Sunday, November 1, 2015

ရာဇာထွန်း အမြန်ရေယာဉ်နစ်မြုပ်မှုအတွက် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ သွားရောက်ဆောင်ရွက်


မုံရွာ-ဆယ်ဇင်း ပြေးဆွဲလျက်ရှိသော မြန်မာဇဗ္ဗူထွန်းဂိတ်မှ ရေယာဉ်ပိုင်ရှင် ဦးအောင်သူဆင့် (ဘ)ဦးမြင့်ဆွေ ၃၁ နှစ် ဖောင်းပြင်(တံငါရွာ) ပိုင်ဆိုင်သည့် ရေယာဉ်မောင်း ဦးမြင့်လွင် မောင်းနှင်သော ရာဇာထွန်း အမြန်ရေယာဉ် သည် ယနေ့နံနက် ၄ နာရီတွင် ကလေးဝ မော်တော်ဆိပ်မှ ခရီးသည် ၆၅ ဦးအား တင်ဆောင်၍ ဆယ်ဇင်းသို့ထွက်ခွာခဲ့ရာ ကလေးဝမြို့နယ် ချင်းတွင်းမြစ်အတွင်း ဂဇက်ကျေးရွာအနီးသို့ နံနက် ၅ နာရီခွဲ ခန့်တွင်ရောက်ရှိစဉ် ရေအနက် ၁၅၀ ပေ ခန့်ရှိ လောင်းဂဒိတ်ဝဲအနီးနစ်မြုပ်သွားခဲ့သည်။အဆိုပါနစ်မြုပ်ရာသို့ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်များ၊ ကလေးခရိုင်/ ကလေးဝမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျေးရွာရေလုပ်သားများပူးပေါင်း၍ အဖွဲ့ငါးဖွဲ့ခွဲပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စက်လှေများဖြင့် ဆက်လက်ရှာဖွေကယ်ဆယ် ရေး ဆောင်ရွက်လျက်ရှိပြီး ဒဏ်ရာရရှိသူများအား ကလေးဝမော်တော်ဆိပ်မှ ကလေးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ကုသမှု ဆောင်ရွက်ပေးခြင်း၊ ရေယာဉ်နစ်မြုပ်မှုတွင် ပါဝင်အသက်ရှင်ကျန်ရစ်ခဲ့သည့် ခရီးသည်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းလှိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားပြီးစား သောက်ဖွယ်ရာများ၊ အ၀တ်အထည်များနှင့် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့အပြင် ဟုမ္မလင်းသို့ ဆက်လက်ခရီး ထွက်သွားလိုသူများနှင့် မုံရွာသို့ ပြန်လိုသူ များအား ရေယာဉ်များ၊ စက်လှေ/မော်တော်ယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ပြီး တိုင်းစစ်ဌာနချုပ်မှ အဆိုပါခရီးသည်များအား တစ်ဦးချင်းအလိုက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

အဆိုပါရေယာဉ်နစ်မြုပ်မှုကြောင့် မော်တော်ဆိပ်မှမဟုတ်ဘဲ မြစ်ကြောင်းတစ်လျှောက် ကျေးရွာများမှ လိုက်ပါစီးနင်းမှုများရှိခဲ့ပြီး ကနဦးပါဝင်ခဲ့သည့် ခရီးသည် ၆၅ ဦးခန့်မှ အမျိုးသမီးလေးဦးသေဆုံး၊ ခြောက်ဦး ပျောက်ဆုံး လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments:

Post a Comment