Monday, December 30, 2019

အိန္ဒိယတွင် ကြက်သွန်နီတင် ကုန်တင်ကား ပြန်ပေးဆွဲခံရ

Image may contain: 1 person, outdoor

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ကြက်သွန်နီအပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး ပြန်ပေး ဆွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။

ကြက်သွန်နီ ၅ တန် တင်ဆောင်လာတဲ့ ကုန်တင်ကားဟာ ဒီဇင်ဘာ ၂၆ ရက်ညနေပိုင်းအချိန်က ပြည်နယ်မြို့ တော် ပတ်နာရဲ့ အနောက်ဘက် ၁၇၃ ကီလိုမီတာအကွာမှာ ပြန်ပေးဆွဲခံရတာလို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အိန္ဒိယရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ပြန်ပေးဆွဲတဲ့ လူတစ်စုဟာ ကားသမားကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး ကုန်တင်ကားကို တစ်နေရာက မောင်း သွားကာ ကြက်သွန်နီအိတ်တွေကို ချခဲ့ပါတယ်။
ပြီးနောက်မှာတော့ ကုန်ကားအလွတ်ကို ကားသမားကို ပြန်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
တရားခံတွေကိုတော့ သက်ဆိုင်ရာက ဖမ်းဆီးမိခြင်းမရှိသေးပါဘူး။
အိန္ဒိယနိုင်ငံမှာ ကြက်သွန်နီ ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁.၆၉ အထိ ဈေးပေါက်လျက်ရှိနေပါတယ်။
Ref; Xinhua
<zawgyi>
အိန္ဒိယတွင် ကြက်သွန်နီတင် ကုန်တင်ကား ပြန်ပေးဆွဲခံရ
Monday , December 30 , 2019

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ကြက်သွန်နီအပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး ပြန်ပေး ဆွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။
ကြက်သွန်နီ ၅ တန် တင်ဆောင်လာတဲ့ ကုန်တင်ကားဟာ ဒီဇင်ဘာ ၂၆ ရက်ညနေပိုင်းအချိန်က ပြည်နယ်မြို့ တော် ပတ်နာရဲ့ အနောက်ဘက် ၁၇၃ ကီလိုမီတာအကွာမှာ ပြန်ပေးဆွဲခံရတာလို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အိန္ဒိယရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ပြန်ပေးဆွဲတဲ့ လူတစ်စုဟာ ကားသမားကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး ကုန်တင်ကားကို တစ်နေရာက မောင်း သွားကာ ကြက်သွန်နီအိတ်တွေကို ချခဲ့ပါတယ်။
ပြီးနောက်မှာတော့ ကုန်ကားအလွတ်ကို ကားသမားကို ပြန်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
တရားခံတွေကိုတော့ သက်ဆိုင်ရာက ဖမ်းဆီးမိခြင်းမရှိသေးပါဘူး။
အိန္ဒိယနိုင်ငံမှာ ကြက်သွန်နီ ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁.၆၉ အထိ စျေးပေါက်လျက်ရှိနေပါတယ်။
Ref; Xinhua

0 comments:

Post a Comment