Sunday, November 1, 2015

ဘော်ကြိုကျောင်းတိုက်အတွင်း ရှေးဟောင်းဘုရား ၅၆ ဆူ ထပ်မံ တူးဖော် တွေ့ရှိ


ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ရှိ ဘော်ကြိုဘုန်းကြီးကျောင်းတိုက် အတွင်း၌ ဇူလိုင် ၂၃ ရက်မွန်းလွဲပိုင်းက "ဓာတ်ပေါင်းစု ဂန္ဓကုဋိတိုက်တော်" တည်ဆောက်ရန် အတွက် မြေတူး ဖော်ရာ မှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော် ၃၀၂ ဆူအား တွေ့ရှိခဲ့ရာ အနယ်နယ် အရပ်ရပ် မှ ဘုရားဖူးများ နေ့စဉ်စည်ကားစွာ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ဆက်လက်၍ ဓာတ်ပေါင်းစုဂန္ဓကုဋိတိုက်တော်ကြီး တည်ဆောက်မှု လုပ်ငန်း များကို ပန်းရန်ဆရာကြီး ဦးမြင့်စိုး နှင့်အဖွဲ့က အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ ရာ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါ တည်ဆောက်ဆဲ နေရာအနီး ရေမြောင်းအတွက် မြေတူး ဖော်ရာမှ ရွှေ၊ ငွေ၊

ကြေး ရောရာ ဆင်းတုတော်၊ စကျင် ကျောက်သားဖြူ ဆင်းတုတော် နှင့် ဖန်သား ဆင်းတုတော် စုစုပေါင်း ၅၆ ဆူတို့ကို ထပ်မံ တူးဖော် တွေ့ရှိခဲ့သည်။

ယခုအခါ ပထမဆုံးတူးဖော်တွေ့ရှိခဲ့ရသော ရှေးဟောင်း ဆင်းတုတော် ၃၀၂ ဆူနှင့် ယခုထပ်မံ တူးဖော် တွေ့ရှိခဲ့ရ သည့် ရှေးဟောင်းဆင်းတုတော် ၅၆ ဆူ အပါအဝင် စုစုပေါင်း ၃၅၈ ဆူအား ဘော်ကြိုကျောင်းတိုက်၌ အပူဇော်ခံထား ရှိရာ (ယာပုံ) လာရောက်ဘုရားဖူးသူပရိသတ်များဖြင့် အထူးစည်ကား လျက် ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment