Sunday, December 29, 2019

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ဗီယက်နမ်ရေတပ်၏ ကီလို အတန်းအစား ရေငုပ်သင်္ဘောများ

Image may contain: sky, outdoor and water

ဗီယက်နမ်ရေတပ်သည် အရှေ့တောင်အာရှဒေသများတွင် ကီလိုအတန်းအစား ရေငုပ်သင်္ဘောပိုင်ဆိုင်မှု အများဆုံးသော ရေတပ်တစ်ခုဖြစ်ပြီး စုစုပေါင်း ၆ စီးရှိသည်။ ရုရှားနိုင်ငံမှတည်ဆောက်သည့် ရေငုပ်သင်္ဘောများဖြစ်ပြီး Black Hole များဟုလည်း ခေါ်ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ရေအောက်ငုပ်လျှိုးရာတွင် ရန်သူ့ထောက်လှမ်း ခံရမှု အနည်းဆုံးဖြစ်အောင် လုံခြုံမှုရှိသောကြောင့်ဖြစ်သည်။ လေယာဉ်တင်သင်္ဘောကြီး များ၏နောက် ရေအောက်မှတစ်ဆင့် တိတ်တဆိတ်ငုပ်လျှိုးပြီး တိုက်ခိုက်နိုင်စွမ်းရှိသည်။ သမားရိုးကျစွမ်းအင် ဒီဇယ်-လျှပ်စစ် နည်းပညာသုံး ရေငုပ်သင်္ဘောများ၊ အတိုကောက် သင်္ကေတအားဖြင့် SSK ဖြစ်သည်။ အမေရိကန်ရေတပ် အဓိပ္ပာယ်သတ်မှတ်ချက်အရ SS မှာ ရေငုပ်သင်္ဘောဖြစ်ပြီး K မှာ Hunter-Killer ဖြစ်သည်။

ဗီယက်နမ်ရေတပ်တွင်ရှိသည့် ကီလို အတန်းအစား ရေငုပ်သင်္ဘောများသည် အလေးချိန်အားဖြင့် ရေပေါ် ၂၃၅၀ တန်၊ ရေအောက် တန် ၄၀၀၀ ရှိသည်။ အနက်ဆုံး ငုပ်လျှိုးနိုင်မှုသည် ရေအနက် ၃၀၀ မီတာ ဖြစ်သည်။ စစ်ဆင်တိုက်ခိုက်နိုင်စွမ်းရေအနက်မှာ ၂၅၀ မီတာဖြစ်ပြီး Periscope Diving Depth မှာ ၁၇.၅ မီတာဖြစ်သည်။ ရေပေါ် ခုတ်မောင်းမှု အမြန်နှုန်း 11knots ဖြစ်ပြီး၊ ရေအောက်မှာ 20knots ဖြစ်သည်။ ရေပေါ် ခုတ်မောင်းမှု 7knots ဖြင့် အကွာအဝေး ၇၅၀၀ ရေမိုင်၊ ရေအောက် 3knots ဖြင့် ၄၀၀ ရေမိုင် ထိ ခုတ်မောင်းနိုင်သည်။ ပင်လယ်ပြင်နေနိုင်စွမ်းမှာ စုစုပေါင်း ၄၅ ရက် ဖြစ်သည်။ အလျား ၇၃.၈ မီတာ၊ အကျယ် ၉.၉ မီတာ၊ ရေစူး ၆.၅ မီတာ ဖြစ်သည်။ ရေတပ်သား ၅၂ ဦး၊ ၎င်းတွင် အရာရှိ ၁၃ ဦး၊ စစ်သည် ၃၉ ဦးတို့ လိုက်ပါတာဝန်ထမ်းဆောင်နိုင်သည်။
ဗီယက်နမ်ရေတပ် ကီလို အတန်းအစား ရေငုပ်သင်္ဘောများသည် ရုရှားရေတပ် Project 636 များကို အခြေခံထားခြင်းဖြစ်သည်။ Kilo Project 877 နှင့် Project 877EKM တို့ကို အဆင့်မြှင့်တင်ထားသည့် တတိယမျိုးဆက် ရေငုပ်သင်္ဘောများဖြစ်သည်။ ရုရှားတို့ ထံမှ Project 6363MV များဖြစ်ပြီး အင်္ဂလိပ်စာလုံး M မှာ Modernized အဆင့် မြှင့်တင်ထားခြင်းဟု အဓိပ္ပာယ်ရသည်။ V မှာ Vietnam ဗီယက်နမ် ဖြစ်သည်။ Project 636MV များအတွက် ရုရှားနှင့် ဗီယက်နမ်တို့ ၂၀၀၉ ခုနှစ်တွင် ၆ စီးစာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမအစီး ဗီယက်နမ်သို့ ရောက်ရှိခဲ့ပြီး၊ နောက်ဆုံးအစီးမှာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ရောက်ရှိခဲ့သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ဖြစ်သည်။ တစ်စီးချင်းစီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၀ ခန့်ဖြစ်သည်။ ရေငုပ်သင်္ဘောပိုင်းဆိုင်ရာ အခြေခံအဆောက်အဦ၊ လက်နက်ထားသိုမှုနှင့် အခြားသော အဆောက်အဦပိုင်းဆိုင်ရာတို့အတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာများအတွက် အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ သဘောတူညီခဲ့ကြသည်။ တည်ဆောက်ရေးလုပ်ငန်းများကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင်ရှိသည့် အက်မာရယ်လတီ သင်္ဘောကျင်း (Admiralty Shipyard)တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်ရေတပ်တွင် ရေငုပ်သင်္ဘောအခြေစိုက်စခန်းအား ကမ်ရာ့ (Cam Ranh) တွင် ၂၀၁၁ ခုနှစ်၊ ဇွန်လ၌ စတင်တည်ထောင်ခဲ့သည်။ ကီလို အတန်းအစား ရေငုပ် သင်္ဘောကိုယ်ထည်အား Anechoic Tiles အမျိုးအစားဖြင့် တည်ဆောက်ထားသည်။ ရေပြင်စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် ဝေဟင်ပျံသန်းမှုအင်အားစုများနှင့် ရေအောက်ဆိုနာများ၏ စောင့်ကြည့်ထောက်လှမ်းမှု အနည်းဆုံးဖြစ်အောင် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်သည်။ ရေငုပ်သင်္ဘာ အပြင်ပိုင်းသာမက၊ အတွင်းပိုင်းများမှပင် ထွက်ပေါ်လာသည့်အသံများအား ထောက်လှမ်းခံရမှုအနည်းဆုံးဖြစ်အောင် စီမံထားသည့် သဘောဖြစ်သည်။
ဗီယက်နမ်ရေတပ် ရေငုပ်သင်္ဘောအခြေစိုက်စခန်း
ဗီယက်နမ်ရေတပ် ရေငုပ်သင်္ဘောစစ်ရေယာဉ်စုအား ကမ်ရန်း ရေတပ်အခြေစိုက် စခန်း (Cam Ranh Bay Naval Base)တွင် ထားရှိသည်။ Cam Ranh Base သည် အရှေ့တောင်အာရှဒေသတွင် အကောင်းဆုံးသော deep water naval base တစ်ခု ဖြစ်သည်။

ဗီယက်နမ်ရေတပ် ရေငုပ်သင်္ဘော စစ်နည်းဗျူဟာ
ဗီယက်နမ်ရေငုပ်သင်္ဘောတပ်ဖွဲ့သည် နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ တစ်ရပ်ဖြစ်သည့် A2/AD (anti-access/area denial) strategy အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ အဓိကအားဖြင့် ဖြစ်ပေါ်လာနိုင်သည့် တရုတ်တို့၏ခြိမ်းခြောက်မှုကို ခုခံတားဆီး နိုင်ရေးဖြစ်သည်။ ရှေးယခင်ကာလများကတည်း တရုတ်နှင့် တောင်တရုတ်ပင်လယ်ပြင် အတွင်း ရေပြင်နယ်နိမိတ်ပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများသည်လည်း လက်ရှိ အချိန်ထိ ဖြစ်ပေါ်လျက်ရှိသည်။ တောင်တရုတ်ပင်လယ်အတွင်းရှိ ဗီယက်နမ်ပိုင် စပရက်တလီကျွန်းများသို့ တရုတ်တို့ ဝင်ရောက် တိုက်ခိုက်ခြင်း၊ သို့မဟုတ် ပိတ်ဆို့ခြင်းများ ပြုလုပ်လာပါက ဗီယက်နမ်ရေငုပ်သင်္ဘောများသည် ပင်လယ်ပြင်ပြောက်ကျား စစ်နည်း ဗျူဟာဖြင့် ပြန်လည်တိုက်ခိုက်မည်ဖြစ်သည်။ လက်ရှိ အခြေအနေများအရလည်း ဗီယက်နမ်တပ်မတော်သည် ပြောက်ကျားစစ် ဆင်နွှဲတိုက်ခိုက်ခြင်း၌ ကမ္ဘာပေါ်တွင် ထိပ်တန်းတပ်မတော်တစ်ရပ်ဖြစ်သည်။ မမျှော်လင့်သည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ရေကြောင်းစစ်ဆင်နွှဲလာရပါက ဗီယက်နမ်ရေတပ် ရေငုပ်သင်္ဘောများအနေဖြင့် အောက်ပါ စစ်နည်းဗျူဟာများ ကျင့်သုံးတိုက်ခိုက်သွားမည်ဖြစ်သည်-
(က) တရုတ်စစ်သင်္ဘောများနှင့် ရေလမ်းကြောင်းနေရာများသို့ တိတ်တဆိတ် လျှို့ဝှက်စွာချဉ်းကပ်ပြီး ပစ်ပြေး (hit and run operations) စစ်နည်း ဗျူဟာကို အသုံးပြုမည်ဖြစ်သည်။ Kilo ရေငုပ်သင်္ဘောများသည် ရေတိမ်ပိုင်း ဒေသများသို့တိုင် အသံလုံခြုံမှု အမြင့်ဆုံးဖြင့် ရောက်ရှိခုတ်မောင်းနိုင်ပြီး ရေကြောင်းချုံခိုတိုက်ခိုက်ခြင်း (naval guerrilla warfare) ဖြင့် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ပေသည်။
(ခ ) ရေငုပ်သင်္ဘောများတွင် တပ်ဆင်ထားသည့် ကုန်းမြေတိုက်ခိုက်ရေး Kalibr missile များဖြင့် တရုတ်တို့ထိန်းချုပ်ထားသည့် ကုန်းမြေ၊ ကျွန်းများနှင့် အခြေ စိုက်စခန်းများကို ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်သည်။ ဥပမာအားဖြင့် ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်တို့၏ ဆန်ယ ရေငုပ်သင်္ဘောအခြေစိုက်စခန်း (Sanya submarine base) နှင့် ပြည်မကြီး (Chinese mainland) ရှိ ရေတပ် အခြေစိုက် စခန်းများဖြစ်သည်။
(ဂ ) ရေပေါ်၊ ရေအောက်တို့မှ တိတ်တဆိတ်လှုပ်ရှားခုတ်မောင်းပြီးရနိုင်သမျှသော သတင်းအချက်အလက်များကို စုဆောင်း ထောက်လှမ်း ရယူမည်။ ရန်သူ့ တည်နေရာနှင့် ပစ်မှတ်ဆိုင်ရာအချက်အလက်များကို ထောက်လှမ်းခံရမှု လုံးဝမရှိအောင် ခုတ်မောင်းပြီး အလစ်အငိုက်ရယူသွားမည့် စစ်နည်းဗျူဟာ ဖြစ်သည်။
(ဃ) စစ်မက်ဖြစ်ပွားချိန်များတွင် အရေးကြီးရေလမ်းကြောင်းနေရာများ၊ ဆိပ်ကမ်း များ၊ အခြေစိုက်စခန်းများ၊ မဟာဗျူဟာမြောက် အရေးကြီးနေရာများ၌ မိုင်းများခင်းကျင်းချထားဖြင့် ပိတ်ဆို့တိုက်ခိုက်သွားမည်ဖြစ်သည်။ ဥပမာအား ဖြင့် မလက္ကာရေလက်ကြားကဲ့သို့ စစ်နည်းဗျူဟာမြောက် အရေးကြီးရေလမ်း ကြောင်း နေရာများတွင် မိုင်းများခင်းကျင်းထားခြင်းအားဖြင့် အပြည်ပြည် ဆိုင်ရာ ရေကြောင်းကုန်သွယ်စီးပွားပြုလုပ်လျက်ရှိသည့် နေရာတစ်ခုကိုပါ ထိန်းချုပ်နိုင်ပြီးသား ဖြစ်မည်ဖြစ်ပေသည်။
(င ) ပင်လယ်ပြင်ပိတ်ဆို့ငြင်းဆန်ခြင်း (Sea denial) ပြုလုပ်ရန်လိုအပ်လာလျင်မူ ရှိသမျှသောရေငုပ်သင်္ဘောအင်အားစုအားလုံး ထွက်ခွာစစ်ဆင်မည်ဖြစ်သည်။ တရုတ်၏ အရေးကြီးသည့် ဆက်သွယ်ရေးရေလမ်းကြောင်းများ (Chinese sea lanes of communication) ကို ပိတ်ဆို့ထားပြီး major crisis အနေအထားထိဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုသို့ပြုလုပ် လိုက်သောကြောင့် စစ်ဆင်ရေးပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများသာမက ရေကြောင်းကုန်သွယ်စီးပွားများတွင်ပါ အထိနာမှုများ ရှိလာနိုင်ကာ တရုတ် အစိုးရအပေါ် ဘက်ပေါင်းစုံမှဖိအားများ ရောက်ရှိလာမည်ဖြစ်သည်။ ၂၁ ရာစု တိုးတက်ပြောင်းလဲလာသည့် ကုန်သွယ်စီးပွားအခြေအနေများအရကမ္ဘာ့နိုင်ငံ အတော်များများသည် ရေကြောင်းသွားလာမှုအပေါ် များစွာမှီခိုနေရပြီး တရုတ်နိုင်ငံသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ထို့ကြောင့် တရုတ်တို့သည် စစ်ရေးအရရော၊ စီးပွားရေးအရပါ ရေရှည်ဆုံးရှုံးခံမည် မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုကို အခြားသောနည်းလမ်းတစ်ခုဖြင့် ဖြေရှင်း သွားမည်ဖြစ်သည်။ ဗီယက်နမ်တို့အတွက် ယခုကဲ့သို့ Sea Denial ပြုလုပ်ခြင်း သည် ထိရောက်ကောင်းမွန်သော်လည်း ရှုပ်ထွေးသည့် အကြောင်းအရာမျိုးစုံ တို့နှင့်လည်း ရင်ဆိုင်လာရမည်ဖြစ်သည်။
(စ ) Kilo subs များသည် ရန်သူပစ်မှတ်များဆီသို့ တိုက်ရိုက်ပစ်ခတ်တိုက်ခိုက် ချေမှုန်းခြင်းများ ဆောင်ရွက်နိုင်သလို ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့များ (combat frogmen)များ တင်ဆောင်ကာ ရန်သူ့အတွင်းပိုင်းနယ်မြေများသို့ တိုင် စိမ့်ဝင်ပျံနှံ့စေပြီး ဖောက်ခွဲဖျက်ဆီး ချေမှုန်းသုတ်သင်ရေး စစ်နည်းဗျူဟာ ကို ကူညီဆောင်ရွက်ပေးနိုင်စွမ်းရှိသည်။ ဗီယက်နမ်တွင် ထိုကဲ့သို့ အထူး စစ်ဆင်ရေးများအတွက် စနစ်တကျလေ့ကျင့်ထားသည့် အရည်အချင်းပြည့် ရေငုပ်ဖောက်ခွဲတိုက်ခိုက်ရေး combat frogmen များစွာရှိသည်။ ဗီယက်နမ် အမည်အားဖြင့် “Đặc công nước” ဟု ခေါ်ပြီး ၎င်းတို့သည် Vietnamese Special Forces Corp ၏ တပ်ဖွဲ့ဝင်များ (Đặc cong) ဖြစ်သည်။ တင်စား ရမည်ဆိုလျင် အမေရိကန်ရေတပ် US Navy seals များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု သိရသည်။

ရေတပ်သားပိုင်း
ဗီယက်နမ်ရေတပ် ရေငုပ်သင်္ဘောတပ်ဖွဲ့တွင် တာတန်ထမ်းဆောင်မည့် ရေတပ်သားတစ်ဦးချင်းစီအလိုက် စွမ်းရည်ထက်မြက်ပြီး အရည်အသွေးပြည့်ဝနေအောင် လေ့ကျင့်ပြုစု ပျိုးထောင်ထားရှိသည်။ အထူးသဖြင့် ရေအောက်အာရုံခံကိရိယာ ဆိုနာပိုင်း ဆိုင်ရာ တာဝန်ခံများကို အဓိကအလေးထား လေ့ကျင့်ပေးလျက်ရှိသည်။ တရုတ်တို့ အနေဖြင့်လည်း ဗီယက်နမ်တွင် ရေငုပ်သင်္ဘောများ အသုံးပြုလျက်ရှိသော်လည်း ပြုပြင် ထိန်းသိမ်းမွမ်းမံမှုပိုင်းအတွက်ဆိုလျင် ထိရောက်သည့် လုပ်ငန်းဆောင်ရွက်နိုင်မှုများမရှိဟု သတ်မှတ်ထားသည်။ အကယ်၍ရှိပါကလည်း တန်ဖိုးကုန်ကျစရိတ် များပြားနိုင်မည်ဟု သိရသည်။ လက်ရှိစစ်ပြိုင်ဆိုင်မှု အနေအထားတွင်လည်း ဗီယက်နမ်ရေတပ်အနေဖြင့် ၎င်းတို့၏ ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင်များကို တိုက်ပွဲဝင်အဆင့် အမြင့်ဆုံးအနေအထား ဖြစ်အောင် စစ်နည်းဗျူဟာမြောက် လေ့ကျင့်ခန်းမျိုးစုံဖြင့် တပ်ပါ၊ တပ်မဲ့လေ့ကျင့်ခန်းများ ပြုလုပ်လေ့ကျင့်စေလျက်ရှိသည်။

ဆောင်ရွက်လာနိုင်သည့် အနာဂတ်ကာလ အဆင့်မြှင့်တင်မှုများ
ဗီယက်နမ်တို့သည် လက်ရှိ ရှိနှင့်ပြီးသားဖြစ်သည့် ကီလို အတန်းအစား ရေငုပ် သင်္ဘောများကို အဆင့်မြှင့်တင်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရုရှားနိုင်ငံ Rubin (Rubin Central Maritime Design Bureau)နှင့် ချိတ်ဆက်ပြီး Project 636 Kilo subs ရေငုပ်သင်္ဘောများအား ပင်လယ်ပြင် နေနိုင်စွမ်း ပိုမိုကောင်းမွန်စေရန်အတွက် ဘတ္ထရီအသုံးပြုမှု lead-acid batteries များ အစား lithium-ion (Li-Ion) batteries များဖြင့် အစားထိုးသွားမည်ဖြစ်သည်။

တရုတ်ရေတပ် Kilo Submarines များနှင့် ကွဲပြားခြားနားမှု
တရုတ်ရေတပ်ရှိ ရေငုပ်သင်္ဘောများမှာလည်း အများစုမှာ ရုရှားတို့ထံမှ Kilo-class submarines များပင်ဖြစ်သည်။ သို့သော် ဗီယက်နမ်တို့နှင့် တူညီခြင်းမရှိဘဲ ကွဲပြား ခြားနားမှုများ ရှိသည်။ တရုတ်တို့သည် ရုရှားတို့ထံမှ Kilo submarines ၁၂ စီးကို ဝယ်ယူခဲ့ ပြီးဖြစ်သည်။ ယင်းတို့အနက် ၂ စီးမှာ မူလပထမ original Kilo Project 877EKM များ ဖြစ်ပြီး၊ ကျန် ၁၀ စီးမှာ ပြန်လည်အဆင့်မြှင့်တင်ထားသည့် Project 636 (including 2 x 636.1s and 8 x 636Ms) များ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် နောက်ဆုံး Kilo ရေငုပ် သင်္ဘောကို လက်ခံရယူခဲ့သည်။ ဗီယက်နမ် တို့အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပထမဆုံးသော Kilo Project 636MV ကို လက်ခံရယူခဲ့သည်။ အမျိုးအစား ၂ မျိုးအတွက် အချိန်ကာလ ကွာခြားချက်မှာ စုစုပေါင်း ၉ နှစ်ခန့်ဖြစ်သည်။

အနောက်နိုင်ငံမှ ခေတ်သစ်ရေငုပ်သင်္ဘောများနှင့် Kilos တို့၏ နှိုင်းယှဉ်ချက်
အနောက်အင်အားကြီး ရေတပ်အချို့မှ ရေငုပ်သင်္ဘောများတွင် ခုတ်မောင်းမှုစနစ် (propulsion systems) သည် ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ၎င်းတို့တွင် အရှိန်လျှော့ချသည့်ဂီယာ (reduction gear)ကို အသုံးပြုထားခြင်း သိပ်မရှိပေ။ ထို့ကြောင့် အသံလုံခြုံမှုအပိုင်းတွင် ကန့်သတ်ချက်များရှိသော်လည်း Motor Speed အတွက် အီလက် ထရောနစ်ထိန်းချုပ်မှု (electronic control)အား စွမ်းအားပြည့် ရရှိနိုင်မည်ဖြစ်သည်။ ရုရှားတို့၏ Kilo Project 636 များသည် အဆိုပါစနစ်ပိုင်းတွင် အနည်းငယ်အားနည်း ချက်ရှိသည်။ ထို့ပြင် ဆိုနာ နည်းပညာပိုင်းနှင့်ပတ်သက်၍လည်း Western sonar technology သည် ရုရှားတို့ထက် ခေတ်ရှေ့ပိုပြေးသည်။ ပန်ကာဒလက် (propeller technology)သည်လည်း ရုရှားတို့ထက် သာလွန်ကြောင်း တွေ့ရှိရသည်။ ဂျာမန်ရေတပ် Type 212 submarine များ၏ Propellers များသည် ရုရှား 7 blade Kilo propeller များထက် ပိုမိုကောင်းမွန်သည်ဟု သုံးသပ်ကြသည်။

Improved Kilo Class တို့၏ သာလွန်ကောင်းမွန်မှုများ
လက်နက်ပိုင်းဆိုင်ရာတွင် အဖျက်စွမ်းအားကြီးမားပြီး စွမ်းအားမြင့်တိုက်ခိုက်နိုင် သည့် လက်နက်များကို တပ်ဆင်ထားသည်။ Western SSKs များရှိ ဒုံးပျံများကို Kalibr missile များက ယှဉ်ပြိုင်စစ်ဆင်နိုင်စွမ်းရှိသည်။ ထို့နည်းတူစွာပင် တန်ပြန်စစ်ဆင်မှု ပြုလုပ်ခြင်း (Countermeasures)မှ ရှောင်ရှားနိုင်သည့် TEST-71M-NK wake homing torpedo များဖြင့်လည်း စစ်ဆင်သွားမည်ဖြစ်သည်။

ဗီယက်နမ်ရေတပ် Kilo Submarines ပုံစံတူလေ့ကျင့်ရေး
ဗီယက်နမ်ရေတပ်အနေဖြင့် ၎င်းတို့အသုံးပြုလျက်ရှိသည့် ရုရှားတို့ထံမှ ကီလို အတန်းအစား ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ ပုံစံတူလေ့ကျင့်ခန်းအဆောက်အဦ (training / simulation center)ကို Cam Ranh naval base တွင် တည်ထောင် ထားရှိသည်။ Kilo submarine အသုံးပြုမှုအတွက် ရင်းနှီးမြုပ်နှံမှုတော်တော်များများ ပြုလုပ်ထားသည်ကို တွေ့မြင်နိုင်သည်။ ထို့ပြင် ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင်များကိုလည်း ရုရှားနှင့် အိန္ဒိယတို့သို့စေလွှတ်ကာ သက်ဆိုင်သည့် သင်ခန်းစာလေ့ကျင့်ခန်းများကို လေ့လာဆည်းပူး သင်ယူစေလျက်ရှိသည်။

ဗီယက်နမ်ရေတပ် ရေငုပ်သင်္ဘောရှာဖွေရေးနှင့် ကယ်ဆယ်ရေးရေယာဉ်
ဗီယက်နမ်တို့အနေဖြင့် ရေငုပ်သင်္ဘောများ ပင်လယ်ပြင်တာဝန်များထမ်းဆောင်ရင်း မမျှော်လင့်သည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဘေးဒုက္ခကြုံတွေ့လာရပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Submarine Search and Rescue Ship ကို တည်ဆောက်နေပြီဖြစ်သည်။ အလျား ၉၄ မီတာ၊ အကျယ် ၁၆ မီတာ၊ ရေစူး ၅.၈၅ မီတာ၊ တန်ချိန် ၄၀၀၀ တန်ရှိသည့် MSSARS 9316 ဖြစ်သည်။ ဗီယက်နမ်ရေတပ်တွင် တပ်တော်ဝင် အသုံးပြုသွားပြီး ဗီယက်နမ်ရေငုပ်သင်္ဘောများအတွက် ရည်ရွယ်သော်လည်း အပြည်ပြည်ဆိုင်ရာရေပြင်များအတွင်း မည်သည့်နိုင်ငံမှရေငုပ်သင်္ဘောမဆို ဘေးအန္တရာယ် ကြုံတွေ့လာပါက သွားရောက်ကူညီမည်လည်းဖြစ်သည်။‌

ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း
ဗီယက်နမ် ကီလို အတန်းအစား ရေငုပ်သင်္ဘောများအတွက် ပြုပြင်ခြင်း၊ ထိန်းသိမ်း မွမ်းမံခြင်း လုပ်ငန်းများ (maintenance, repair and overhaul - MRO)ကို Cam Ranh Bay ရှိ ရေတပ်ပိုင် X52 Shipyard တွင် တည်ဆောက်ထားရှိပြီးဖြစ်သည်။ ဗီယက်နမ်ရေတပ် Project 636MV Kilo class diesel-electric attack submarines ၆ စီးအတွက် ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်သည်။ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သင်ကြားမှုများကို သက်ဆိုင်ရာနိုင်ငံများသို့ စေလွှတ်သင်ကြားစေလျက်ရှိသည်။

နိဂုံးချုပ်
ရုရှားတို့တည်ဆောက်ထုတ်လုပ်သည့် နောက်ဆုံးပေါ် Kilo 636.3 များသည် ယခင် ကာလ ကီလိုများထက် အဆင့်မြှင့်တင်ထားပြီး စစ်ဆင်တိုက်ခိုက်မှုအပိုင်းတွင်လည်း ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်နိုင်စေရန် ဖွဲ့စည်းတည်ဆောက်ထားသည်။ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားခြင်း မရှိသေးသော်လည်း ရေအောက် အသံတိတ် တိုက်ခိုက်သူများ (silent, deadly underwater killers)အဖြစ် နံမည် ကျော်ကြားလျက်ပင် ရှိနေသေး သည်။ လက်ရှိအခြေအနေတွင် ရုရှားတို့သည် upgraded 636.5 version ကို တည်ဆောက် အသုံးပြုသွားမည်ဟု ကြေငြာထားသော်လည်း အသေးစိတ်အချက်အလက်များအား ထုတ်ပြန်ခြင်း မရှိသေးပေ။ ကီလိုများ၏ အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်မှုများပြုလုပ်ကာ Lada class နှင့် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောများတွင် ဖြည့်ဆည်းပြင်ဆင်သွားမည်ဖြစ်သည်။ ထို့နည်းတူ စွာပင် ကီလိုများကိုလည်း ယခုကာလများထက် ပိုမိုကောင်းမွန်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Image may contain: mountain, ocean, outdoor, nature and water
Image may contain: text
Image may contain: shoes and outdoor
Image may contain: ocean, sky, mountain, outdoor and water
Image may contain: motorcycle
Image may contain: 2 people
No photo description available.
Image may contain: outdoor
Image may contain: outdoor
source- ပင်လယ်ရေကြောင်း

<zawgyi>
ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ဗီယက်နမ်ရေတပ်၏ ကီလို အတန်းအစား ရေငုပ်သင်္ဘောများ
Monday, December 30, 2019

0 comments:

Post a Comment