Monday, December 30, 2019

သေဒဏ်ချမှတ်ခံထားရသည် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအား ထိုင်းဘုရင်ထံ အသနားခံစာတင်ထားခြင်း တစ်နှစ်အတွင်း ဆုံးဖြတ်မည်

Image may contain: 2 people, people standing

သေဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ လိပ်ကျွန်းအမှုမှ ဝင်းနှင့်ဇော်တို့ နှစ်ဦး၏ အသနားခံစာနှင့် ပတ်သက် ပြီး ထိုင်းဘုရင် မင်းမြတ်က တစ်နှစ်အတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ သေဒဏ် ချမှတ်ခံထားရသော အမှုများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ နှစ်ရှည် ထောင်ဒဏ်မျိုး ပြောင်းလဲ စီရင်သည့် အမှုများရှိကြောင်း သိရသည်။
ထောင်အတွင်း ထိန်းသိမ်းခံထားရစဉ် သူတို့နှစ်ဦး၏ တခြား လိုအပ်ချက် ကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက တစ်ယောက်ကို ဘတ်ငွေ ၈၀၀၀ နှုန်းဖြင့် ဘတ်ငွေ ၁၆၀၀၀ ကို ထောင်အာဏာပိုင်များဆီ အပ်နှံ ပေးထားကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်သည့် ဟန်နာဝှစ်ဒရိုက်နှင့် ဒေးဗစ်မီလာတို့ နှစ်ဦးကို သတ်ဖြတ်မှု၊ ပစ္စည်းလုယက်မှု၊ အဓမ္မပြုကျင့်မှု စသည့် စွဲချက်များဖြင့် ထိုင်းရဲများက ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး သေဒဏ်အမိန့်ချမှတ် ခံထားရသူများ ဖြစ်ကြောင်း သိရသည်။
Source - Mizzima
<zawgyi>
သေဒဏ်ချမှတ်ခံထားရသည် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအား ထိုင်းဘုရင်ထံ အသနားခံစာတင်ထားခြင်း တစ်နှစ်အတွင်း ဆုံးဖြတ်မည်
Monday , December 30 , 2019

သေဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ လိပ်ကျွန်းအမှုမှ ဝင်းနှင့်ဇော်တို့ နှစ်ဦး၏ အသနားခံစာနှင့် ပတ်သက် ပြီး ထိုင်းဘုရင် မင်းမြတ်က တစ်နှစ်အတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံ၏ ဥပဒေအရ သေဒဏ် ချမှတ်ခံထားရသော အမှုများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ နှစ်ရှည် ထောင်ဒဏ်မျိုး ပြောင်းလဲ စီရင်သည့် အမှုများရှိကြောင်း သိရသည်။
ထောင်အတွင်း ထိန်းသိမ်းခံထားရစဉ် သူတို့နှစ်ဦး၏ တခြား လိုအပ်ချက် ကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက တစ်ယောက်ကို ဘတ်ငွေ ၈၀၀၀ နှုန်းဖြင့် ဘတ်ငွေ ၁၆၀၀၀ ကို ထောင်အာဏာပိုင်များဆီ အပ်နှံ ပေးထားကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်သည့် ဟန်နာဝှစ်ဒရိုက်နှင့် ဒေးဗစ်မီလာတို့ နှစ်ဦးကို သတ်ဖြတ်မှု၊ ပစ္စည်းလုယက်မှု၊ အဓမ္မပြုကျင့်မှု စသည့် စွဲချက်များဖြင့် ထိုင်းရဲများက ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး သေဒဏ်အမိန့်ချမှတ် ခံထားရသူများ ဖြစ်ကြောင်း သိရသည်။
Source - Mizzima

0 comments:

Post a Comment