Tuesday, November 3, 2015

ကားအင်ဂျင်နဲ့ ဟင်းချက်ကြရအောင်


ကားအင်ဂျင်နဲ့ ဟင်းချက်မယ်ဆိုလိုက်တာကြောင့်နဲ့ အချိန်ပေးရတာကြောင့် အနည်းငယ်စိမ်းနေတာဖြစ်ပေမယ့် ဒီနည်းက ရှေးကျနေတဲ့နည်းဟောင်းတစ်ခုလို့ဆိုနိုင်တာပါ။ အခြားတစ်ဖက်မှာလည်းအခုလိုပြုလုပ်ဖို့က လောင်စာမဖြစ်မနေအသုံးပြုရမှာကြောင့် မြင့်မားနေတဲ့ဈေးနှုန်းကိုအကြောင်းပြပြီး လက်ရှောင်ကြတာလည်းဖြစ် နိုင်ပါတယ်။ ဘာပဲပြောပြော ကားအင်ဂျင်ကိုအသုံးပြုပြီးဘယ်လိုချက်ပြုတ်နိုင်တယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။အဆင့်(၁)

များသောအားဖြင့် ပျော်ပွဲစားထွက်သူတွေ ပြုလုပ်တာများပါတယ်။ ပထမဆုံးပြုလုပ်သင့်တာက ခရီးစဉ်နဲ့ကိုက် ညီမယ့် ဟင်းလျာကိုရွေးချယ်နိုင်ဖို့ပါပဲ။ တချို့ကတော့ ဘယ်မှမသွားဘဲ အိမ်မှာနေရင်း အင်ဂျင်အားကိုးနဲ့ ချက်ပြုတ်စားတတ်ပေမယ့် ဒါက အကုန်အကျအများဆုံးချက်ပြုတ်နည်းတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့ သတိချပ်ရပါလိမ့်မယ်။ ပျော်ပွဲစားထွက်ရာမှာ ပျော်ပျော်ပါးပါးချက်ပြုတ်စားသောက်တဲ့ ဒီနည်းလမ်းက ရေလုံပြုတ်ချက်သလို နည်းနည်းတော့အချိန်ပေးရပါတယ်။ အတိအကျပြောရရင် သမာရိုးကျ ပေါင်းအိုးနဲ့ချက် တာထက် အချိန်ပိုပြီးယူရသလို နှေးကွေးတဲ့ပေါင်းအိုးတွေထက်တော့ ပိုပြီးမြန်ဆန်တတ်တာပါ။ ကိုယ်က ခရီးရှည်သွားသူဖြစ်နေရင်တော့ ဘယ်လိုဟင်းလျာမျိုးမဆို ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ အသားကင်မလား၊ အပြည့်ကျက်အောင်ချက်မှာလား၊ အာလူးဟင်းလား အစရှိသဖြင့် အားလုံးနေရာကျမှာပါ။ ဘာကြောင့်လဲဆိုရင် တော့ ဟိုင်းဝေးမောင်းနှင်ထားတဲ့ ကားအင်ဂျင်က လုံလောက်တဲ့အပူချိန်ထုတ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ ကိုယ်က သာမန်ထက်ပိုပြီးတွင်တွင်ကျယ်ကျယ်ချက်ပြုတ်ချင်တယ်ဆိုရင်တော့ “Engine Block Cooking”ဆိုပြီး Google လိုက်ရင်း ကားအင်ဂျင်နဲ့ဟင်းချက်နည်းပေါင်းစုံကို သေချာပေါက်ရရှိနိုင်မှာပါ။

အဆင့်(၂)

ကားအင်ဂျင်ကိုအသုံးပြုပြီး ဟင်းလျာတွေချက်ပြုတ်တော့မယ်ဆိုရင်တော့ ဘာပဲချက်ချက် အလူမီနီယံပြားနဲ့ ရစ်ပတ်ပြီးမှ ချက်ပြုတ်သင့်ပါတယ်။ အနည်းငယ်ထူတဲ့ အလူမီနီယံပြားနှစ်ပြား၊ သုံးပြားလောက်အသုံးပြုပြီး အခုလိုရစ်ပတ်ရပါလိမ့်မယ်။ ဒီနေရာမှာ သတိထားရမှာကတော့ အလူမီနီယံပြားပေါ်မှာ သုတ်လိမ်းထားတဲ့ဆီ တွေကို ဖယ်ရှားမပစ်ဖို့ပဲဖြစ်ပါတယ်။ ဟင်းလျာတွေကို အလူမီနီယံပြားအုပ်တော့မယ်ဆိုရင် ထောင့်စွန်းလေး တွေကအစ သေချာအောင်ခေါက်ပြီး အုပ်သိမ်းဖို့ကိုလည်း မျက်ခြည်မပြတ်သင့်ပါဘူး။ များများအသုံးပြုမယ်ဆို ရင် ပိုပြီးတော့ တောင်အဆင်ပြေစေမှာပါ။ အသားနဲ့ထိတွေ့မယ့်အပိုင်းကို နောက်ထပ် ဆီသုတ်ထားမယ်ဆိုရင် တော့ ပြဿနာမရှိနိုင်ပါဘူး။

အဆင့်(၃)

ကားအင်ဂျင်ပေါ်မှာ ဟင်းချက်ဖို့သင့်တော်လောက်တဲ့နေရာကို ရှာရပါလိမ့်မယ်။ ကားစက်ဖုံးအောက်ထဲ ထိုးထည့်လိုက်ရုံနဲ့တော့ အဆင်မပြေနိုင်ပါဘူး။ ပထမဆုံးကောင်းမွန်ပြီး ပူနေမယ့်နေရာကိုမှန်ကန်အောင်ရွေး ချယ်နိုင်ရပါလိမ့်မယ်။ ပူတဲ့နေရာရှာမတွေ့ဘူးဆိုရင်တော့ အင်ဂျင်ပူသွားအောင် နည်းနည်းဖြစ်ဖြစ် ပတ်မောင်း ပြီးမှ ကားစက်ဖုံးကိုဖွင့်လိုက်တာအကောင်းဆုံးဖြစ်မှာပါ။ ဟင်းချက်လို့ ရ၊ မရ အသေအချာသိချင်ရင်တော့ လက်နဲ့မသိမသာစမ်းသပ်ကြည့်ဖို့ပဲရှိပါတယ်။ လျင်မြန်ဖို့နဲ့ လက်ချောင်းတွေနဲ့အင်ဂျင်ကို လုံးဝထိစရာမလိုဘဲ ပါးပါးနပ်နပ် စမ်းသပ်ကြည့်နိုင်ဖို့တော့ လိုအပ်တာပါ။ မဟုတ်ရင်လက်ကို အပူလောင်သွားတတ်လို့ပဲဖြစ်ပါတယ်။

အဆင့်(၄)

ချက်ပြုတ်နေချိန်မှာ ကားစက်ကိုနှိုးထားဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့အပြင် ကားအင်ဂျင်နဲ့ ချက်ပြုတ် တဲ့နည်းလမ်းအတိုင်းချက်ပြုတ်နေတယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့အချိန်မပြည့်ခင်မှာ မကြာခဏစမ်းသပ်မှု တွေပြုလုပ်နေသင့်တာပါ။ အကြောင်းကတော့ ဒီလိုချက်ပြုတ်ရာမှာ မမျှော်လင့်ထားတဲ့ Error တွေက ကိုယ့်အစီအစဉ်တွေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိတောကြောင့်ပဲဖြစ်ပါတယ်။

Shape Entertainment Journal

0 comments:

Post a Comment