Monday, December 30, 2019

ပြည်မြို့နယ် ကြခတ်အုပ်စု ရွှေဝါမြေရွာတွင် ကလေးသူခိုးဆိုပြီး ဝိုင်းရိုက်လို့ သေဆုံး။ဝိုင်းရိုက်သူ ၁၁ ဦး ဖမ်းဆီး စစ်ဆေး



ဖမ်းဆီးရမိသူမှာ ဦး- - -(ဘ )ဦး- - - ကောက်ပင်ကွင်းရွာ ဝက်ထီးကန်မြို့ ပြည်မြို့နယ် နေသူဖြစ်ပြီး အရက်ဖြတ်ထားသဖြင့် အရက်ကြောင် ကြောင်နေသူဖြစ်ကြောင်း ပြည်မြိူ့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် ရာအိမ်မှူး ဦးသန်းစိုးမှဝိုင်းဝန်းရိုက်နှက်သူများအား ဥပဒအရ အရေးယူပေးပါရန် တိုင်တန်းသဖြင့် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့၏လမ်းညွှန်ချက်ဖြင့် အမှတ်၃ စခန်းမှ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှ မသင်္ကာတရားခံ ၁၁ ဦးအား ဖမ်းဆီးစစ်ဆေးလျှက်ရှိပါသည်။
<zawgyi>
ပြည်မြို့နယ် ကြခတ်အုပ်စု ရွှေဝါမြေရွာတွင် ကလေးသူခိုးဆိုပြီး ဝိုင်းရိုက်လို့ သေဆုံး။ဝိုင်းရိုက်သူ ၁၁ ဦး ဖမ်းဆီး စစ်ဆေး
Monday , December 30 , 2019

၂၉.၁၂..၂၀၁၉ရက်နေ့ ည ၇နာရီ အချိန်ခန့်တွင် ပြည်မြို့နယ် ကြခတ်ကျေးရွာအုပ်စု ရွှေဝါမြေကျေးရွာ (ယခင်-ခွေးသေရွာ)ဘုန်းကြီးကျောင်းအတွင်းသို့ အမည်မသိလူတစ်ဦး ဝင်ရောက်ပြီး ကျောင်းသုံးဓါးမအား ဝင်ရောက်လုယူသဖြင့် အော်ဟစ်အကူအညီတောင်းခံရာမှ ကလေးသူခိုးဟုသံသယဖြင့် ရွာသားများ ဝိုင်းဝန်ဖမ်းဆီးရာ ဘုန်းကြီးအနီး မတ်ပဲခင်းအတွင်းမှ ၎င်းအမျိုးသားအားဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးရမိသူမှာ ဦး- - -(ဘ )ဦး- - - ကောက်ပင်ကွင်းရွာ ဝက်ထီးကန်မြို့ ပြည်မြို့နယ် နေသူဖြစ်ပြီး အရက်ဖြတ်ထားသဖြင့် အရက်ကြောင် ကြောင်နေသူဖြစ်ကြောင်း ပြည်မြိူ့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် ရာအိမ်မှူး ဦးသန်းစိုးမှဝိုင်းဝန်းရိုက်နှက်သူများအား ဥပဒအရ အရေးယူပေးပါရန် တိုင်တန်းသဖြင့် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့၏လမ်းညွှန်ချက်ဖြင့် အမှတ်၃ စခန်းမှ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှ မသင်္ကာတရားခံ ၁၁ ဦးအား ဖမ်းဆီးစစ်ဆေးလျှက်ရှိပါသည်။

0 comments:

Post a Comment