Sunday, December 29, 2019

မြိတ်မြို့နယ်တွင် အပြစ်မဲ့လူတစ်ဦးအားသေနတ်ဖြင့်ပစ်တဲ့ရဲကိုအရေးယူဖို့လုပ်ဆောင်နေ

Image may contain: 5 people, people standing

မြတ်မြို့နယ်၊ သစ်ယာဝကျေးရွာမှာအပြစ်မဲ့လူတစ်ဦးအားသေနတ်ဖြင့်ပစ်တဲ့ရဲကိုအရေးယူဖို့စုံခုံစစ်ဆေး ရေးအဖွဲ့ဖြင့်လုပ်ဆောင်နေတယ်လို့ရဲတပ်ဖွဲ့မှပြောကြားခဲ့ပါတယ်။

မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာအုပ်စု၊ကန်ပြင်ကျေးရွာမှာ သြဂုတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့သေနတ်ပစ်မှုမှာဥပဒေမဲ့ လုပ်ရပ်ဖြစ်တာကြောင့်ကာယကံရှင်နှင့်ရပ်မိရပ်ဖများကဒီဇင်ဘာ ၂၉ ရက်နေ့မှာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
""ကျေးရွာမှာကျွန်တော်ကအရိပ်(ပိတောက်)သစ်ပင်တွေလိုက်စိုက်ပေးတာပါ။သစ်ပင်နှစ်ပင်ကိုရွာက ကျောင်းဆရာမခုတ်ပစ်ခဲ့တယ်။ဒါကိုကျွန်တော်ကကျောင်းအစည်းအဝေးမှာဘာကြောင့်ခုတ်ပစ်တာလဲဆိုပြီး မေးခဲ့တယ်။ ဒါကိုသူတို့ကရဲကိုသွားတိုင်တယ်၊ သြဂုတ်လ ၂၀ ရက်၊ညပိုင်းမှာ ရွာထဲကမိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ စကားပြောနေချိန် ကျန်းမာရေးသွားဖို့ အိမ်နောက်ဘက် ရေကပြင် က်ကိုအထွက် ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ရဲအဖွဲ့က ကျွန်တော်မျက်နှာကိုဓါတ်မီးနဲ့ထွန်းပြီး ဘာမှမမေးပဲ "ဟေ့ကောင်မပြေးနဲ့" ဆိုပြီးအော်ကာသေနတ်နဲ့ လှမ်းပစ်တယ်။ကျွန်တော့်လက်မှာသေနတ်မှန်ပြီး လက်ချောင်းလေတွေကျိုးခဲ့တဲ့အပြင် ရိုက်လည်းရိုက်ခံရတယ်ဆေးရုံအချုပ်မှာချုပ်ခံရတယ်၊ရဲစခန်းမှာ အချုပ်ခံရတယ်၊ ကျွန်တော့်ကိုဓားကိုင်တယ်ဆိုပြီးဘယ်ကမှန်းမသိတဲ့ဓားတစ်ချောင်းကိုအတင်းလာ ကိုင်ခိုင်းတယ်ပြီးတော့တရားရုံးတင်ပြီးတရားစွဲတယ်တရားရုံးမှာ ၅ လလောက်အမှုရင်ဆိုင်ခဲ့ရတယ် တရားသူကြီးကကျွန်တော့်မှာအပြစ်မရှိလို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာတရားသေလွတ်ပေးခဲ့တယ်။ ကျွန်တော်ကရေလုပ်သားတစ်ဦးဖြစ်တယ်ကျွန်တော့်ရဲ့ရေလုပ်ငန်းတွေလည်းအကုန်ပျက်စီးသွားတယ်။ မိသားစုထဲမှာလည်းဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့တယ်ဒါကြောင့်ကျွန်တော်တရားမျှတမှုကိုလိုချင်တယ် ကျွန်တော်အခုနိုင်ငံတော်သမ္မတ၊နယ်/လုံ၀န်ကြီး၊တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးမြင့်မောင်အထိတိုင်ထားတယ်။ ရဲတွေကဒါကိုအရေးမယူပေးဘူးဒါကြောင့်ကျွန်တော်သတင်းစာရှင်းလင်းပွဲလုပ်တယ်’"" လို့ သေနတ်ဖြင့်ပစ်ခံရသူကန်ပြင်ရွာသားဦးဌေးလွင်က ပြောပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူကိုအရေးယူရန်စုံခုံဖွဲ့ပေးထားပြီး တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးနေကြောင်းသိရပါတယ်။ကန်ပြင်ရွာသားများနှင့်ရပ်မိရပ်ဖများက ရားမျှတမှုကိုလိုလားနေပြီးပြစ်မှုကျူးလွန်သူကိုအရေးယူပေးရန်ကျေးရွာရပ်မိရပ်ဖတစ်ဦးမှပြောကြား ခဲ့ပါတယ်။
Image may contain: one or more people and outdoor
No photo description available.
No photo description available.
မြတ်ထွဋ် (မြိတ်)
<zawgyi>
မြိတ်မြို့နယ်တွင် အပြစ်မဲ့လူတစ်ဦးအားသေနတ်ဖြင့်ပစ်တဲ့ရဲကိုအရေးယူဖို့လုပ်ဆောင်နေ
Monday , December 30 , 2019

မြတ်မြို့နယ်၊ သစ်ယာဝကျေးရွာမှာအပြစ်မဲ့လူတစ်ဦးအားသေနတ်ဖြင့်ပစ်တဲ့ရဲကိုအရေးယူဖို့စုံခုံစစ်ဆေး ရေးအဖွဲ့ဖြင့်လုပ်ဆောင်နေတယ်လို့ရဲတပ်ဖွဲ့မှပြောကြားခဲ့ပါတယ်။
မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာအုပ်စု၊ကန်ပြင်ကျေးရွာမှာ သြဂုတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့သေနတ်ပစ်မှုမှာဥပဒေမဲ့ လုပ်ရပ်ဖြစ်တာကြောင့်ကာယကံရှင်နှင့်ရပ်မိရပ်ဖများကဒီဇင်ဘာ ၂၉ ရက်နေ့မှာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
""ကျေးရွာမှာကျွန်တော်ကအရိပ်(ပိတောက်)သစ်ပင်တွေလိုက်စိုက်ပေးတာပါ။သစ်ပင်နှစ်ပင်ကိုရွာက ကျောင်းဆရာမခုတ်ပစ်ခဲ့တယ်။ဒါကိုကျွန်တော်ကကျောင်းအစည်းအဝေးမှာဘာကြောင့်ခုတ်ပစ်တာလဲဆိုပြီး မေးခဲ့တယ်။ ဒါကိုသူတို့ကရဲကိုသွားတိုင်တယ်၊ သြဂုတ်လ ၂၀ ရက်၊ညပိုင်းမှာ ရွာထဲကမိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ စကားပြောနေချိန် ကျန်းမာရေးသွားဖို့ အိမ်နောက်ဘက် ရေကပြင် က်ကိုအထွက် ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ရဲအဖွဲ့က ကျွန်တော်မျက်နှာကိုဓါတ်မီးနဲ့ထွန်းပြီး ဘာမှမမေးပဲ "ဟေ့ကောင်မပြေးနဲ့" ဆိုပြီးအော်ကာသေနတ်နဲ့ လှမ်းပစ်တယ်။ကျွန်တော့်လက်မှာသေနတ်မှန်ပြီး လက်ချောင်းလေတွေကျိုးခဲ့တဲ့အပြင် ရိုက်လည်းရိုက်ခံရတယ်ဆေးရုံအချုပ်မှာချုပ်ခံရတယ်၊ရဲစခန်းမှာ အချုပ်ခံရတယ်၊ ကျွန်တော့်ကိုဓားကိုင်တယ်ဆိုပြီးဘယ်ကမှန်းမသိတဲ့ဓားတစ်ချောင်းကိုအတင်းလာ ကိုင်ခိုင်းတယ်ပြီးတော့တရားရုံးတင်ပြီးတရားစွဲတယ်တရားရုံးမှာ ၅ လလောက်အမှုရင်ဆိုင်ခဲ့ရတယ် တရားသူကြီးကကျွန်တော့်မှာအပြစ်မရှိလို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာတရားသေလွတ်ပေးခဲ့တယ်။ ကျွန်တော်ကရေလုပ်သားတစ်ဦးဖြစ်တယ်ကျွန်တော့်ရဲ့ရေလုပ်ငန်းတွေလည်းအကုန်ပျက်စီးသွားတယ်။ မိသားစုထဲမှာလည်းဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့တယ်ဒါကြောင့်ကျွန်တော်တရားမျှတမှုကိုလိုချင်တယ် ကျွန်တော်အခုနိုင်ငံတော်သမ္မတ၊နယ်/လုံဝန်ကြီး၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်အထိတိုင်ထားတယ်။ ရဲတွေကဒါကိုအရေးမယူပေးဘူးဒါကြောင့်ကျွန်တော်သတင်းစာရှင်းလင်းပွဲလုပ်တယ်’"" လို့ သေနတ်ဖြင့်ပစ်ခံရသူကန်ပြင်ရွာသားဦးဌေးလွင်က ပြောပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူကိုအရေးယူရန်စုံခုံဖွဲ့ပေးထားပြီး တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးနေကြောင်းသိရပါတယ်။ကန်ပြင်ရွာသားများနှင့်ရပ်မိရပ်ဖများက ရားမျှတမှုကိုလိုလားနေပြီးပြစ်မှုကျူးလွန်သူကိုအရေးယူပေးရန်ကျေးရွာရပ်မိရပ်ဖတစ်ဦးမှပြောကြား ခဲ့ပါတယ်။
မြတ်ထွဋ် (မြိတ်)

0 comments:

Post a Comment