Monday, December 30, 2019

လားရှိုးမြို့၊ ကြာကန် ဘာသာပေါင်းစုံသုသာန်အတွင်းရှိ မီးသဂြိုဟ်စက်အား ပြန်လည်မွမ်းမံတည်ဆောက်ရန်အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး မှ အလှူငွေ မတည်လှူဒါန်း

Image may contain: 2 people, people sitting, people standing, table and indoor

လားရှိုးမြို့၊ ကြာကန် ဘာသာပေါင်းစုံသုသာန်အတွင်းရှိ မီးသဂြိုဟ်စက်အား ပြန်လည်မွမ်းမံတည်ဆောက်ရန်အတွက် ယနေ့နံနက်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရွှေလီရိပ်သာခန်းမတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး က အလှူငွေ ကျပ်သိန်း(၂၀)အား မတည်လှူဒါန်းရာ ပြည်နယ်ကြက်ခြေနီနှင့် ပရဟိတအသင်းများကိုယ်စား "ကမ္ဘောဇ" နာရေး၊ လူမှုကူညီရေးနှင့်ဆန်လှူအသင်းမှ နာယကများမှလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးက ဒေသအတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၏ လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ကူညီပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
"ကမ္ဘောဇ" နာရေး၊ လူမှုကူညီရေးနှင့်ဆန်လှူအသင်းဥက္ကဌ ဦးဆန်းဦးမှ ပရဟိတအသင်းများ၏ ရပ်တည်နေမှု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
Image may contain: 7 people, people smiling, people standing and indoor
No photo description available.
Image may contain: 4 people, people smiling, people standing
သတင်း -Nay Myo
<zawgyi>
လားရှိုးမြို့၊ ကြာကန် ဘာသာပေါင်းစုံသုသာန်အတွင်းရှိ မီးသဂြိုဟ်စက်အား ပြန်လည်မွမ်းမံတည်ဆောက်ရန်အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး မှ အလှူငွေ မတည်လှူဒါန်း
Monday , December 30 , 2019

လားရှိုးမြို့၊ ကြာကန် ဘာသာပေါင်းစုံသုသာန်အတွင်းရှိ မီးသဂြိုဟ်စက်အား ပြန်လည်မွမ်းမံတည်ဆောက်ရန်အတွက် ယနေ့နံနက်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရွှေလီရိပ်သာခန်းမတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး က အလှူငွေ ကျပ်သိန်း(၂၀)အား မတည်လှူဒါန်းရာ ပြည်နယ်ကြက်ခြေနီနှင့် ပရဟိတအသင်းများကိုယ်စား "ကမ္ဘောဇ" နာရေး၊ လူမှုကူညီရေးနှင့်ဆန်လှူအသင်းမှ နာယကများမှလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးက ဒေသအတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၏ လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ကူညီပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
"ကမ္ဘောဇ" နာရေး၊ လူမှုကူညီရေးနှင့်ဆန်လှူအသင်းဥက္ကဌ ဦးဆန်းဦးမှ ပရဟိတအသင်းများ၏ ရပ်တည်နေမှု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
သတင်း -Nay Myo

0 comments:

Post a Comment