Tuesday, December 31, 2019

နတ္တလင်းမြို့ ကွေ့ကြီးကျေးရွာတွင် နာရေးချဖို့ လမ်းဖြတ်ခွင့်မရသဖြင့် နှစ်ဖက်တင်းမာမှုဖြစ်နေတဲ့အတွက် ရဲလုံခြုံရေးချထားရ

Image may contain: one or more people, people standing, plant, outdoor and nature

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ တာပွန်မြို့၊ ကွေ့ကြီးကျေးရွာမှာ ကျေးရွာသားတစ်ဦးဖြစ်တဲ့ ရဟန်းဒါယကာတစ်ဦး နာရေးချဖို့ လမ်းဖြတ်ခွင့်မရတဲ့ကိစ္စနဲ့ ရွာသားအချင်းချင်း နှစ်ဖက်တင်းမာမှုဖြစ်နေပြီး ရဲလုံခြုံရေးချထားရကြောင်း သိရသည်။

“ဟိုတုန်းကလည်း တစ်ခါသွားခဲ့ဖူးပါတယ်။ ကျနော်တို့မှာ သွားစရာမှမရှိတာ၊ အနောက်ဖက်လမ်းက ဂမူတွေနဲ့အဆင်မပြေဖူး၊ သူတို့ကအစဉ်အလာမရှိဖူးဆိုပြီး အယူသီးနေကြတာ၊ ကျနော်တို့က ပြည်သူပိုင်လမ်းမှာသွားတာပါ။ ရွာရဲ့အိမ်ခြေ ၂၅၀လောက်က သွားချင်တာ၊ သူတို့အိမ်၅၀လောက်က လက်မခံဖူးဖြစ်နေတာ”လို့ ဒေသခံကိုကျော်နိုင်ကပြောပါတယ်။
မနေ့က ရဟန်းဒါယကာတစ်ဦးနာရေးချဖို့အသွား ရွာတောင်ပိုင်းနဲ့မြောက်ပိုင်း၊ မြစ်မခ‌ချောင်းကူး၊ အောင်သုခတံတားအနီးမှာ ဦးစိုးမြင့်နဲ့ လူ(၄၀)ဟာ သူတို့ရွာလယ်လမ်းအတိုင်း ဆက်မသွားဖို့ တားမြစ်ခဲ့တဲ့အတွက် အလောင်းကို ဆက်လက်သယ်ဆောင်နိုင်ခြင်းမရှိဘဲ နှစ်ဖက်တင်းမာမှုတွေဖြစ်ခဲ့တာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် သိရသည်။
“ နှစ်ပေါင်း(၇၀)လောက်ကတည်းက ပိတ်ထားတဲ့လမ်းပါ၊ ခါတိုင်းရွာပြင်ကသွားရတယ်။ ကျနော်တို့ကလည်း မနေ့က လပတ်အစည်းအဝေးသွားနေတဲ့အချိန် သွားမယ်ဆိုတဲ့သူတွေကသွားမယ် ၊ မသွားနဲ့ဆိုပြီးတားတဲ့သူတွေက တားတယ်ပေါ့ ၊ လက်ရှိအနေအထားကတော့ ရဲ ၊ ထွေအုပ် က‌ျနော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အကုန်စောင့်ပေးနေရတယ် ။ အိမ်ခြေက ၃၁၄အိမ်ရှိပါတယ်လို့”ကွေ့ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုးက ပြောပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အဲ့ဒီရွာက ဦးမြဌေးဆိုသူကလည်း“နှစ်ပေါင်း ၄၀/၅၀လောက်က ရွာမှာချောင်းရှိတယ် ။ ဖြစ်တာကတစ်ဖက်ကမ်းမှာ၊ ရွာထဲမှာဆည်မရှိခင်က နွေဆိုရင်လှည်းနဲ့အသုဘချကြတယ်။ မိုးတွင်းဆို လှေနဲ့ပေါ့ ၊ အခုဆည်ရှိတဲ့အခါကြတော့ တံတားတွေကလည်းအထပ်ထပ်၊ နွေဆိုလည်းသွားမရတော့ဘူး ။ ကျနော်တို့က ၉နှစ်အတွင်း အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ဟိုတုန်းကအကြောက်တရားတွေနဲ့ဆိုတော့ မဖြတ်ရဲကြဘူး၊ အခုခေတ်တော့ ဒီဘက်ကလူတွေမှာ ပညာတတ်တွေပါတယ် ၊ ဟိုဘက်ကတားတဲ့သူတွေမှာလည်း ပညာတတ်တွေပါတယ်။ လက်ခံလောက်ပြီဆိုပြီး ဒီတစ်ကြိမ်မဆုတ်တမ်းကြိုးစားကြည့်တာပါ ၊ သူတို့လက်မခံဘူးဆိုလည်း မြို့ပေါ်ကညွှန်ကြားမှုတွေနဲ့ ဒီနေရာမှာထားခဲ့မယ်။ တရားမလမ်းကြောင်းအရဖြစ်ဖြစ် ၊ ရာဇဝတ်ကြောင်းအရဖြစ်ဖြစ် ဒီလမ်းပေါက်ရေးအတွက် အနုနည်းနဲ့တိုက်သွားမှာပါလို့”ပြောပါတယ်။
ရဟန်းဒါယကာတစ်ဦးရဲ့နာရေးကို ရွှေထီးတွေနဲ့ အသုဘချရာမှာ နောက်ဖေးလမ်းကြားကမချဘဲ ရွာလယ်လမ်းကချမှသာ ရွာရဲ့လှူရေးတန်းရေး၊ သာသနာ့အားဇာနည်တွေကို ဒီလိုတခမ်းတနား ချမှသာ ကျန်တဲ့သူတွေ အားကျမယ်၊ သံ‌ဝေဃတွေရကြမယ်၊ သာသနာကြီးလည်း အဓွန့်ရှည်မယ်လို့တွေးမိတယ်လို့ ရွာသားအချို့ကပြောဆိုကြတာလည်း ရှိပါတယ်။
“လက်ရှိအနေအထားကတော့ မနေ့က နေရာမှာဘဲရှိသေးတယ်ခင်ဗျ၊ ကျနော်တို့လည်း စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးလုပ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ရှိပါတယ်”လို့ နတ္တလင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးသန်းထွန်းကပြောပါတယ်။
နာရေးချဖို့ ကိစ္စနဲ့ပတ်သက်ပြီး နတ္တလင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးသန်းထွန်း၊ လဝကဦးစီးမှူးဦးကျင်စိန် ၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုး ၊ရဲအုပ်အောင်ဇော်မိုးနှင့်အဖွဲ့ ၊သေဆုံးသူမိသားစုဝင်တွေက မလိုလားအပ်တဲ့ ပြဿနာများမဖြစ်ပွါးဖို့ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပါသည်။
Image may contain: one or more people and outdoor
Image may contain: 3 people, people standing and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people, flower, plant, outdoor and nature
Source: မိုးယံ(VOM) #Myanmar_Online_News
<<Zawgyi>>
နတ္တလင်းမြို့ ကွေ့ကြီးကျေးရွာတွင် နာရေးချဖို့ လမ်းဖြတ်ခွင့်မရသဖြင့် နှစ်ဖက်တင်းမာမှုဖြစ်နေတဲ့အတွက် ရဲလုံခြုံရေးချထားရ
Tuesday , December 31 , 2019

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ တာပွန်မြို့၊ ကွေ့ကြီးကျေးရွာမှာ ကျေးရွာသားတစ်ဦးဖြစ်တဲ့ ရဟန်းဒါယကာတစ်ဦး နာရေးချဖို့ လမ်းဖြတ်ခွင့်မရတဲ့ကိစ္စနဲ့ ရွာသားအချင်းချင်း နှစ်ဖက်တင်းမာမှုဖြစ်နေပြီး ရဲလုံခြုံရေးချထားရကြောင်း သိရသည်။
“ဟိုတုန်းကလည်း တစ်ခါသွားခဲ့ဖူးပါတယ်။ ကျနော်တို့မှာ သွားစရာမှမရှိတာ၊ အနောက်ဖက်လမ်းက ဂမူတွေနဲ့အဆင်မပြေဖူး၊ သူတို့ကအစဉ်အလာမရှိဖူးဆိုပြီး အယူသီးနေကြတာ၊ ကျနော်တို့က ပြည်သူပိုင်လမ်းမှာသွားတာပါ။ ရွာရဲ့အိမ်ခြေ ၂၅၀လောက်က သွားချင်တာ၊ သူတို့အိမ်၅၀လောက်က လက်မခံဖူးဖြစ်နေတာ”လို့ ဒေသခံကိုကျော်နိုင်ကပြောပါတယ်။
မနေ့က ရဟန်းဒါယကာတစ်ဦးနာရေးချဖို့အသွား ရွာတောင်ပိုင်းနဲ့မြောက်ပိုင်း၊ မြစ်မခ‌ချောင်းကူး၊ အောင်သုခတံတားအနီးမှာ ဦးစိုးမြင့်နဲ့ လူ(၄၀)ဟာ သူတို့ရွာလယ်လမ်းအတိုင်း ဆက်မသွားဖို့ တားမြစ်ခဲ့တဲ့အတွက် အလောင်းကို ဆက်လက်သယ်ဆောင်နိုင်ခြင်းမရှိဘဲ နှစ်ဖက်တင်းမာမှုတွေဖြစ်ခဲ့တာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် သိရသည်။
“ နှစ်ပေါင်း(၇၀)လောက်ကတည်းက ပိတ်ထားတဲ့လမ်းပါ၊ ခါတိုင်းရွာပြင်ကသွားရတယ်။ ကျနော်တို့ကလည်း မနေ့က လပတ်အစည်းအဝေးသွားနေတဲ့အချိန် သွားမယ်ဆိုတဲ့သူတွေကသွားမယ် ၊ မသွားနဲ့ဆိုပြီးတားတဲ့သူတွေက တားတယ်ပေါ့ ၊ လက်ရှိအနေအထားကတော့ ရဲ ၊ ထွေအုပ် က‌ျနော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အကုန်စောင့်ပေးနေရတယ် ။ အိမ်ခြေက ၃၁၄အိမ်ရှိပါတယ်လို့”ကွေ့ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုးက ပြောပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အဲ့ဒီရွာက ဦးမြဌေးဆိုသူကလည်း“နှစ်ပေါင်း ၄၀/၅၀လောက်က ရွာမှာချောင်းရှိတယ် ။ ဖြစ်တာကတစ်ဖက်ကမ်းမှာ၊ ရွာထဲမှာဆည်မရှိခင်က နွေဆိုရင်လှည်းနဲ့အသုဘချကြတယ်။ မိုးတွင်းဆို လှေနဲ့ပေါ့ ၊ အခုဆည်ရှိတဲ့အခါကြတော့ တံတားတွေကလည်းအထပ်ထပ်၊ နွေဆိုလည်းသွားမရတော့ဘူး ။ ကျနော်တို့က ၉နှစ်အတွင်း အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ဟိုတုန်းကအကြောက်တရားတွေနဲ့ဆိုတော့ မဖြတ်ရဲကြဘူး၊ အခုခေတ်တော့ ဒီဘက်ကလူတွေမှာ ပညာတတ်တွေပါတယ် ၊ ဟိုဘက်ကတားတဲ့သူတွေမှာလည်း ပညာတတ်တွေပါတယ်။ လက်ခံလောက်ပြီဆိုပြီး ဒီတစ်ကြိမ်မဆုတ်တမ်းကြိုးစားကြည့်တာပါ ၊ သူတို့လက်မခံဘူးဆိုလည်း မြို့ပေါ်ကညွှန်ကြားမှုတွေနဲ့ ဒီနေရာမှာထားခဲ့မယ်။ တရားမလမ်းကြောင်းအရဖြစ်ဖြစ် ၊ ရာဇဝတ်ကြောင်းအရဖြစ်ဖြစ် ဒီလမ်းပေါက်ရေးအတွက် အနုနည်းနဲ့တိုက်သွားမှာပါလို့”ပြောပါတယ်။
ရဟန်းဒါယကာတစ်ဦးရဲ့နာရေးကို ရွှေထီးတွေနဲ့ အသုဘချရာမှာ နောက်ဖေးလမ်းကြားကမချဘဲ ရွာလယ်လမ်းကချမှသာ ရွာရဲ့လှူရေးတန်းရေး၊ သာသနာ့အားဇာနည်တွေကို ဒီလိုတခမ်းတနား ချမှသာ ကျန်တဲ့သူတွေ အားကျမယ်၊ သံ‌ဝေဃတွေရကြမယ်၊ သာသနာကြီးလည်း အဓွန့်ရှည်မယ်လို့တွေးမိတယ်လို့ ရွာသားအချို့ကပြောဆိုကြတာလည်း ရှိပါတယ်။
“လက်ရှိအနေအထားကတော့ မနေ့က နေရာမှာဘဲရှိသေးတယ်ခင်ဗျ၊ ကျနော်တို့လည်း စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးလုပ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ရှိပါတယ်”လို့ နတ္တလင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးသန်းထွန်းကပြောပါတယ်။
နာရေးချဖို့ ကိစ္စနဲ့ပတ်သက်ပြီး နတ္တလင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးသန်းထွန်း၊ လဝကဦးစီးမှူးဦးကျင်စိန် ၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုး ၊ရဲအုပ်အောင်ဇော်မိုးနှင့်အဖွဲ့ ၊သေဆုံးသူမိသားစုဝင်တွေက မလိုလားအပ်တဲ့ ပြဿနာများမဖြစ်ပွါးဖို့ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပါသည်။
Source: မိုးယံ(VOM) #Myanmar_Online_News

0 comments:

Post a Comment