပေါ့။ ပျောက်သွားတဲ့ အခါကျတော့ Creation လုပ်တဲ့နေရာမှာ ကျယ်ပြန့် လာ ခဲ့ တယ်။ ကျယ်ပြန့်လာတယ်ဆိုတာ လူတွေက ရုပ်ရှင်ဇာတ်ကား တစ်ကားကို ဘယ်လိုရိုက်ကူးသလဲဆိုတာ နားလည်လာကြတယ်။ သိ လာကြတယ်။ ဟိုအရင်တုန်းက ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဘယ်လို ရိုက်ကူးလဲ။

ဘယ်လိုလုပ်လဲဆိုတာ မသိကြဘူး။ ဇာတ်လမ်းထဲမှာပဲ ပြောနေကြတာ။ အခုသိလာတဲ့အခါကျတော့ ဇာတ်လမ်းတွေ၊ ဇာတ်ကားတွေက ဘယ်လိုဖြစ်လာသလဲဆိုရင် သာမန်ဇာတ်ကား အဆင့်လောက်ပဲဖြစ်သွားတော့တယ်” လို့လည်း ပြော ပြပေးပါတယ်။ ဒီလိုဖြစ်လာတာ ဟာ ဆုတ်ယုတ်မူမဟုတ်ဘဲ တိုင်းပြည် တိုးတက်ခြင်းတစ်ခုလို့လည်း သူ့အမြင်ကို ပြောပါတယ်။ ” ဥပမာ ဂျိမ်းစ်ဘွန်းက ဂျိမ်းစ်ဘွန်း နဲ့တောင် မတူတော့ဘူး။ ဖိုက်တင်တွေချကြတာ။ အဲဒီလိုမျိုးဖြစ်လာတော့ သရုပ်ဆောင် ရဲ့ အခန်းကဏ္ဍဟာ သူတို့ရဲ့ နာမည် တစ် လုံး၊ နှစ်လုံးနဲ့နိုင်ငံမှာ တစ်ယောက်၊ နှစ်ယောက်နဲ့ ရိုက်ကူးလို့ရမယ့် လုပ်လို့ရ မယ့် အခန်းကဏ္ဍတွေ နည်းပါးလာတယ်။ တဖြည်းဖြည်းနဲ့ လူသစ်တွေ လူငယ်တွေ အစားထိုး ရိုက်ကူးလာမယ်။ ကာရိုက်တာနဲ့ လိုက်ဖက်မယ့် မင်းသား၊ မင်းသမီးတွေ အစားထိုးရိုက်ကူးလာမယ်။ ဒါမျိုးတွေ ဖြစ်လာမယ်။ ဒါကကောင်းပါတယ်။ တိုင်းပြည်တိုးတက်တာပါပဲ” လို့လည်း ရုပ်ရှင် အခြေအနေပြောင်းလဲလာပုံ တချို့ကို လွင်မိုး က သုံးသပ်ပြောဆိုပေးပါတယ်။


Mဘွယ်
Popular Myanmar

0 comments:

Post a Comment