Monday, November 16, 2015

‘‘မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက် အနေနဲ့ သွားရတာအရမ်းပျော်ပါတယ်’’- အလှမယ် L ဘောက်နူးနှင့် စကားစမြည်


နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss Supranational 2015ပြိုင်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ပိုလန်နိုင်ငံတွင် ကျင်းပတော့မည်ဖြစ်သည်။ ထို့ကြောင့် ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် အလှမယ် Lဘောက် နူးက ပြိုင်ပွဲအတွက် ပြင်ဆင်ထားသည့် ပြင်ဆင်မှုများအပါအဝင် ၎င်း၏ အနုပညာလှုပ်ရှားမှုများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။Miss Supranational 2015 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့ ပိုလန်နိုင်ငံကို ဘယ်တော့လောက်သွား မှာလဲ။ ဒီခရီးအတွက် ဘယ် လောက်ရင်ခုန်နေလဲ။

နိုဝင်ဘာ ၁၇ ရက်မှာ မြန်မာနိုင်ငံကနေ စပြီးထွက်ရမှာပါ။ ပြိုင်ပွဲကာလကတော့ နိုဝင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၄ ရက် အထိပါ။ ပြိုင်ပွဲကြီးကတော့ ဒီဇင် ဘာ ၄ ရက်ပါ။ ဒီခရီးစဉ်က ညီမ အတွက်ကတော့ ဥရောပခရီးစဉ် အနေနဲ့ ပထမဆုံးသွားရတာပါ။ နောက်ပြီး သွားရတဲ့အချိန်မှာ လည်း သာမန်ဈေးဝယ်ထွက်တာ မျိုးမဟုတ်ဘူး။ ကိုယ့်ရဲ့ မြန်မာ နိုင်ငံကို ကိုယ်စားပြုမယ့် အလှ မယ်တစ်ယောက်အနေနဲ့ သွားရ တာဆိုတော့ အရမ်းလည်းပျော်ပါ တယ်။ ဝမ်းလည်းဝမ်းသာတယ်။

Miss Golden Land ပြိုင်ပွဲတုန်း က Miss Supranational 2015 ဆုကို မှန်းပြီးတော့ ပြိုင်ခဲ့တယ်။ အခုကိုယ်တကယ်ပြိုင်ချင်တဲ့ ပြိုင် ပွဲကြီးမှာ ယှဉ်ပြိုင်ရတော့မှာဆို တော့ ဘယ်လောက်ပြင်ဆင်ထား လဲ။

ညီမ Miss Golden Land စပြိုင်တုန်းကလည်း ဆုတောင်း ခြင်းနဲ့ပဲ အစပြုခဲ့တယ်။ ပြိုင်ပွဲ တစ်လျှောက်မှာလည်း ညီမဆုပဲ တောင်းခဲ့တယ်။ ဒီပြိုင်ပွဲအတွက် လည်း ဆုပဲတောင်းနေပါတယ်။ ဒါပေမဲ့လည်း ညီမဘက်က လုပ် စရာရှိတဲ့ အရာတွေအားလုံးကို တော့ အကောင်းဆုံးပြင်ဆင်ထား ပါတယ်။ ကြိုးစားမှုပိုင်းကိုလည်း လုံးဝမလျှော့ဘဲ ကြိုးစားသွားမှာ ပါ။ ဘုရားကတော့ ညီမကို အကောင်းဆုံးပြင်ဆင်ပေးလိမ့် မယ်လို့ ယုံကြည်ပါတယ်။

ပြိုင်ပွဲဝင်ဝတ်စုံတွေအတွက် ဘယ်ဒီဇိုင်နာတွေက ဖန်တီးပေး မှာလဲ။ ကချင်တိုင်းရင်းသူဆို တော့ National Costume (အမျိုးသားဝတ်စုံ)အတွက် ကချင်ဝတ် စုံပဲ ဝတ်ဖြစ်မှာလား။

ပြိုင်ပွဲမှာဝတ်မယ့် အဝတ် အစားတွေမှာ ညနေခင်းဝတ်စုံကို တော့ ဒီဇိုင်နာ ကိုရှီလာက ချုပ် ပေးထားပါတယ်။ ပွဲတက်ဝတ်စုံ တွေအတွက်ကတော့ ဇော်ဆိုင်း (Man Made)က လုပ်ပေးထားပါ တယ်။ National Costume ကို တော့ မပုံ့က ပြင်ဆင်ပေးထားပါ တယ်။ ကချင်ဝတ်စုံတော့ ဝတ် ဖြစ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ညီမ Admire (သဘောကျ)ဖြစ်တဲ့ Theme တစ်ခုရှိတဲ့အတွက် ဆရာတို့နဲ့တိုင် ပင်ပြီး ပြင်ဆင်ထားပါတယ်။

နိုင်ငံတကာပြိုင်ပွဲကြီးမှာ ပြိုင်ရ တော့မှာဆိုတော့ ရင်ခုန်မှုလေး လည်း ပြောပြပေးပါဦး။

ရင်ခုန်ပါတယ်။ ကိုယ့်ရှေ့ က အစ်မတွေက အကောင်းဆုံး ကြိုးစားပြီး မြန်မာ့ဂုဏ်ကိုဆောင် ခဲ့တာဆိုတော့ ကိုယ်လည်း အ ကောင်းဆုံးကြိုးစားပြီး မြန်မာ့ ဂုဏ်ဆောင်နိုင်ဖို့ ကြိုးစားနေပါ တယ်။

ဒီပြိုင်ပွဲမှာက အင်တာနက်ဆု လည်း ပေးတာဆိုတော့ အားပေး မယ့် ပရိသတ်တွေကို ဘာပြော ချင်လဲ။

ညီမသွားပြိုင်မယ့် Supra-national ပြိုင်ပွဲက Voting ပါပါ တယ်။ ရှေ့က သွားပြိုင်ခဲ့တဲ့ အစ်မနှစ်ယောက်တုန်းကလည်း Miss Internet ဆုရတာ၊ မြန်မာ က ၂ နှစ်ရှိပြီဆိုတော့ ညီမလည်း အဲဒီဆုကို မျှော်လင့်ပါတယ်။ အစဉ်အလာမပျက် အဲဒီဆုလေး ကိုလည်း ယူလာချင်လို့ ပရိသတ် တွေ Voting နဲ့ အားပေးပါဦးလို့။

အလှမယ်အများစုက သရုပ် ဆောင်ဘက်ကိုပြောင်းတဲ့သူတွေ များတော့ ညီမကော အဲဒီလိုလုပ် ဖို့အစီအစဉ်ရှိလား။

အနုပညာနဲ့ပတ်သက်ပြီး အများကြီးတော့ မမျှော်လင့်ထား ပါဘူး။ ညီမရဲ့ ရည်ရွယ်ချက်က ကလေးတွေရဲ့ ပညာရေးနဲ့ပတ် သက်တဲ့ ပရောဂျက်လုပ်ဖို့ အစီ အစဉ်ရှိတာဆိုတော့ မျှော်လင့် တာမျိုးမရှိပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း ဘုရား ပေးသလောက်ပါပဲ။

ကချင်ပြည်နယ်က ကလေးတွေ ရဲ့ ပညာရေးအတွက် လုပ်ပေးချင် တယ်လို့ ပြောထားဖူးတော့ အဲဒီ အစီအစဉ်တွေကိုကော ဘယ် တော့လောက် အကောင်အထည် ဖော်မှာလဲ။

နောက်နှစ်ဆိုရင် ပရောဂျက် စတော့မှာပါ။ ဘာဖြစ်လို့လဲဆို တော့ ပြိုင်ပွဲမသွားရသေးတဲ့အ တွက် အဲဒီပရောဂျက်တွေ မစ ဖြစ်သေးတာ။ ပြီးတော့ မိုးတွင်း လည်းဖြစ်တဲ့အတွက် မလုပ်ဖြစ် သေးတာ။ ပွင့်လင်းရာသီရောက် တာနဲ့ စပြီးလုပ်ဖြစ်တော့မှာပါ။

နောက်နှစ်မှာ စမယ်ဆိုတော့ ကချင်ပြည်နယ်ရဲ့ ဘယ်လိုနေရာ အထိသွားပြီး လုပ်ပေးသွားဖို့ရှိ မလဲ။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်မှာက အကုန်အဆင်ပြေ ကြပါတယ်။ စစ်ဘေးဒဏ်ကို အရမ်းကြီးမရိုက်ခတ်ဘူး။ ဒါပေ မဲ့ မြစ်ကြီးနားကနေ တော်တော် သွားရတဲ့နေရာတွေမှာ၊ ခေါင်တဲ့ နေရာတွေမှာ စပြီးလုပ်ဖြစ်မှာပါ။

ကျေးဇူးတင်ပါတယ်။

7Day Daily

0 comments:

Post a Comment