Sunday, December 29, 2019

လက်တွေ့မေတ္တာပွားများခြင်း

Image may contain: 1 person, smiling, standing and outdoor
မေတ္တာသုတ် ပါဠိတော်လာ မေတ္တာပွားများခြင်းကို စိတ်အာရုံဖြင့် အချိန်သတ်မှတ် ပွားများခြင်းအပြင် လက်တွေ့ဘဝမှာလည်း အသိနှင့်ယှဉ်ပြီး ဆင်ခြင်ပြုပြင်သင့်သည်တို့ကို ဆောင်ရွက်ကာ အမှန်တကယ် မေတ္တာထားနိုင်ရမှာ ဖြစ်ပါတယ် ။

မေတ္တာပို့သည် (သို့) မေတ္တာထားသည် ဆိုရာ၌ - " ကာယကံ မေတ္တာ " ၊ " ဝစီကံ မေတ္တာ " ၊ " မနောကံ မေတ္တာ " ဟူသည့်
ကံသုံးပါးလုံးဖြင့် တစ်ပါးသူအပေါ်တွင် ကောင်းကျိုးလိုလား မေတ္တာထား၍ ပြုမူ ၊ ပြောဆို ၊ ကြံစည် လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။

ကာယကံ မေတ္တာ ထားသည်ဆိုရာ၌ - နိစ္စဓူဝ မိမိနှင့် တွေ့ကြုံဆက်ဆံရသူတိုင်းကို ပြုံးရွှင်သော မျက်နှာ အမူအရာဖြင့် ဦးစွာ
ပြုမူပါ ။ ပြီးသော် ထိုသူတို့ဧ။် လိုအပ်သည်တို့ကို စိတ်ပါလက်ပါ ကူညီလုပ်ကိုင်ပေးရခြင်းမျိုး ဖြစ်ပါတယ် ။ မိသားစု အတွင်း၌ပင်
လုပ်ကိုင်ပေးရသည့် ဝတ္တရားများကို တာဝန်တစ်ရပ်အနေဖြင့် မဟုတ်ဘဲ ၊ သူ့အတွက် လူသက်သာ စိတ်ချမ်းသာစေလိုတဲ့ စေတနာကို
စိတ်ရင်းဖြင့် လုပ်ကိုင်ပေးရပါတယ် ။ လုပ်နေကျ အလုပ်တို့ကို လုပ်ကိုင်နေရသော်လည်း စိတ်ထားလေးပြောင်းပြီး စေတနာ ပြဋ္ဌာန်းလိုက်ရုံဖြင့်
ကာယကံ မေတ္တာ ပွားပို့ပြီး ဖြစ်သွားပါတယ် ။ အိမ်သားတွေရဲ့ ပစ္စည်းတွေကို စေတနာဖြင့် သိမ်းဆည်းပေးခြင်း ၊ မိဘ , ဦးကြီး , ဦးလေး ,
ဒေါ်ကြီး , ဒေါ်လေး တို့အား ခြေဆုပ်လက်နယ် ပြုပေးခြင်း ၊ ကလေးသူငယ်များကို နွေးထွေးစွာ ပြုစုပိုက်ထွေးပေးခြင်း ၊ စားဖွယ်တို့ ပြုလုပ်ရာ၌
အများစား၍ အရသာရှိစေရန် စေတနာဖြင့် ပြင်ဆင်ပေးခြင်း ၊ အများအတွက် စိတ်ကြည်လင်၍ ကျန်းမာရေးနှင့် ညီညွတ်စေရန် အိမ်သန့်ရှင်းရေး,
လျှော်ဖွတ်ရေးများကို လုပ်ဆောင်ပေးခြင်း ၊ စသည့် အိမ်သား ၊ ဆွေမျိုးသားချင်း ၊ မိတ်ဆွေသူငယ်ချင်းတို့အတွက် ကိုယ်ဖြင့်ပြုလုပ်ပေးရသော
အလုပ်တိုင်းကို သူတစ်ပါးအတွက် အဆင်ပြေ ချောမောစေရန် စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်သမျှသည် ကာယကံ မေတ္တာ ပွားနေခြင်းပင်ဖြစ်သည်။

လုပ်ငန်းကိုင်ငန်းများ လုပ်ကိုင်ရာ၌လည်း ၊ အစိုးရဝန်ထမ်း , ကုမ္ပဏီဝန်ထမ်း , စျေးရောင်းဝယ် လုပ်ငန်း , ပို့ဆောင်ရေး , ကျန်းမာရေး , ပညာရေး ,
စသည့် လုပ်ငန်းတိုင်းတွင် လုပ်ရသမျှသော အလုပ်တို့ကို စိတ်ပါလက်ပါဖြင့် လုပ်ငန်းတွင် စိတ်နှစ်ပြီး စေတနာထား၍ လုပ်ဆောင်ပေးခြင်းဖြင့်
တာဝန်လည်း ကောင်းစွာ ကျေပွန်သည့်အပြင် ကာယကံ မေတ္တာ ပွားပြီးလဲ ဖြစ်ပါတယ် ။ လုပ်ဖေါ်ကိုင်ဖက် များဧ။် အခက်အခဲကို တတ်နိုင်သလောက်
ကူညီပေးခြင်း ၊ ရောင်းရေးဝယ်တာ ပြုလုပ်ရာမှာလည်းကောင်း ၊ ဝန်ဆောင်မှုများ ပေးသည့်အခါတွင် လည်းကောင်း ၊ တရားမျှတစွာ သူ့အကျိုး
ကိုယ့်အကျိုး မနစ်နာရအောင် အပေးအယူ ပြုလုပ်ဆောင်ရွက်ပေးခြင်း စသည်တို့သည် အလွန်မွန်မြတ်တဲ့ ကာယကံ မေတ္တာများပဲ ဖြစ်ပါတယ် ။

သို့အတွက် မိမိဧ။် ကိုယ်ကာယဖြင့် ပြုမူလုပ်ကိုင်သမျှ အလုပ်တွေမှာ သူတစ်ပါးကို မထိခိုက် မနစ်နာစေဘဲ အကျိုးရှိရန်သာ လုပ်ကိုင်မည်ဟု
ဆုံးဖြတ်ဆောင်ရွက် လုပ်ကိုင်မှု ဟူသမျှသည် ကာယကံ မေတ္တာ ပွားများခြင်း သက်ရောက်နေပါတယ် ။ ထိုကဲ့သို့ ကျင့်ကြံနေမှု ကြာရှည်ဆောင်ရွက်
လာပါက ၊ ခြင် , ယင် , စသည့် အကောင်ငယ်လေးများမှအစ သူတစ်ပါးဧ။် အသက်ကို ကိုယ်ထိလက်ရောက် သတ်ဖြတ်ခြင်းများ မလုပ်ဖြစ်တော့ပေ ၊
သူတစ်ပါး ပိုင်ဆိုင်သောပစ္စည်းတို့ကို ခိုးယူခြင်း ၊ သူတစ်ပါး သားမယားတို့ကို စော်ကားရမ်းကားခြင်း ၊ သူတစ်ပါးတို့အား နာကျင်ထိခိုက်အောင်
နှိပ်စက်ညှင်းပန်းခြင်း စသည့် ကာယကံ အကုသိုလ်တို့ကို ရှောင်ကြဉ်လာနိုင်သဖြင့် ကာယကံ ကုသိုလ်များ ရရှိပိုင်ဆိုင်လာပြီ ဖြစ်တယ် ။

ဝစီကံ မေတ္တာ ထားသည်ဆိုရာ၌ - စကားပြောဆိုခွင့် ကြုံသည့်လူတိုင်းကို မင်္ဂလာစကားဖြင့် နှုတ်ခွန်းဆက်၍ ၊ ယဉ်ကျေးပျူငှာသော စကားလုံးတို့ဖြင့်
ပြောဆိုရမှာပါ ၊ မေးမြန်းပြောဆိုရာမှာလည်း ချိုသာနူးညံ့သော အသံဖြင့် နားဝင်ပီယံ ဖြစ်ပါစေ ။ ခင်မင်ရသူများ ၊ မိတ်ဆွေသူငယ်ချင်းများ နှင့်
တွေ့ဆုံခိုက်တွင်လည်း " လုပ်ငန်းကိုင်ငန်းများ အဆင်ပြေကြလား ၊ မိသားစုများကျန်းမာကြရဲ့လား ၊ ဘာအကူအညီ လိုသေးလဲ " စသည်ဖြင့်
ကောင်းမွန် နားဝင်စေသော အာလာပ , သလ္လာပ စကားတို့ကို ရွှင်ကြည်စွာ ပြောဆိုရပါမယ် ။

မဟုတ်မမှန် လိမ်ညာသော စကားတို့ကိုဖြင့် အထူး ရှောင်ကြဉ်ရပါမယ် ။ သူတစ်ပါး နားမခံနိင်သည့် အဓိပ္ပာယ် သက်ရောက်တဲ့ စကားများ ၊ စိတ်အနှောက်
အယှက် ဖြစ်စေပြီး ထိခိုက်နစ်နာမည့် စကားများ ၊ ကြမ်းတမ်းရင့်သီးသော စကားများ ၊ အထင်အမြင် လွဲမှားစေနိုင်သော စကားများ နှင့် အကျိုးမရှိ အသုံးမဝင်
တန်ဖိုးမဲ့ပြီး အလေနတော ပေါက်လွှတ်ပဲစား ဆန်သော စကားများကို မပြောမိစေရန် စောင့်ထိန်းနေခြင်းဟာ ဝစီကံ မေတ္တာ ပွားများနေခြင်းပဲ ဖြစ်ပါတယ် ။

ယင်းကဲ့သို့ စကားပြောဆိုရာတိုင်းမှာ သတိပါသော ဆင်ခြင်ဥာဏ်ဖြင့် ဝစီကံ မေတ္တာ ဖြစ်စေရန် စောင့်ထိန်း လေ့ကျင့် ဆောင်ရွက်နိုင်ခြင်း ကြာရှည်လာသော်
ဝစီကံ အကုသိုလ်တို့ တိမ်မြုပ် ပျောက်ကွယ်သွားပြီး ဝစီကံ ကုသိုလ်တို့ဖြင့် ပြည့်စုံဖြစ်ထွန်းလာပြီ ဖြစ်ပါတယ် ။

မနောကံ မေတ္တာ ထားသည်ဆိုရာ၌ - တစ်စုံတစ်ယောက်ကို ရည်မှန်း၍ ထိုသူ့အပေါ်၌ အားရုံစူးစိုက်ပြီး ဆင်းရဲလွတ်ကင်း ချမ်းသာခြင်းနှင့် ပြည့်စုံစေရန်
စိတ်ထဲမှ ပို့လွှတ်သော ကောင်းကျိုးလိုလားသည့် ကြံဆောင်မှုသည် လည်းကောင်း ၊ လူအများ , အဖွဲ့အစည်းများ , နိုင်ငံသားများ , ကမ္ဘာသူ ကမ္ဘာသားများ ၊
သတ္တဝါဟူသမျှတို့ကို ရည်မှန်း၍ ယင်းတို့အပေါ် အာရုံစူးစိုက်ထားလျက် ချမ်းသာရွှင်လန်း ဘေးမသန်းစေလိုသော ဆန္ဒကို စိတ်၌ ဖြစ်ပေါ်စေခြင်းသည်
မနောကံ မေတ္တာ ဟု ဆိုရပါတယ် ။

ထိုကဲ့သို့ အချိန်သတ်မှတ် ပွားများခြင်းထက် အချိန်နှင့် အမျှ မိမိစိတ်ကို သတိဖြင့် စောင့်ထိန်း၍ သူတစ်ပါးတို့အပေါ် မကောင်းမြင်စိတ် ဖြစ်လာသည့် အခါတိုင်း
ပယ်ဖျောက်ပစ်ကာ အတွေးဖြောင့်မတ် စိတ်ဓာတ်ကောင်းလေးများ ဖြစ်ပေါ်နေစေပါက မွန်မြတ်လှသည့် မနောကံ မေတ္တာများ ပွားများနေခြင်း ဖြစ်ပါတယ် ။

မိမိရဲ့ စိတ်ထဲ၌ မကျေနပ်သော ဒေါသ ၊ အမြင်မကြည် မနာလိုသော ဣဿာ ၊ မိမိကို ဖက်ပြိုင်လာသူအား မကြီးပွား မတိုးတက်စေလိုသော မစ္ဆရိယ ၊
သူတစ်ပါး ပိုင်ဆိုင်မှုကို အားကျ ရယူလိုသော အဘိဇ္စျာ ၊ စသည့် အကုသိုလ်စိတ်များ ဝင်လာလျှင် ဝင်လာချင်း ၊ သတိပါသော အသိတရားဖြင့် အမြန်ဖယ်ထုတ်
ရှင်းလင်းပစ်နိုင်ရမှာပါ ။ ယင်းစိတ်များကို မပယ်ဖျက်နိုင်သ၍ မနောကံ မေတ္တာကို မည်သို့မျှ ပွားများနိုင်မည် မဟုတ်ပါ ။

အမှန်အားဖြင့် ဆိုရသော် မနောကံ မေတ္တာသာလျှင် အရေးကြီးဆုံး ဖြစ်ပါတယ် ။ မနောကံ မေတ္တာကိုသာ အမှန်ပွားများနိုင်မည်ဆိုပါက ၊ ဝစီကံ မေတ္တာ , ကာယကံမေတ္တာ
တို့သည် အလိုအလျောက် ဖြစ်တည်လာနိုင်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် စကားမပြောမီ , ကိုယ်ဖြင့်မပြုမီ စိတ်မှာ အရင်ဆုံး ကြံစည်စိတ်ကူးပြီးမှ ဝစီကံ , ကာယကံတို့
ဖြစ်လာရသောကြောင့် ဖြစ်ပါတယ် ။ စိတ်အတွင်းမှ ကြံစည်မှုတို့ကို လူအများ မမြင်နိုင်ကြသဖြင့် မနောကံ ပြစ်မှားမှုသည် လောကလူသားတိုင်း လွယ်လွယ်ကူကူ ချိုးဖောက်
ကျူးလွန်နေကြခြင်း ဖြစ်တယ် ။ သည့်အတွက် ဝစီကံအမှု , ကာယကံအမှုတို့ အခွင့်သင့်တိုင်း ပေါ်ပေါက်နေကြရခြင်းဖြစ်ပါတယ် ။ မိမိမှာသာ မေတ္တာအခံရှိနေလျှင် ပြင်ပမှ
လာရောက်တိုက်ခိုက်သော ဒေါသမီးက မိမိကို မလောင်စေပါဘူး ၊ မေတ္တာသည်ရေအေးနှင့်အလားတူသဖြင့် မေတ္တာရေအေးမရှိသူမှာ မျက်ခြောက်အလား သွေ့ခြောက်နေဧ။် ၊
ရေထဲမှာမီးမလောင်နိုင်ဘဲ မျက်ခြောက်ကိုသာ မီးလောင်နိုင်တာပါ ၊ မိမိဒေါသဖြစ်ပြီဆိုရင် သူများကို အပြစ်မတင်ပါနဲ့ ၊ မိမိမှာ မေတ္တာရေခန်းခြောက်နေလို့သာဖြစ်ပါတယ် ။

ထို့ကြောင့် မိစိတ်မှာ ဖြစ်လာသော ဣဿာ ၊ မစ္ဆရိယ ၊ အဘိဇ္စျာ ၊ ဒေါသ စသည့် အကုသိုလ်စိတ်တို့ကို အစဉ်အမြဲ သတိထား ဖယ်ရှင်းနေခြင်းဖြင့် မနောကံ မေတ္တာကို
ပွားများကာ မနောကံ အကုသိုလ်တို့ ပပျောက်စေပြီး ၊ မနောကံ ကုသိုလ်များရရှိနိုင်ရန် ကြိုးစားသင့်ပေသည် ။

ဤသို့ဖြင့် ကာယကံ မေတ္တာ ၊ ဝစီကံ မေတ္တာ ၊ မနောကံ မေတ္တာ များကို အစဉ်သဖြင့် ပွားများနေသောသူသည် ၊ လူချစ် လူခင် လူရိုသေမှု ခံရကာ ၊ လောကီ , လောကုတ်
လုပ်ငန်းဟူသမျှ အောင်မြင် ပေါက်မြောက်ပြီး ၊ နိဗ္ဗာန် မရောက်နိုင်သေးမီ ဗြဟ္မာ့ပြည်သို့ လားရောက်ရသည်ဟု ကျမ်းဂန်တို့မှ ဆိုထားကြောင်း သိစေအပ်ပါသတည်း ။
Source-ဓမ္မရတနာ

<zawgyi>

ယင်းကဲ့သို့ စကားပြောဆိုရာတိုင်းမှာ သတိပါသော ဆင်ခြင်ဉာဏ်ဖြင့် ဝစီကံ မေတ္တာ ဖြစ်စေရန် စောင့်ထိန်း လေ့ကျင့် ဆောင်ရွက်နိုင်ခြင်း ကြာရှည်လာသော်

Source-ဓမၼရတနာ

0 comments:

Post a Comment