Sunday, December 29, 2019

မြန်မာ့သမိုင်းဝင် တော်လှန်ရေးပန်းခြံကို ဝင်ကြေးအခမဲ့ဖြင့် ဖွင့်လှစ်သွားမည်

Image may contain: sky, grass, tree, outdoor and nature

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်း နှင့် ဓမ္မစေတီ လမ်းထောင့်ရှိ မြန်မာ့သမိုင်းဝင် တော်လှန်ရေးပန်းခြံကို အများပြည်သူ မည်သူမဆို လာရောက် အနားယူ အပန်းဖြေနိုင်ရေး အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ ဝင်ကြေး အခမဲ့ဖြင့် ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သမိုင်းဝင်တော်လှန်ရေး ပန်းခြံသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် အထင်ကရနေရာတစ်ခုဖြစ်ပြီး ပန်းခြံတွင် တပ်မတော်နေ့ အခမ်းအနားများကို ၂၀၀၅ ခုနှစ်၊ (၆၀)ပြည့်နှစ် တပ်မတော်နေ့ အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် အဆိုပါ သမိုင်းဝင်တော်လှန်ရေး ပန်းခြံအား အများပြည်သူ မည်သူမဆို လာရောက် အနားယူ အပန်းဖြေနိုင်ရန်အတွက် အကြီးစား မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပန်းခြံ အတွင်း ၁၉၄၅ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သည့် စစ်ထွက်သပြေပင်နှင့် ဗိုလ်ချုပ်၏ စီးတော်မြင်း ချည်ခဲ့သော မြင်းချည်သပြေပင်တို့ အပါအဝင် အလေးပြုခံစင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ် ကြေးရုပ် နှင့် မီးရှူးတိုင်များ၊ ကျန်းမာရေး ကိုယ်လက်လေ့ကျင့်ရေး ကွင်းများ၊ ရေပန်းများ၊ ကလေး ကစားကွင်းများ၊ ပန်းခြံအတွင်း မုခ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်း သာယာ လှပမှုရှိစေရေး နှင့် ရေစီးရေလာ ကောင်းမွန်စေရေး တို့ကို ဆောင်ရွက်လျက်ရှိပြီး မီး အလှများလည်း ဆင်ယင်ထားရှိကြောင်း သိရှိရသည်။
သမိုင်းဝင် တော်လှန်ရေးပန်းခြံအား အများပြည်သူမည်သူမဆို လာရောက် အပန်းဖြေ နိုင်ရန် အတွက် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ နံနက် ၅ နာရီမှည ၈ နာရီအထိ ဝင်ကြေး အခမဲ့ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်သည်။ အဆိုပါ တော်လှန်ရေး ပန်းခြံတွင် နိုင်ငံတော် အလံတင်၊ အလံချ အခမ်းအနားအား ဂုဏ်ပြုတပ်ခွဲဖြင့် နေ့စဉ်နံနက် ၅ နာရီခွဲနှင့် ညနေ ၅ နာရီခွဲ အချိန်တွင် ပြုလုပ်မှုကိုလည်း လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
Image may contain: tree, plant, sky and outdoor
Image may contain: plant, bridge, tree and outdoor
Image may contain: sky, outdoor and nature
Image may contain: tree, table, grass, outdoor and nature
Image may contain: people standing, tree, sky, plant, grass, outdoor and nature

<zawgyi>
မြန်မာ့သမိုင်းဝင် တော်လှန်ရေးပန်းခြံကို ဝင်ကြေးအခမဲ့ဖြင့် ဖွင့်လှစ်သွားမည်
Sunday , December 29 , 2019

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်း နှင့် ဓမ္မစေတီ လမ်းထောင့်ရှိ မြန်မာ့သမိုင်းဝင် တော်လှန်ရေးပန်းခြံကို အများပြည်သူ မည်သူမဆို လာရောက် အနားယူ အပန်းဖြေနိုင်ရေး အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ ဝင်ကြေး အခမဲ့ဖြင့် ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သမိုင်းဝင်တော်လှန်ရေး ပန်းခြံသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် အထင်ကရနေရာတစ်ခုဖြစ်ပြီး ပန်းခြံတွင် တပ်မတော်နေ့ အခမ်းအနားများကို ၂၀၀၅ ခုနှစ်၊ (၆၀)ပြည့်နှစ် တပ်မတော်နေ့ အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် အဆိုပါ သမိုင်းဝင်တော်လှန်ရေး ပန်းခြံအား အများပြည်သူ မည်သူမဆို လာရောက် အနားယူ အပန်းဖြေနိုင်ရန်အတွက် အကြီးစား မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပန်းခြံ အတွင်း ၁၉၄၅ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သည့် စစ်ထွက်သပြေပင်နှင့် ဗိုလ်ချုပ်၏ စီးတော်မြင်း ချည်ခဲ့သော မြင်းချည်သပြေပင်တို့ အပါအဝင် အလေးပြုခံစင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ် ကြေးရုပ် နှင့် မီးရှူးတိုင်များ၊ ကျန်းမာရေး ကိုယ်လက်လေ့ကျင့်ရေး ကွင်းများ၊ ရေပန်းများ၊ ကလေး ကစားကွင်းများ၊ ပန်းခြံအတွင်း မုခ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်း သာယာ လှပမှုရှိစေရေး နှင့် ရေစီးရေလာ ကောင်းမွန်စေရေး တို့ကို ဆောင်ရွက်လျက်ရှိပြီး မီး အလှများလည်း ဆင်ယင်ထားရှိကြောင်း သိရှိရသည်။
သမိုင်းဝင် တော်လှန်ရေးပန်းခြံအား အများပြည်သူမည်သူမဆို လာရောက် အပန်းဖြေ နိုင်ရန် အတွက် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ နံနက် ၅ နာရီမှည ၈ နာရီအထိ ဝင်ကြေး အခမဲ့ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်သည်။ အဆိုပါ တော်လှန်ရေး ပန်းခြံတွင် နိုင်ငံတော် အလံတင်၊ အလံချ အခမ်းအနားအား ဂုဏ်ပြုတပ်ခွဲဖြင့် နေ့စဉ်နံနက် ၅ နာရီခွဲနှင့် ညနေ ၅ နာရီခွဲ အချိန်တွင် ပြုလုပ်မှုကိုလည်း လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

0 comments:

Post a Comment