မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၁၁၁၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်း ကျေးရွာအုပ်စု၊ တောင်သုံးလုံး(အပေါ်)ကျေးရွာနေ လော်ဖန်း ၂၉ နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းအားတွေ့ရှိပြီး ၎င်းလက်တွင်ကိုင်ထားသည့် ဆာလာအိတ်အတွင်းမှ အဝတ်စများဖြင့်ထုပ်ထားသည့် ဘိန်းစိမ်း အလေးချိန် ၄.၅ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၇.၅ သိန်း)နှင့် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂ သိန်း)တို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။
အလားတူ ယင်းနေ့ ၁၁၂၀ အချိန်တွင် အဆိုပါကျေးရွာနေ လီဘီ ၄၉ နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ် တွင်၎င်းအားတွေ့ရှိပြီး အိပ်ခန်းအတွင်းရှိ အိမ်တိုင်တွင်ချိတ်ဆွဲထားသော ကြွပ်ကြွပ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀ ပြား၊ နေအိမ်အောက်ထပ်သစ်သားပုံပေါ်ရှိ ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၁၆.၈၅ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၅၂.၇၅ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ပြား ၊စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၁၃၅၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၃၅ သိန်း)နှင့် ထိုင်းဘတ်ငွေ ၇၄၅၀၀၀ ဘတ် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ တာလေနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမူများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
Source:CCDACMyanmar #Myanmar_Online_News
<<Zawgyi>>
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Wednesday ,December 25 , 2019

0 comments:
Post a Comment