Tuesday, December 31, 2019

ကော့ခ်ဘဇားဒုက္ခသည်စခန်းတွင် စိတ်ကြွဆေးကုန်ကူးသူ ဒုက္ခသည်ဘင်္ဂါလီက အထူးတပ်ဖွဲ့ဝင်များကို သေနတ်နှင့်ပစ်ခတ်မှုကြောင့် ၂-ဦး ဒါဏ်ရာရရှိ

Image may contain: one or more people, crowd, text and outdoor

ဒီဇင်ဘာလ ၃၀ ရက် တနင်္လာနေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနဖ်မြို့နယ် နာရာပါရာဒုက္ခသည်စခန်း၌ မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှင်းလင်းသော လျှပ်တစ်ပြက်တိုက်ခိုက်ရေးတပ်ဖွဲ့ RAB အထူးတပ်ဖွဲ့ဝင်များကို စိတ်ကြွဆေးကုန်ကူးသူဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) က သေနတ်နှင့် ပစ်ခတ်သဖြင့် ၂-ဦး ဒါဏ်ရာ ရရှိသည်ဟု ဘင်္ဂလားအခြေ စိုက် Dhaka Tribune ၏သတင်းများအရ သိရသည်။

RAB အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှာ နာရာပါရာဒုက္ခသည်စခန်း၌ တရားမဝင် ယာဘ စိတ်ကြွဆေးရောင်းဝယ်လျှက်ရှိကြောင်း သတင်းအရ စီးနင်းရှာဖွေမှု့ ပြုလုပ်ခဲ့ကြသည်ဆို၏။ ရှီယာလတ်ဂိုနာ ဧရိယာတွင် စိတ်ကြွ ဆေးကုန်ကူးသူ ဒုက္ခသည်ဘင်္ဂါလီက သေနတ်နှင့် စတင်ပစ်ခတ်ခြင်းဖြစ်ပြီး ဒါဏ်ရာရရှိသွားသူများအနက် အသက် ၃၅-နှစ်အရွယ် တပ်ကြပ်အဆင့် တပ်ဖွဲ့ဝင် တစ်ဦးပါဝင်ကြောင်း၊ CMH စစ်ဆေးရုံသို့ ပို့ဆောင် ကုသမှုခံယူနေရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
Source:Dhaka Tribune Crd:HtayOung/OungMarine

<<Zawgyi>>
ကော့ခ်ဘဇားဒုက္ခသည်စခန်းတွင် စိတ်ကြွဆေးကုန်ကူးသူ ဒုက္ခသည်ဘင်္ဂါလီက အထူးတပ်ဖွဲ့ဝင်များကို သေနတ်နှင့်ပစ်ခတ်မှုကြောင့် ၂-ဦး ဒါဏ်ရာရရှိ
Tuesday , December 31 , 2019

ဒီဇင်ဘာလ ၃၀ ရက် တနင်္လာနေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနဖ်မြို့နယ် နာရာပါရာဒုက္ခသည်စခန်း၌ မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှင်းလင်းသော လျှပ်တစ်ပြက်တိုက်ခိုက်ရေးတပ်ဖွဲ့ RAB အထူးတပ်ဖွဲ့ဝင်များကို စိတ်ကြွဆေးကုန်ကူးသူဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) က သေနတ်နှင့် ပစ်ခတ်သဖြင့် ၂-ဦး ဒါဏ်ရာ ရရှိသည်ဟု ဘင်္ဂလားအခြေ စိုက် Dhaka Tribune ၏သတင်းများအရ သိရသည်။
RAB အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှာ နာရာပါရာဒုက္ခသည်စခန်း၌ တရားမဝင် ယာဘ စိတ်ကြွဆေးရောင်းဝယ်လျှက်ရှိကြောင်း သတင်းအရ စီးနင်းရှာဖွေမှု့ ပြုလုပ်ခဲ့ကြသည်ဆို၏။ ရှီယာလတ်ဂိုနာ ဧရိယာတွင် စိတ်ကြွ ဆေးကုန်ကူးသူ ဒုက္ခသည်ဘင်္ဂါလီက သေနတ်နှင့် စတင်ပစ်ခတ်ခြင်းဖြစ်ပြီး ဒါဏ်ရာရရှိသွားသူများအနက် အသက် ၃၅-နှစ်အရွယ် တပ်ကြပ်အဆင့် တပ်ဖွဲ့ဝင် တစ်ဦးပါဝင်ကြောင်း၊ CMH စစ်ဆေးရုံသို့ ပို့ဆောင် ကုသမှုခံယူနေရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
Source:Dhaka Tribune Crd:HtayOung/OungMarine
#Myanmar_Online_News

0 comments:

Post a Comment