Monday, November 2, 2015

ပရိသတ်အတွက် အကျိုးအမြတ်တစ်ခုခုကျန်စေနိုင်မယ့်ဇာတ်လမ်းမျိုးကိုပဲရွေးချယ်ရိုက်ကူးတော့မယ်


မေး - အခုနောက်ပိုင်းဇာတ်ကားတွေမှာ သိပ်မတွေ့ရဘူးနော်။

ဖြေ - အင်းဟုတ်တယ်။ ဇာတ်ကားတွေမှာ သိပ်မတွေ့ရဘူးဆို တာက ကဗျာက ဇာတ်လမ်းတွေကို ရွေးချယ်ပြီး ရိုက်ဖြစ်နေတာ ကြောင့်ပါ။ ကဗျာတို့တုန်းက တစ်ခန်းပဲပါရ၊ ပါရ တစ်ဆင်န်းပဲပါ ရ၊ပါရ အလုပ်လုပ်ချင်တဲ့သူအတွက် တကယ်ကြိုးစားရကျိုးနပ် တယ်။ ကဗျာ သူများကိုမပြောချင်ပါဘူး။ အခုနောက်ပိုင်း ကဗျာ က ဇာတ်တွေလာကမ်းလှမ်းတဲ့ ဇာတ်လမ်းတွေကဘာမှလည်းမလုပ် ရဘဲနဲ့ ဒီအတိုင်းလေးပဲပြီးသွားတာကျတော့ ကဗျာကိုယ်တိုင်ကို က မလုပ်ချင်တော့တာ။ လုပ်ကွက်ရမယ့် ဇာတ်လမ်းမျိုးဆိုရင် တော့ အချိန်ပေးပြီးတော့ ကဗျာရိုက်ချင်ပါတယ်။ တော်ရုံတန်ရုံ ဇာတ်လမ်းထဲမှာ ဒီလိုဝတ်ဟိုလိုဝတ်ပြီး ပြီးသွားတဲ့ဇာတ်လမ်းအ တွက် ဆိုရင်တော့ မလုပ်ချင်တော့တဲ့အတွက် အဲဒီလိုနေရာမျိုးမှာ အချိန်ပေးမယ့်အစား စီးပွားရေးမှာပဲအချိန်ပေးတော့မယ်ဆိုပြီး တော့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။မေး - အနုပညာအလုပ်နဲ့စီးပွားရေးယှဉ်လာရင်ရော ဘယ်ဟာကိုပိုပြီးတော့ဦးစားပေးလုပ်ဖြစ်လဲ။

ဖြေ - စီးပွားရေးရယ်၊ အနုပညာရယ်ယှဉ်လာပြီဆိုရင်တော့ အနုပညာအလုပ်က ကဗျာအတွက် လုပ်ကွက်ရှိမယ့် ဇာတ်လမ်း ဇာတ်အိမ်မျိုးရှိရင်တော့ အနုပညာကို ဦးစားပေးပြီးရွေးချယ်ဖြစ် ပေမယ့် လုပ်ကွက်မရှိတဲ့ဇာတ်လမ်းဆိုရင်တော့ ကဗျာ စီးပွားရေး ကိုပဲရွေးချယ်လုပ်ဖြစ်တယ်။ကဗျာအနုပညာအလုပ်တွေကို မလုပ် တော့တာတော့ မဟုတ်ပါဘူး။

မေး - ဒရမ်မာနဲ့ ဟာသယှဉ်လာရင် ဘယ်လိုဇာတ်ရုပ်မျိုးကို ရွေးချယ်ရိုက်ဖြစ်မလဲ။

ဖြေ - ကဗျာကအရင်ကတည်းက ဒရမ်မာကို ပိုရိုက်တာများ တယ်။ ကဗျာ

ကိုယ်တိုင်ကလည်း ဒရမ်မာရိုက်ရတာကို ကြိုက်တယ်။ဟာသဇာတ်လမ်းမျိုးကိုရိုက်ရတာ ဝါသနာမပါဘူး။ အဲဒါကြောင့် ကဗျာက ဖန်စီတွေ ဟာသတွေလုပ်နေ ရင် အဆင်မပြေဘူး။ ဒရမ်မာက ဘယ်လိုပဲစုတ်ပြတ် သတ်နေပါစေ။ ကဗျာရိုက်ချင်တယ်။ လှလှပပလေး တွေဝတ်ပြီး ရိုက်နေရတဲ့ဇာတ်လမ်းမျိုးဆိုရင်တော့ ကဗျာကပဲ အသက်ကြီးလာလို့လားမသိဘူး၊ အဲဒီ လိုရိုက်ရမှာကို ရှက်တယ်။

မေး - ဇာတ်ကားတွေကိုရွေးချယ်ရိုက်ကူးဖြစ် နေတယ်ဆိုတော့ဘယ်လိုဇာတ်လမ်းဇာတ်ကား မျိုးကို ရိုက်ချင်လဲ။

ဖြေ - ကဗျာဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူး ဖြစ်နေတယ်ဆိုတာက ကဗျာ့ဇာတ်ကားတွေကို ကြည့်တဲ့ပရိသတ်တွေကို အကျိုးမယုတ်စေချင် ဘူး။ကဗျာ့ဇာတ်လမ်းတွေကိုရွေးချယ်ပြီး ရိုက် ဖြစ်နေပေမယ့် ကဗျာရိုက်တဲ့ဇာတ်လမ်းတွေက ပရိသတ်တွေအတွက် လေ့လာစရာတစ်ခုခု၊ ဒါမှ မဟုတ်ရင်လည်း အတုခိုးစရာတစ်ခုခု ကျန်စေ မယ့်ဇာတ်လမ်းမျိုး ကဗျာအတွက်အကျိုးအမြတ် မရှိရင်တောင် ကဗျာပါဝင်တဲ့ ဇာတ်ကားတွေကို ကြည့်တဲ့ ပရိသတ်အတွက်တော့ အကျိုးအမြတ် တစ်ခုခုကျန်စေနိုင်မယ့်ဇာတ်လမ်းမျိုးကိုပဲရွေးချယ် ရိုက်ကူးတော့မယ်။

‎Democracytoday‬

0 comments:

Post a Comment