Sunday, December 29, 2019

ဂူတာပြင်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးခြင်းများဆောင်ရွက်


ဂူတာပြင်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးစီရင်ရန် အတွက် တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းထားသည့် စစ်တရားရုံးသည် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ ရုံးထိုင်စစ်ဆေးခဲ့ပြီး သက်သေများအား စစ်မေးမှုကို စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထိုသို့ စစ်တရားရုံး ရုံးထိုင်စစ်ဆေးခြင်းအား ယနေ့အထိ စုစုပေါင်း ၅ ကြိမ် ရုံးထိုင်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူများအပေါ် တရားလိုဘက်အရာရှိက တင်သွင်းသည့် တရားလိုဘက် တပ်မတော်သား သက်သေများနှင့် အရပ်သား သက်သေများကို စစ်ဆေးဆောင် ရွက်ခဲ့ပြီးဖြစ်ပါသည်။
ကျန်ရှိနေသည့် တရားလို ဘက်သက်သေများနှင့် တရားခံဘက် အရာရှိကတင်သွင်းမည့် တရားခံဘက် သက်သေများကို စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ စစ်တရားရုံး ၅ ကြိမ် ရုံးထိုင် စစ်ဆေးမှုများကို ဒေသခံအမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၂၆၄ ဦး တက်ရောက် လေ့လာခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
<zawgyi>
ဂူတာပြင်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးခြင်းများဆောင်ရွက်
Monday , December 30 , 2019

ဂူတာပြင်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးစီရင်ရန် အတွက် တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းထားသည့် စစ်တရားရုံးသည် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ ရုံးထိုင်စစ်ဆေးခဲ့ပြီး သက်သေများအား စစ်မေးမှုကို စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ထိုသို့ စစ်တရားရုံး ရုံးထိုင်စစ်ဆေးခြင်းအား ယနေ့အထိ စုစုပေါင်း ၅ ကြိမ် ရုံးထိုင်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူများအပေါ် တရားလိုဘက်အရာရှိက တင်သွင်းသည့် တရားလိုဘက် တပ်မတော်သား သက်သေများနှင့် အရပ်သား သက်သေများကို စစ်ဆေးဆောင် ရွက်ခဲ့ပြီးဖြစ်ပါသည်။
ကျန်ရှိနေသည့် တရားလို ဘက်သက်သေများနှင့် တရားခံဘက် အရာရှိကတင်သွင်းမည့် တရားခံဘက် သက်သေများကို စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ စစ်တရားရုံး ၅ ကြိမ် ရုံးထိုင် စစ်ဆေးမှုများကို ဒေသခံအမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၂၆၄ ဦး တက်ရောက် လေ့လာခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

0 comments:

Post a Comment