Sunday, December 29, 2019

အက်စတာကို winner ပေးမယ့်အစီအစဉ်ရှိထားပေမယ့် ဝေကြီးရဲ့ winner song အဖြူရောင် သီချင်းမှာတော့ ကစားကွက်နည်းနည်းလိုသွားတယ်ဆိုတဲ့ ဒါရိုက်တာ ကိုပေါက်

Image may contain: 1 personImage may contain: 3 people, people smiling, people standing

Myanmar Idol ပြိုင် ပွဲကြီးကတော့ စိတ်ဝင်စားမှုအမြင့်ဆုံး နောက်ဆုံး Final ပွဲစဉ်ကြီးကတော့ ပြိုင်ပွဲဝင် (၃)ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ မြင်တွေ့ခဲ့ရမှာပါ။ Final ပြိုင်ပွဲဝင်တွေအနေနဲ့ သီချင်း(၃)ပုဒ်ဆီကိုယှဉ်ပြိုင်ခဲ့ကြပြီး Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားသူကတော့ ချင်းတိုင်းရင်းသူလေး အက်စတာပဲ ဖြစ်ပါတယ်။ Winner ဆုကို အက်စတာရရှိသွားတဲ့အပေါ်မှာ နိုင်ငံကျော်အနုပညာရှင်ဖြစ်တဲ့ သရုပ်ဆောင်ဒါရိုက်တာကိုပေါက်ကလည်း သူ့အမြင်နဲ့ဝေဖန်သုံးသပ်ချက်လေးတွေကို အခုလိုပဲပြောပြလာပါတယ်။

“အက် စတာ သို့မဟုတ် တောင်ဇလပ်ပန်းလေး အဖြူရောင်၊ မြန်မာအိုင်ဒေါကို seson 1 ကစပြီးအားပေးခဲ့ပါတယ်။ နှစ်တိုင်းလည်း သုံးသတ်ချက်တွေရေးဖြစ်တယ်။ဒီနှစ်တော Top 7 မှာကတည်းက အက်စတာရမယ်လို့ ရှုတင်မှာ ခဏခဏပြောခဲ့ဖူးတယ်။ Top 5 ရောက်တော့ အရင်ဆုံး ရောကီးပြုတ်မယ်။ ပြီးရင်မူးလာ ပြုတ်မယ်၊ နောက်ဆုံး အက်စတာ အေးမြဖြူ ဘက်ဂျမင်း သုံးယောက်ကျန်ပြီး အက်စတာwinnerဖြစ်မယ်လို့ facebookမှာ ရေးခဲ့ဖူးတယ်။ အေးမြဖြူရော ဘက်ဂျမင်းရော တော်ကြတယ်။
“ဘက်ဂျမင်း ”ကတော့နောင်တချိန်မှာ အလင်းလက်ဆုံးနဲ့ကိုယ်ပိုင်အနုပညာတင်ဆက်မှုအားကောင်းကောင်းတွေ တင်ဆက်နိုင်မယ့်သူလို့မြင်တယ်။အေးမြဖြူကလည်း ခဏပျောက်ဆုံးနေတဲ့ မြန်မာသံလူငယ်အဆိုတော်နေရာကို ကောင်းကောင်းကြီးအစားထိုးနိုင်မယ်လို့မြင်မိတယ်။အရင်က နီနီဝင်းရွှေ စိုးစန္ဒာထွန်းတို့လိုမျိုးပေါ့။ သူ့ကို မြန်မာသံ သီချင်းကြီး သီချင်းခန့် တွေနဲ့ကျက်သရေရှိနေမယ့် အဆိုတော်တစ်ယောက်ဖြစ်လာမယ်လို့မြင်ပါတယ်။
အက်စတာကတော့ အဆိုတော်တစ်ယောက်ရဲ့ ဟိတ် ဟန် အသံ နဲ့ပါဝါတွေရှိနေ။ အနုပညာဖန်တီးကြတဲ့အခါ စိတ်ခံစားမှုကို ဦးစားပေးမှ ကိုယ့်အနုပညာက ပြောင်မြောက်တတ်တာမျိုး။ သူက mood အရမ်းကောင်းတယ်။ ဆုန်သင်းပါလို အရည်အချင်းကောင်းတွေနဲ့မြန်မာပြည်အနှံ့ ပွင့်လာမယ့် တောင်ဇလပ်ပန်းလေးပါပဲ။ Seson 1 တုန်းက နင်ဆီမေကိုအားပေးခဲ့တယ်။သူ winner မဖြစ်ခဲ့ဘူး။Seson 2 တုန်းက သားငယ်ကိုအားပေးခဲ့တယ်။သူ winner ဖြစ်ခဲ့တယ်။Seson 3 တုန်းက ချမ်းမြေ့မောင်ချိုကိုအားပေးခဲ့တယ်။(ဖြိုးမြတ်အောင် winnerဖြစ်မယ်ဆိုတာသိပေမယ့် မောင်ချိုကိုအားပေးခဲ့တယ်)သူ winner မဖြစ်ခဲ့ဘူး။
Seson 4 မှာအက်စတာကို အားပေးခဲ့တယ်။သူ winner ဖြစ်သွားတယ်။Seson 4 ခုမှာ ကိုယ်အားပေးတဲ့သူ Winner ဖြစ်တာမဖြစ်တာက သရေ ကျသွားတယ်။အနုပညာရှင်တစ်ယောက်က pro ဆန်ရမယ်လို့တစ်ချို့က ပြောကြတယ်။မှန်ပါတယ်။တစ်ခါတစ်လေလည်း ကိုယ်က ပရိသတ်ဖြစ်ခွင့်ရှိချင်တာပါ။အနုပညာရှင်အားလုံးကို ချစ်ခင်လေးစားပါတယ်။မမီးကိုပဲ တစ်ခုလေးပြောချင်တာကအက်စတာကို winner ပေးမယ့်အစီအစဉ်ရှိထားပေမယ့် ဝေကြီးရဲ့ winner song အဖြူရောင် သီချင်းမှာတော့ ကစားကွက်နည်းနည်းလိုသွားတယ်။
ပရိသတ်တွေရော Top 3 သုံးယောက်လုံးရော အိမ်မက်မက်ခွင့်ရအောင် ဘက်ဂျမင်းရော အေးမြဖြူရောအားလုံးကို အဖြူရောင်တွေပဲ ဝတ်ခိုင်းလိုက်ရင်အရမ်းလှသွားမယ်။ ဘာပဲဖြစ်ဖြစ် MMIDရဲ့ထုံးစံအတိုင်း သူကြိုက် ကိုယ်ကြိုက်တွေနဲ့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ နောက်နှစ်မှာလည်း အားပေးနေအုံးမှာပါ။ အောင်မြင်နေအုံးမယ့် မြန်မာIDOL။ကိုပေါက် ခေတ္တ မန်းလေး”ဆိုပြီး သူ့ရဲ့ထင်မြင်ချက်လေးတွေကို ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကရော ကိုပေါက်နဲ့ အမြင်ချင်းတူကြရဲ့လား???
Source- ကိုပေါက် #Myanmar_Online_News

<zawgyi>
အက်စတာကို winner ပေးမယ့်အစီအစဉ်ရှိထားပေမယ့် ဝေကြီးရဲ့ winner song အဖြူရောင် သီချင်းမှာတော့ ကစားကွက်နည်းနည်းလိုသွားတယ်ဆိုတဲ့ ဒါရိုက်တာ ကိုပေါက်
Sunday , December 29 , 2019

0 comments:

Post a Comment