Monday, December 30, 2019

ကားပျက်သဖြင့် ညအိပ်ရပ်နားနေစဉ် အမျိုးသား ၃ ဦး (စိစစ်ဆဲ) (Mask ပါ ၂၊ မပါ ၁) ရောက်လာပြီး ဓါးမြှောင်/ဓါးရှည်များဖြင့် လုယက်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ၀၂၃၀ အချိန် ကိုဇော်နိုင်ထွန်း(၃၁)နှစ်ပါ ကျား ၂ ဦး သည် 7D/×××× Hyundai Porter II ယာဉ်အား နေပြည်တော်တွင် ပြန်လည်ပြုပြင်ရန်မောင်းနှင်လာရာ ရေတာရှည်မြို့နယ်၊ ဝါးတောကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၁၇၈/၆-၇) ကြား၌ ကားပျက်သဖြင့် ညအိပ်ရပ်နားကာ ကားခေါင်းခန်းအတွင်းအိပ်နေစဉ် အမျိုးသား ၃ ဦး (စိစစ်ဆဲ) (Mask ပါ ၂၊ မပါ ၁) သည် ခြေလျင်ရောက်ရှိလာပြီး အသင့်ပါလာသော ဓါးမြှောင်/ဓါးရှည်များဖြင့် ကားဝဲဘက်မှန်တံခါးအား ထိုး/ခုတ်ဖျက်ဆီးဆွဲဖွင့်၍ ကိုဇော်နိုင်ထွန်းထံမှ ရွှေဆွဲကြိုး ၁ ကုံး၊ ဖုန်း ၁ လုံး နှင့် ငွေ ၁၄၀၀၀၀ ကျပ်တို့အား ခြိမ်းခြောက်ယူဆောင် ထွက်ပြေးသွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ၁၁၄၅ အချိန်တွင် ကိုဇော်နိုင်ထွန်းမှတိုင်တန်း၍ အမျိုးသား ၃ ဦး (စိစစ်ဆဲ)အား ရေတာရှည်မြို့မရဲစခန်း၊ (ပ)၅၀၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇/၂၉၄/၁၁၄ (လုယက်မှု/အကျိုးဖျက်ဆီးမှု/ဆဲဆိုမှု/အားပေးကူညီမှု) ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref ; AKonthi
<zawgyi>

Monday , December 30 , 2019

0 comments:

Post a Comment