Monday, November 16, 2015

လဲချားမြို့တွင် ပေါက်ကွဲမှုဖြစ်၍ ကလေးငယ်နှစ်ဦးသေဆုံး

ရှမ်းပြည်နယ် တောင် ပိုင်း လဲချားမြို့တွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ကာ အသက် (၈) နှစ်နှင့် (၁၂) နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးသွားသည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လဲချားမြို့အရှေ့ဘက် နမ့် တိန်းချောင်းတံတားအနီးတွင် နို ၀င်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ ခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ နမ့်တိန်းချောင်းအနီး အုတ်သဲကျောက်သယ်သည့် မိသားစုမှ မိန်းကလေးငယ်နှစ်ဦးက တံတားအနီးတွေ့ရသည့် အမည်းရောင်ကြွပ်ကြွပ်အိတ်ထုပ်တစ်ထုပ်ကို ကောက်ယူလိုက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပေါက်ကွဲမှုအတွက် သက် သေခံပစ္စည်းသိမ်းဆည်းထားတာ မျိုးမရှိသေးဘူး။ ကလေးနှစ် ယောက်သေဆုံးသွားတယ်။ မိန်း ကလေးတွေချည်းပဲ။ ဆိုင်ကယ် ဘက်ထရီလိုဟာကို တွေ့လို့ ကောက်ကိုင်လိုက်တာမှာ ပေါက် ကွဲသွားတာလို့ သိရတယ်။ စုံစမ်း ဖော်ထုတ်နေပါတယ်’’ဟု လဲချား မြို့နယ် ရဲစခန်းမှူးက ပြောသည်။

လဲချားမြို့သည် မြန်မာ့တပ် မတော်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSA/SSPP) တို့ တိုက်ပွဲဖြစ်ပွားနေသည့် မိုင်းနောင်၊ မိုင်းရှူးမြို့များနှင့် မိုင် ၈၀ ခန့်ကွာဝေးပြီး ယခုကဲ့သို့ အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရသည့်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး နန်းမြဦးက ပြောသည်။

မိုင်းရှူးဒေသမှ စစ်ဘေး ရှောင်သူဦးရေ ၅၀၀ ခန့်တို့သည် လည်း လဲချားမြို့တွင် လာရောက်ခိုလှုံနေရကာ တိုက်ပွဲအရှိန်မြင့်တက်လာ မည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ရှမ်းပြည်တောင်ပိုင်း လူငယ်ကွန်ရက်မှ သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment