ဂျိမ်းစ်ဘွန်းဇာတ်ကား သစ်ဖြစ်သော Spectre ရုပ်ရှင် ဇာတ်ကားသည် အမေရိကန်နိုင်ငံ တွင် ရုံတင်မပြသမီ ဗြိတိန်နိုင်ငံ၌ ပွဲဦးထွက်စံချိန်သစ်တင်လိုက် သည်။Spectre ရုပ်ရှင်ဇာတ်ကား သည် ဗြိတိန်နှင့်အိုင်ယာလန်နိုင်ငံ တို့တွင် ပထမဆုံးသီတင်းပတ်ရုံတင် ပြသမှုမှ ကန်ဒေါ်လာ ၆၄ သန်း ခန့်ရရှိခဲ့သည်။ ဂျိမ်းစ်ဘွန်းဇာတ် ကားသစ်သည် တနင်္လာနေ့ (အောက်တိုဘာ ၂၆ ရက်)ရုံတင် ပြသမှုတွင် ၂၀၀၄ ၌ စံချိန်တင်ခဲ့သော Harry Potter and thePrisoner of Azkaban၏ ဗြိတိန်ပွဲဦးထွက် စံချိန်ချိုးလိုက်နိုင်သည်။ဗြိတိန်သရုပ်ဆောင်မင်းသားဒန်နီယယ်ခရိတ်ကဂျိမ်းစ်ဘွန်း အဖြစ် ပါဝင်သရုပ်ဆောင်သော Spectre ဇာတ်ကားသည် နော်ဝေး၊နယ်သာလန်၊ ဖင်လန်နှင့် ဒိန်းမတ်နိုင်ငံများ၌လည်း စံချိန်သစ်တင်ထားသည်။ အဆိုပါ ရုပ်ရှင်သည် နိုင်ငံခြောက်နိုင်ငံတွင်ရုံတင်ပြသငွေစုစုပေါင်း ကန်ဒေါ် လာ ၈၀ ဒသမ ၄ သန်းရရှိထားပြီး မြောက်အမေရိက၌ ရုံတင်ပြသ လျှင် ဝင်ငွပိုရလိမ့်မည်ဟု မျှော် မှန်းသည်။
Spectre ဇာတ်ကားကို နိုဝင်ဘာ ၆ ရက်တွင် အမေရိကန် နိုင်ငံ၌ ရုံတင်ပြသမည်ဖြစ်ပြီး မြောက်အမေရိကတွင် သီတင်း ပတ်ကုန်ပွဲဦးထွက်ရုံတင်ပြငွေမှာ ကန်ဒေါ်လာသန်း ၇၀ မှ ၇၅ သန်းအထိ ရရှိလိမ့်မည်ဟုမျှော်မှန်းထားသည်။ မျှော်မှန်းနေသည့်အတိုင်း အောင်မြင်မှုရရှိလျှင် Spectre ဇာတ်ကားရုံတင် ပြသငွေသည် ၂၀၁၂တွင် ထွက်ရှိသော ဂျိမ်းစ်ဘွန်းဇာတ်ကား Sky fall ပြီးနောက် ဒုတိယအများဆုံး ဖြစ်လာမည်ဖြစ်သည်။
—Ref: UPI
7Day Daily
0 comments:
Post a Comment